Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 27, 2015

ဖုန်းနဲ့ အင်တာနက် သုံးမယ်ဆို ဘာကိုရွေးမလဲ?


လူတန်းစေ့ မိုဘိုင်းလ်ဖုန်းသုံးနိုင်လာတဲ့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲမှု နှုန်းတွေလည်း မြင့်တက်လာတဲ့ အလျောက် ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္မဏီကြီး ၃ ခုဖြစ်တဲ့ MPT ၊ Ooredoo ၊ Telenor တို့ရဲ့ ၀န်ဆောင်မှု ပရိုးမိုးရှင်းတွေကို ကျွန်ုပ်တို့ ပြည်သူလူထုတွေ ရွေးချယ်ခွင့်ရခဲ့ပါပြီ။ နှစ်ပေါင်းများစွာ MPT ဆက်သွယ်ရေးလုပ်ငန်းရဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုခဲ့ကြတဲ့ မြန်မာနိုင်ငံ က ပြည်သူလူထု ဟာ အင်တာနက်ခေတ်ကိုရောက်ရှိလာတဲ့ အခုချိန်မှာ ဈေးသက်သာပြီး အင်တာနက် မြန်နှုန်းမြင့်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ကိုသာ ရွေးချယ်ဖို့ စဉ်းစားကြပါတော့တယ်။

ဒီနေ့ပဲ ထွက်ပေါ်လာတဲ့ သတင်းကောင်းကတော့ ထို ဆက်သွယ်ရေး ကုမ္မဏီ ကြီး ၃ ခု ရဲ့ ၀န်ဆောင်မှု နှုန်းထားတွေကို ထက်ဝက်ခန့်စီ လျှော့ချလိုက်ကြပါတယ်။ မြန်နှုန်းလည်း မြင့်သလို ဈေးလည်းကြီးတယ်လို့ ဝေဖန်ခံနေရတဲ့ MPT ရဲ့ SWE အင်တာနက်ဝန်ဆောင်မှု Package က 1MB ကို ၁၅ ကျပ် ကျသင့်ခဲ့ရာမှ အခုအခါ 1MB ကို ၇.၅ ကျပ်နဲ့ သုံးခွင့်ပေးလိုက်ပါပြီ။

Telenor ကတော့ My Internet နဲ့ Smart Internet စတဲ့ အင်တာနက် Package ၂ မျိုးရှိရာမှာ အရင်တုန်းက 1MB ကို ၆ ကျပ် ကျသင့်ခဲ့တဲ့ 500 Kbps မြန်နှုန်းရှိတဲ့ My Internet ဟာ အခုအခါမှာ 1MB ကို ၅ ကျပ်သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ မြန်နှုန်းမြင့် အင်တာနက် Package ဖြစ်ပြီး 2 Mbps မြန်နှုန်းရှိတဲ့ Smart Internet ဟာ 1MB ကို ၁၀ ကျပ် နှုန်းကျသင့်ခဲ့ရာကနေ အခုအခါ 1MB ကို ၆ ကျပ်သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။

Ooredoo ရဲ့ 2 Mbps မြန်နှုန်းရှိတဲ့ အင်တာနက် ၀န်ဆောင်မှုဟာလည်း 1MB ကို ၁၀ ကျပ်နှုန်း ကျသင့်ခဲ့ရာကနေ အခုအခါ 1MB ကို ၆ ကျပ်နှုန်း သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ အဲဒီလို ပရိုးမိုးရှင်းတွေကြားမှာ ကျွန်ုပ်တို့ ပြည်သူလူထု အတွက် ရွေးချယ်ဖို့ ခက်လာခဲ့ပါပြီ။ ဒါဆိုရင်တော့ အဲဒီ ပရိုမိုးရှင်းတွေကို ကျွန်ုပ်တို့ ဝေဖန် သုံးသပ် ခွဲခြားစိတ်ဖြာကြည့်ဖို့ လိုလာပါပြီ။

Telenor ရဲ့ မြန်နှုန်းမြင့် Smart အင်တာနက် ၀န်ဆောင်မှုဟာ 1GB ကို 250MB လက်ဆောင်ရရှိမှာဖြစ်ပြီး တစ်လကို ၆၆၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်တွက်ကြည့်လိုက်တဲ့အခါမှာ 1MB ကို ၅.၂၈ ကျပ်သာ ကျသင့်တော့မှာပါ။ 2GB ဆိုရင် 400MB အထိ လက်ဆောင်ပေးထားပြီး တစ်လ ကို ၁၁၉၀၀ ကျပ်သာ ကျသင့်တော့မှာ ဖြစ်တဲ့အတွက် 1MB ကို ၄.၉၆ ကျပ်သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။500 Kbps သာ မြန်နှုန်းရှိတဲ့ My Internet ကတော့ 500MB ကို တစ်လ ၁၉၀၀ ကျပ်နဲ့ သုံးရမှာ ဖြစ်တဲ့အတွက် 1MB ကို ၃.၈ ကျပ်သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။


