ရန်ကုန် ဧပြီ ၁၇
ဆက်သွယ်ရေး အော်ပရေတာများ၏ ဈေးကွက်ပြိုင်ဆိုင်မှု အခြေကျလာချိန်ဝယ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာ နက်သုံးစွဲမှု မြင့်တက်လာသော်လည်း ကျယ် ပြန့်စွာသုံးစွဲနိုင်ရေး အတွက် စိန်ခေါ်မှုများ ကျန်ရှိနေသေးကြောင်း နည်းပညာပညာ ရှင်များက ခန့်မှန်းထားသည်။
''၂ဝ၁၃ခုနှစ်မှာ အင်တာနက်အသုံးပြု သူ ၁ ဒသမ ၂ သန်းသာရှိခဲ့ပေမယ့် အခု ၂ဝ၁၅ ခုနှစ်အရောက်မှာ ၁၅ ရာခိုင်နှုန်း အထိ အင်တာနက်သုံးစွဲသူဦးရေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ များပြား လာခဲ့တာဖြစ်ပါတယ်။ သို့သော် ရာနှုန်းပြည့် သုံးစွဲနိုင်ဖို့အရေးကတော့ အလှမ်းဝေးနေ ပါတယ်။ အဓိကက အခြေခံအဆောက် အအုံတွေဖြစ်ပြီး လိုအပ်ချက်တွေအတွက် ပညာရှင်၊ လုပ်ငန်းရှင်နဲ့ နိုင်ငံတော်တို့ အကြား သွေးစည်းစွာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားကိုယူပြီး ပူးပေါင်းလုပ် ဆောင်မယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း က ပြောကြားသည်။
ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှုန်းထားသက်သာသည့် အင်တာနက်သုံးစွဲ နိုင်ရေးအတွက် ကမ္ဘာ့အကျယ်ပြန့်ဆုံး နည်းပညာအဖွဲ့အစည်းတစ်ခုဖြစ်သည့် A4AI နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာ့လူဦးရေ ၅၁ ဒသမ ၄ သန်းအနက် အင်တာနက်သုံးစွဲသူမှာ ၁၅ ရာခိုင်နှုန်းသာရှိနေခြင်းကြောင့် ကမ္ဘာပေါ် တွင် အင်တာနက်အသုံးပြုမှုအနည်းပါးဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေသေးသည့် အပြင်Broadband အင်တာနက်သုံးစွဲမှုတွင် ဈေးနှုန်းမြင့်မားဆုံးနိုင်ငံများတွင် ပါဝင်နေဆဲ ဖြစ်ကြောင်း International Communi- cation Union က ထုတ်ပြန်ထားသည်။
''အင်တာနက်သုံးစွဲမှုကို လူတိုင်းလက် သင့်ခံရရှိအောင် ကျွန်တော်တို့ ကြိုးပမ်းနေ တာဖြစ်ပါတယ်။
အခုလည်း မြန်မာနိုင်ငံဟာ နှုန်းထားသက်သာတဲ့ အင်တာနက်လိုင်းတွေ ရရှိနိုင်ဖို့ အလေးထားဆောင်ရွက်နေတဲ့ A4AI အဖွဲ့အစည်းရဲ့ ပဉ္စမမြောက်နိုင်ငံ ဖြစ်လာပြီး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူ တာအသင်းချုပ်တို့နဲ့ စတင်ပူးပေါင်းနေပါပြီ''ဟု အသင်းချုပ်၏ အထွေအထွေအတွင်း ရေးမှူး ဦးဇော်မင်းဦးကပြောကြားသည်။
ယင်းအဖွဲ့အစည်း၏ အဓိကရည်မှန်း ချက်မှာ လူတိုင်း၏ လစဉ်ဝင်ငွေ ငါးရာခိုင် နှုန်း သို့မဟုတ် ငါးရာခိုင်နှုန်းထက် နည်းပါး သည့် နှုန်းထားဖြင့် အင်တာနက်သုံးစွဲခွင့်ရရှိ ရေးဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနမှ လုပ်ဆောင် ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် ပေါ်လစီ ရေးရာများအတွက် အကြံÓဏ်ကောင်းများ ပိုမိုရရှိလာစေကာ ရေရှည်တွင် ပိုမိုကျယ်ပြန့် စွာ အသုံးပြုလာနိုင်ရန် ရည်ရွယ်ထားကြောင်း၊ သို့သော်လည်း အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ အင်တာနက်လိုင်းများတပ် ဆင်သွယ်တန်းမှု လိုအပ်ချက်များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာ နက်သုံးစွဲနိုင်ရေးမှာမူ အလှမ်းဝေးနေသေး ကြောင်း သိရသည်။
သွန်းဝဿ န်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:
Post a Comment