CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Miss Progress International 2015 ပြိုင်ပွဲ အတွက် အွန်လိုင်း မဲပေး ရာတွင် မြန်မာနိုင်ငံက ဒုတိယနေရာတွင်ရှိ
ရန်ကုန်၊ ဧပြီ ၂၈။ ။ အီတလီ နိုင်ငံ Puglia မြို့တွင် ကျင်းပ်မည့် Miss
Progress International 2015 ပြိုင်ပွဲ အတွက် အွန်လိုင်း မဲပေးရာတွင်
ဖိလစ်ပိုင်နိုင်ငံ မှပထမနေရာတွင် ရပ်တည်နေ ပြီးမြန်မာနိုင်ငံက
ဒုတိယနေရာတွင် ရပ်တည်နေသည်။
10384770 1573585482893490 5423507708937860660 n
Miss Progress International 2015 ပြိုင်ပွဲ အတွက်မြန်မာနိုင်ငံ
ကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရန် Style Plus H
သင်တန်းကျောင်း မှအလှမယ် သဉ္ဇာကျော် ကိုရွေးချယ် ပြီးစေလွှတ် မည်ဖြစ်သည်။
ပြိုင်ပွဲအတွက် အွန်လိုင်း မဲပေးရာ၌ ဖိလစ်ပိုင် နိုင်ငံမှ အလှမယ် Grace
ကနေ့လည် ၁၂နာရီခွဲ အချိန်တွင် မဲအရေ အတွက် ၅၅၆ဖြင့် ပထမနေရာတွင် ရပ် တည်နေ
ပြီးမြန်မာ အလှမယ် သဉ္ဇာကျော်က မဲအရေအတွက် ၅၄၀ ဖြင့် ဒုတိယနေရာတွင်
ရပ်တည်နေခြင်း ဖြစ်သည်။ ဘရာဇီးနိုင်ငံမှ အလှမယ် DAlANE က မဲအရေအတွက် ၄၁၆
မဲဖြင့် တတိယနေရာတွင် ရှိနေသည်။
အလှမယ် သဉ္ဇာကျော်သည် လက်ရှိတွင်
Style Plus H သင်တန်းကျောင်းမှ မလှနုထွန်း နှင့်အတူ ဘန်ကောက်တွင် မေ ၁ရက်
မှ ၇ရက် အထိ Miss Progress International 2015 ပြိုင် ပွဲနှင့် ပတ်သက်
သည့်လေ့ကျင့်မှုများ ကိုပြုလုပ်သွား မည်ဖြစ်သည်။ ၎င်းက ဘန်ကောက်မှ တဆင့် Miss
Progress International 2015 ပြိုင်ပွဲ အတွက် အီတလီနိုင်ငံသို့ သွားရောက်
မည်ဖြစ်သည်။
Miss Progress International 2015 ပြိုင်ပွဲကို မေလ
၇ရက် မှ ၁၇ရက် အထိ အီတလီ နိုင်ငံ Puglia မြို့တွင် ကျင်းပမည်ဖြစ်
ကာနိုင်ငံတကာမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ် သည်။
Miss
Progress International 2015 ပြိုင်ပွဲသည် လူ့အခွင့်အရေး၊ ကျန်းမာရေး၊
Social နှင့် ပတ်သက်သည့် ခေါင်းစဉ်များပေါ် အခြေခံ ယှဉ်ပြိုင်ရမည်ဖြစ် သည်။
mizzima
Miss Progress International 2015 ပြိုင်ပွဲ အတွက် အွန်လိုင်း မဲပေး ရာတွင် မြန်မာနိုင်ငံက ဒုတိယနေရာတွင်ရှိ
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
April 28, 2015
Rating:
5
No comments:
Post a Comment