CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 1, 2015
အောင်မြင်တဲ့အမျိုးသမီးများရဲ့နောက်ကွယ်မှာ ဆူပူကြိမ်းမောင်းတက်တဲ့မိခင်တွေ ရှိနေ
မိဘတွေက သားသမီးတွေကို ပုံမှန်ထက်ပိုပြီး ဆူပူမာန်မဲတာဟာ ကောင်းတဲ့အလေ့အထ မဟုတ်ဘူးလို့ အနောက်တိုင်းမှာ အများစုက လက်ခံထားကြပါတယ်။ ဒါပေမယ့်လည်း ဘဝမှာ အောင်မြင်တဲ့ အမျိုးသမီးတွေရဲ့ နောက်ကွယ်မှာ ဆူပူမာန်မဲတက်တဲ့ မိဘတွေ ရှိနေတယ်ဆိုတာ လေ့လာချက်တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။
သားသမီးကိုစည်းကမ်းတင်းကျပ်ပြီး ဆူပူအော်ငေါက်လေ့ရှိတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အရွယ်ရောက်ရင် သာမန်ကလေးငယ်တွေထက် ထူးချွန်ကာလုပ်ငန်းခွင်မှာ အောင်မြင်လေ့ရှိတာကိုတွေ့လိုက်ရတာဖြစ်ပါတယ်။ အထူးသဖြင့် သမီးမိန်းကလေးတွေကို စည်းကမ်းတင်းကျပ်စွာ အုပ်ချုပ်ခြင်းအားဖြင့် ငယ်ရွယ်စဉ်အခါမှာ ကိုယ်ဝန်ရသွားနိုင်တဲ့ ပြဿနာလည်း လျော့ပါးသွားစေသလို အရွယ်ရောက်တဲ့အခါလည်း တော်ရုံဒုက္ခတွေကို ခံနိုင်ရည်ရှိသွားတယ်လို့ ဒီစစ်တမ်းက ဖော်ပြထားပါတယ်။
ဗြိတိန်မှာရှိတဲ့ အသက် ၁၃နှစ်၊ ၁၄ နှစ်အရွယ် ကျောင်းသူပေါင်း ၁၅၅၀၀ လောက်ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း လေ့လာစစ်တမ်းကောက်ယူထားခဲ့တာဖြစ်ပါတယ်။ ‘‘ ကလေးငယ်တွေ(အထူးသဖြင့် မိန်းကလေးများ) ရဲ့ဘဝနေထိုင်ခဲ့ရမှု ပုံစံကိုလိုက်ပြီး ပညာရေးသင်ယူနိုင်မှုကို ပေါင်းစပ်လေ့လာလိုက်တဲ့အခါ ဆန္ဒပြင်းပြမှုနဲ့ ယုံကြည်မှုတွေဟာ မိဘတွေဆီက အဓိကစီးဆင်းလာတယ်ဆိုတာ တွေ့ရပါတယ်။ အဓိကအကျဆုံး ပုဂ္ဂိုလ်တွေကတော့ မိခင်တွေပါပဲ’’ လို့ သုတေသနပညာရှင် အဲရစ်ခ်ရာမီရက်ဇ်က ပြောခဲ့ပါတယ်။
http://www.planet.com.mm/detail/27549/World
အောင်မြင်တဲ့အမျိုးသမီးများရဲ့နောက်ကွယ်မှာ ဆူပူကြိမ်းမောင်းတက်တဲ့မိခင်တွေ ရှိနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 01, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 01, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment