Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 27, 2015

အင်ဒိုနီးရှားတွင် တရုတ်က ဒေါ်လာ သန်းငါးထောင် ရင်းနှီးမြှုပ်နှံမည်


ဂျကာတာ၊ ဧပြီ ၂၇။ ။ တရုတ် အခြေစိုက် မင်ရှန် ရင်းနှီးမြှုပ်နှံ မှုကော်ပိုရေးရှင်း လိမိတက် (CMI)နှင့် အခြား တရုတ် ရင်းနှီးမြှုပ်နှံ သူများသည် အင်ဒိုနီးရှား တွင်အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ခြင်း အားဖြင့် အရှေ့တောင် အာရှဒေသမှ အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံ ကြရန် ၄င်းတို့၏ စိတ်အား ထက်သန်ပုံ ကိုဖော်ပြ ခဲ့ကြသည်။
CMI ၏ စီးပွားရေးကို ကမ္ဘာ့ အဆင့်တွင် ချဲ့ထွင်ရန် ကြိုးပမ်း မှုတစ်ရပ် အနေဖြင့် CMI သည် အင်ဒိုနီး ရှားတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ခြင်းဖြစ်ကြောင်း CMI မှ အမှုဆောင် အရာရှိချုပ် လီဟွိုင်ဂျန် ကပြောကြား ခဲ့သည်။
“ကျွန်တော်တို့ ကုမ္ပဏီရဲ့ စီးပွားရေးကို ကမ္ဘာ့အဆင့်အထိ ချဲ့ထွင်ဖို့ ကျွန်တော်တို့ ကုမ္ပဏီက ဆုံးဖြတ် လိုက်တဲ့ အခါမှာ အင်ဒိုနီးရှားဟာ ကျွန်တော်တို့ CMI ရဲ့ အဓိကဈေးကွက်တွေထဲက တစ်ခုဖြစ်လာ ပါတယ်။ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ တရုတ်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေ ကြပါ တယ်။ အဲဒီလိုဆောင်ရွက်ရာမှာ အင်ဒိုနီးရှား ဈေးကွက်ရဲ့ လိုအပ်ချက်တွေကို တရုတ်စက်မှုကဏ္ဍတွေ ကဖြည့်ဆည်းပေးနိုင် ပါတယ်” ဟု လီဟွိုင်ဂျန် ကပြော ကြားခဲ့သည်။
လီ၏ အဆိုအရ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် စက်မှုဖွံ့ဖြိုးရေး များဖော်ဆောင်ခြင်းဖြင့် အင်ဒိုနီး ရှား၏ စီးပွားရေးကို အားမြှင့်ပေးနိုင် ဖွယ်ရှိသည်။ ထို့ပြင် အရင်းငွေကြေး လွှဲပြောင်းရေး လုပ်ငန်းစဉ်က တရုတ် ကုမ္ပဏီများ အနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းနှင့် နိုင်ငံတကာအဆင့် ကျွမ်းကျင်မှုများ ရှိကြောင်းပြသနေ သည် ဟု လည်း ၄င်းက ဆိုခဲ့သည်။
“အင်ဒိုနီးရှား မှာကျောက်မီးသွေး၊ ဓာတုပစ္စည်း၊ အလူမီနီယံ၊ သတ္ထု၊ သံမဏိ၊ ဓာတ်အားပေး စက်ရုံတွေ၊ ဘိလပ်မြေ၊ အခြေခံ အဆောက် အအုံ၊ ပင်လယ် ဆိပ် ကမ်းတွေ၊ အင်တာနက်၊ ကုန်ထုတ်လုပ်ရေး၊ လေယာဉ်နဲ့ ရဟတ်ယာဉ် ဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေ အပါအဝင် ကဏ္ဍအမျိုးမျိုး အတွက် စက်မှုဒေသ တစ်ခု တည်ဆောက်ဖို့ တချို့အထင်ကရ ပုဂ္ဂလိက ကုမ္ပဏီတွေကို CMI က ဦးဆောင် သွားမှာပါ”ဟု လီဟွိုင်ဂျန် ကပြော ခဲ့သည်။
“CMI ဟာ တခြား တရုတ် ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို နည်းပညာပိုင်းနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အကူအညီတွေပေး သွားမှာပါ” ဟုလည်း ၄င်းက အတည်ပြုပြောကြား ခဲ့သည်။
Mizzima

No comments:

Post a Comment