Ooredoo ရဲ့ ပရိုးမိုးရှင်းကတော့ ပိုပြီးထိရောက်နေပါတယ်။ 500MB အတွက် 500MB လက်ဆောင်ထပ်ပေးမှာ ဖြစ်သလို 1GB အတွက် 1GB ၊ 10GB အတွက် 10GB လက်ဆောင်ရဦးမှာပါ။ ဒါဆိုတွက်ကြည့်လိုက်ရအောင်။ Ooredoo ရဲ့ အင်တာနက် ၀န်ဆောင်မှု 500MB သုံးမယ်ဆိုရင် 500MB လက်ဆောင်ရမှာဖြစ်ပြီး တစ်လ ကို ၃၉၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်တဲ့အတွက် 1MB ကို ၃.၉ ကျပ်သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ 1000MB ဆိုရင်လည်း 1000MB လက်ဆောင်ရဦးမှာဖြစ်ပြီး တစ်လကို ၆၉၀၀ သာ ကျသင့်တဲ့အတွက် 1MB ကို ၃.၄၅ ကျပ်ပဲ ကျတော့မှာပါ။ ပမာဏ များများသုံးလေလေ ၊ နှုန်းထားသက်သာ လေလေ ဖြစ်သွားမှာပါ။ အကယ်၍ 10GB သုံးမယ်ဆိုရင် 10GB လက်ဆောင်ရဦးမှာ ဖြစ်ပြီး တစ်လကို ၅၅၉၀၀ ကျပ်ဖြစ်တဲ့အတွက် 1MB ကို ၂.၈ ကျပ်သာကျတော့မှာပါ။ ဒါကတော့ မြန်နှုန်းမြင့်အင်တာနက်ကို ပမာဏ များများ သုံးမယ့်သူတွေအတွက် သတင်းကောင်းပါ။

2 Mbps မြန်နှုန်းရှိတဲ့ မြန်နှုန်းမြင့် အင်တာနက် ကို ပမာဏ နည်းနည်းပဲ သုံးဖို့ ယှဉ်ကြည့်မယ် ဆိုရင်လည်း Telenor က 1MB ကို ၆ ကျပ် 1GB ကို တစ်လ ၆၆၀၀ ကျပ်ပဲရှိပါတယ်။ ဒါပေမယ့် Telenor ရဲ့ လက်ဆောင်ရရှိမယ့် ပမာဏ ကတော့ 1GB ကို 250MB သာရမှာ ဖြစ်တဲ့အတွက် ပျမ်းမျှ အားဖြင့် ပြန်တွက်မယ်ဆိုရင် 1MB ကို ၅.၂၈ ကျပ် ကျပါတယ်။ Ooredoo ကတော့ 1GB ကိုတစ်လ ၆၉၀၀ ကျပ်ကျပေမယ့်လည်း 1GB အတွက် 1GB လက်ဆောင်ရဦးမှာ ဖြစ်တဲ့အတွက် 1MB ကို ၃.၄၅ ကျပ်ပဲ ကျတော့မှာပါ။

ဒါကြောင့် ပရိုးမိုးရှင်းအနေအထားတွေကို တွက်ချက်လိုက်တဲ့အခါမှာ 1GB စီ သုံးကြည့်မယ်ဆိုရင် 1MB ကို MPT ကတော့ ၇.၅ ကျပ် ၊ Telenor(Smart Internet) က ၅.၂၈ ကျပ်နဲ့ Ooredoo ကတော့ ၃.၄၅ ကျပ်စီ အသီးသီး ကျသင့်နေမှာ ဖြစ်တဲ့အတွက် အခုမှ စပြီး 2Mbps ရှိတဲ့ မြန်နှုန်းမြင့် အင်တာနက် သုံးမယ့်သူတွေ ၊ အခုမှစပြီး SIM Card ၀ယ်ကာ အင်တာနက်သုံးမယ့် သူတွေ နဲ့ ဘယ် ကုမ္မဏီ ရဲ့ အင်တာနက် ၀န်ဆောင်မှု ကို အသုံးပြုရင်ကောင်းမလဲ ဆိုပြီး စဉ်းစားရခက်နေသူတွေအတွက်တော့ Ooredoo ရဲ့ မြန်နှုန်းမြင့် အင်တာနက် ပရိုမိုးရှင်းကတော့ အသက်သာဆုံး ဖြစ်နေတာကို တွေ့ရမှာပါ။

ဒါကြောင့် မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက် သုံးစွဲမယ့်သူတွေအနေနဲ့ ဒီဆောင်းပါးကိုဖတ်ပြီး အသင့်တော်ဆုံး ကို ရွေးချယ်နိုင်မယ်လို့ ထင်ပါတယ်။

( ဤဆောင်းပါးသည် တစ်ဦးတစ်ယောက်ကို ထိခိုက်စေရန် မရည်ရွယ်ပဲ စာရေးသူ ၏ အာဘော်သက်သက်သာဖြစ်ပါသည် )
lwinpyin.com

No comments:

Post a Comment