Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 26, 2015

အိမ်ဖြူတော်မှာ စိတ်ကောက်ခဲ့တဲ့ ကလေးငယ်

ကလေးငယ်လေးတွေက ဖြူစင်ကြတယ်။ ဟန်ဆောင်မှုကင်းစင်ပြီး ရိုးသားပွင့်လင်းတဲ့ သူတို့လေးတွေရဲ့ စိတ်ကလေးတွေ ချစ်စရာကောင်းတယ်။ လူ့လောကကြီးရဲ့ ပရိယာ ယ် ကာလာအရောင်တွေအဆိုးမခံရခင်မှာ အဖြူထည်သက်သက်နဲ့ အပြစ်ကင်းစင်ကြပါ တယ်။ ကိုယ်လိုချင်တာကိုပဲ မရရအောင် ရယူဖို့အတွက် ပရိယာယ်ကင်းစင်စွာပဲ ငိုယို ဂျီကျတောင်းဆိုတတ်ကြပါတယ်။

ပုံမှာ ကလေးငယ်လေးရဲ့ပုံက ရိုးရှင်းပြီး ခက်ခက်ခဲခဲတွေးခေါ်စရာမလိုပါဘူး။ အမေရိ ကန်သမ္မတ အိုဘားမားရဲ့ အိမ်ဖြူတော်ရဲ့ အနီရောင်ကော်ဇော်ပေါ်မှာ ကလေးမလေး က လိုချင်တဲ့အရာအတွက် ဝမ်းလျားမှောက်အော်ဟစ်ငိုယိုနေပြီး စိတ်ကောက်နေတဲ့ ပုံကို အိုဘားမားက ကလေးမိဘတွေနဲ့ ဧည့်သည်တွေကို ညွှန်းပြပြီးသဘောနှစ်ခြိုက် နေ ဟန်ကို အိမ်ဖြူတော်တွင်း ဓာတ်ပုံသတင်းထောက်က ရိုက်ယူထားခဲ့တာပဲဖြစ်ပါ တယ်။

ယင်းက ပြီးခဲ့တဲ့ဧပြီလအတွင်းက အတွင်းဝန်မိသားစုဝင်များနဲ့ ဖိတ်ခေါ်ညစာစားပွဲတစ် ခုအတွင်းမှာ ကလေးငယ်လေးတွေလည်း ပါဝင်လာကြကာ ကလေးချစ်တတ်တဲ့ အို ဘားမားဇနီးမောင်နှံတို့က ကလေးငယ်လေးတွေရဲ့ ကလေးသဘာဝဆော့ကစားပြုမူ တာတွေကို သဘောကျခဲ့ကြပြီး ပျော်ရွှင်စရာ ညစာစားပွဲလေးတစ်ခုလည်းဖြစ်ခဲ့ပါ တယ်။

Credit: Phothutaw

No comments:

Post a Comment