Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 1, 2015

အခန်းအတွင်း လျို့ဝှက်ကင်မရာ တပ်မတပ် ဘယ်လိုရှာမလဲ

ဟိုတယ်တစ်ခုခု သွားတည်းတဲ့အခါ ပင်အပ်ပေါက်လောက်အရွယ် ကင်မရာ တပ်မတပ် ဘယ်လို သိရမလဲ။ အပျော်ခရီးပဲဖြစ်ဖြစ်၊ စီးပွားရေးကိစ္စကြောင့်ပဲဖြစ်ဖြစ် ခရီးထွက်လို့ ဟိုတယ် သို့မဟုတ် တည်းခိုခန်း တစ်ခုခုသွားတည်းတဲ့အခါ သတိလက်လွတ် ဓာတ်ပုံ အရိုက်ခံရတတ်ပါတယ်။ ဒီအချက်ကြောင့် အခန်းထဲလျို့ဝှက်ကင်မရာ ဘယ်လိုရှာရမလဲဆိုတာ နည်းပေးပါမယ်။


မိမိအခန်း စစ်ဆေးဖို့ ဒီလွယ်ကူတဲ့ နည်းစနစ်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။ အခန်းထဲ ဝင်လိုက်ပြီဆိုတာနဲ့ မီးတွေ ပိတ်ချလိုက်ပါ။ ကန့်လန့်ကာ (ခန်းဆီး)တွေ အကုန် ပိတ်၊ မိမိဖုန်းကင်မရာကို ဖွင့်ပြီး flash မီးကို on လုပ်မထားပါနဲ့။ မိမိဖုန်းနဲ့အတူ အခန်းကို တစ်ပတ်လှည့်လိုက်ပါ။ အနီစက်လေး တစ်ခုခုတွေ့ရင် အဲဒါ လျို့ဝှက်မရာ တစ်ခုခု တပ်ထားတဲ့ သဘောဖြစ်ပါတယ်။ အနီအစက်အပျောက်လေးတွေ မတွေ့ရှိပါက အခန်းက အိုကေနေပါတယ်။
http://www.trend.com.mm/2015/04/01/tech-6245

No comments:

Post a Comment