CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 1, 2015
LA Galaxy သို့ ပြောင်းရွှေ့ရောက်ရှိပါက ပေါင်၁၆.၈သန်းတန် ကြီးကျယ်ခမ်းနားသော စံအိမ်တွင် ဂျရတ်နေထိုင်ရမည်
လီဗာပူး အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ၁၇နှစ်ကြာ ကစားခဲ့သော လီဗာပူး အသင်းကို ယခုရာသီကုန်မှာ စွန့်ခွာပြီး အမေရိကန် မေဂျာလိဂ်ကလပ် LA Galaxyကို ပြောင်းရွေ့ကစားတော့မည်ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့ကစားပါက ဂျရတ်အနေဖြင့် ဇနီးဖြစ်သူ အဲလက်စ်၊ သမီး၃ယောက်တို့နှင့်အတူ ပစိဖိတ် သမုဒ္ဒရာကို လှမ်းမြင်နေရသော ဇိမ်ခံအိမ်ကြီးတွင် နေထိုင်ရမည် ဖြစ်သည်။ ဂျရတ်တို့ မိသားစု နေထိုင်မည့် အိမ်မှာ ပေါင်၁၆.၈သန်း တန်ကြေးရှိပြီး တစ်ပတ်ငှားရမ်းလျှင်ပင် ပေါင် ၁၃၄၀၀ ကျသင့်မည် ဖြစ်ကာ LA Galaxyအသင်းက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါအိမ်မှာ အိပ်ခန်း၆ခန်း၊ ရေချိုးခန်း ၉ခန်းနှင့် အခြားအသုံးအဆောင် ပစ္စည်းများလည်း ပါဝင်ကာ ပစိဖိတ် သမုဒ္ဒရာကို လှမ်း၍ မြင်နိုင်သော နေရာတွင် တည်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် သီးခြား လေ့ကျင့်ခန်း လုပ်ရန် အခန်းများ၊ အနှိပ်ခန်းနှင့် ရေနွေးဖြင့် ရေချိုးနိုင်သော နေရာမျာများလည်း ပါဝင်သည်။ ယင်းစံအိမ်မှာ Los Angeles လေဆိပ်အနားတွင် တည်ရှိပြီး ဆန်တာမော်နီကာ ကမ်းခြေမြို့နှင့်လည်း နီးစပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဘာဘီကျူး စားသောက်ခန်း၊ ကားသုံးစီး ထားရှိနိုင်မည့် ကားဂိုဒေါင်နှင့် သံပုရာနှင့် ထောပတ်သီးပင်များ စိုက်ပျိုးထားသော ကိုယ်ပိုင် သစ်သီးခြံ တစ်ခြံလည်း ပါဝင်သည်။
Ref_dailymail
Photo_dailymail
Writer_aung sann moe
http://www.planet.com.mm/detail/27546/Sports
LA Galaxy သို့ ပြောင်းရွှေ့ရောက်ရှိပါက ပေါင်၁၆.၈သန်းတန် ကြီးကျယ်ခမ်းနားသော စံအိမ်တွင် ဂျရတ်နေထိုင်ရမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 01, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment