Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

ဘာသာရေးထုံးတမ်းကို သွေဖည်ပြီး ကလေးငယ်ကို ကယ်တင်သည့် ပန်ချာပီ

ဓာတ်ပုံ - independent.co.uk
မတော်တဆမှုကြောင့် သွေးထွက်သံယို ဖြစ်နေတဲ့ ၆ နှစ်အရွယ် ကလေးငယ်ကို ဘာသာရေး ထုံးတမ်းတွေကို သွေဖည်ပြီး ပန်ချာပီတဦးက ကယ်တင်လိုက်ပါတယ်။

မေ ၁၅ ရက် နယူးဇီလန်နိုင်ငံ အောက်ကလန် တောင်ပိုင်းက တာကာနီနီက အသက် ၂၂ နှစ် ဟာမန်ဆင်းရဲ့ နေအိမ်ရှေ့မှာ ကလေးတဦး ကားနဲ့ တိုက်ပြီး မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီအချိန်မှာ ဟာမန်ဆင်းဟာ ခေါင်းမှာ ပေါင်းထားတဲ့ ခေါင်းပေါင်းစကို ချွတ်ပြီး သွေးထွက်နေတဲ့ ကလေးငယ်ရဲ့ ဒဏ်ရာကို ချည်နှောင်ပေးခဲ့တယ်လို့ အင်ဒီပန်းဒန့် သတင်းက ရေးပါတယ်။

ဆစ်ခ်ဘာသာဝင်ကို ကိုးကွယ်ယုံကြည်တဲ့ ပန်ချာပီတွေ အတွက် စိတ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာ ကြင်နာမှုကို ကိုယ်စားပြုတဲ့ ခေါင်းပေါင်းစကို လူတွေအကြားမှာ မဖြစ်မနေ ၀တ်ထားရမှာ ဖြစ်ပါတယ်။ ဒါကို ဖယ်ရှားလို့မရသလို ဘာသာရေး ထုံးတမ်းအစဉ်အလာအတိုင်း ထားရှိတဲ့ ဆံပင်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။

ဟာမန်ဆင်းရဲ့ လုပ်ရပ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ အင်တာနက်အွန်လိုင်းမှာ ပြန်နှံ့ခဲ့ပြီးတဲ့နောက် ကမ္ဘာတ၀န်းက သတင်းမီဒီယာတွေမှာ ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ပါတယ်။

နယူးဇီလန် သတင်းဌာန တခုက ဟာမန်ဆင်းရဲ့ အိမ်ကို သွားရောက် အင်တာဗျူး လုပ်ခဲ့ရာမှာ အိမ်မှာ ပန်းခြံမှာထားတဲ့ ပလစတစ်ခုံတွေရှိပြီး ဆင်းဟာ ကြမ်းပြင်ပေါ်မှာ ဖျာနဲ့ အိပ်ရတာကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် သူဟာ ဒေသခံ ပရိဘောဂဆိုင်မှာ အလုပ်လုပ်နေသူတဦးဖြစ်သလို သူရဲ့ လုပ်ရပ်ကြောင့် ဆိုင်ပိုင်ရှင်က ပရိဘောဂတွေကို ကားတစီးစာ လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment