ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုန်တိုက်တစ်ခု မှာ လာရောက်ဈေးဝယ်သူများကို ဝန်ဆောင်မှု ပေးရန်အတွက် စက်
ရုပ်ဧည့်ကြိုဝန်ထမ်းကို မိတ်ဆက်ပြသပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုကျိုမြို့ရှိ မစ်ဆူကိုရှီနီဟို ဘာရှီကုန်တိုက်မှာ
ဧည့်ကြိုဝန်ထမ်းအဖြစ် တာ ဝန်ထမ်းဆောင်မယ့် စက်ရုပ်မလေးကိုတော့ အီ
ကိုချီဟိုင်ရာလို့ အမည်ပေးထားပါတယ်။ စက် ရုပ်မလေးအီကိုဟာ ကုန်တိုက်သို့
လာရောက် ဈေးဝယ်သူများကို အကောင်းမွန်ဆုံးဝန်ဆောင် မှုပေးနိုင်လိမ့်မယ်လို့
တာဝန်ရှိသူတွေက ပြော ဆိုခဲ့ကြပါတယ်။
သူမဟာ မေ ၅ရက်မတိုင်ခင် ယင်း
ကုန်တိုက်ရဲ့ ခုနစ်လွှာမှာ ဧည့်ကြိုဝန်ထမ်းတစ်ဦး အဖြစ် ဈေးဝယ်သူများ
စိတ်ချမ်းသာအောင် အကူအညီပေးနိုင်မယ်လို့ သိရပါတယ်။
စက် ရုပ်မလေး အီကိုချီဟိုင်ရာကို တိုရှီဘာကုမ္ပဏီ နဲ့ အိုဆာကာတက္ကသိုလ် တာဝန်ရှိသူတို့ ပူး ပေါင်းဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အီကိုဟာ လူသားတစ်ယောက်သဖွယ် စကားပြောဆိုနိုင်ပြီး မျက်တောင်ခတ်နိုင်တယ်
လို့ သိရပါတယ်။ မစ်ဆူကိုရှီနီဟိုဘာရှီကုန်တိုက် ရဲ့ တာဝန်ရှိသူတွေကတော့
စက်ရုပ်မလေးအီ ကိုဟာ ကုန်တိုက်အတွက် အကောင်းမွန်ဆုံး
ဝန်ဆောင်မှုပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ယခုမှာတော့
စက်ရုပ်မလေးအီကို ဟာ အင်္ဂလိပ်၊ တရုတ်နဲ့ ဂျပန်ဘာသာစကား ကို ပြောဆိုနိုင်ပြီး
ကိုရီးယားဘာသာစကားကို ပြောဆိုနိုင်ရန် သင်ကြားပေးနေတယ်လို့ သိရ ပါတယ
Yangon Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, April 26, 2015
ဂျပန်ကုန်တိုက်တစ်ခုက ဧည့်ကြို စက်ရုပ်မလေးကို မိတ်ဆက်ပြသ
ဂျပန်ကုန်တိုက်တစ်ခုက ဧည့်ကြို စက်ရုပ်မလေးကို မိတ်ဆက်ပြသ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment