Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

ကလေးကုန်ကူးဂိုဏ်း ၆ ဂိုဏ်းကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး


 တရုတ်ရဲတပ်ဖွဲ့က လူမမယ်အရွယ် ကလေးကုန်ကူး ဂိုဏ်းတွေကို ခြေရာခံနို်င်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း လူ ၁၇၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

စုံစမ်းမှုတွေကို မနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးလိုက်တဲ့ လူတွေဟာ  စီချွမ်း၊ ဟီဘိုင်း၊ ဟီနမ်၊ ရှန်ဒေါင်း၊ ရှန်ဇီး၊ ရှန်စီ တို့က ရာဇ၀တ်ဂိုဏ်း ၆ ဂိုဏ်းနဲ့ ပတ်သက်တဲ့လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လူကုန်ကူးသူတွေဟာ ဆိုခဲ့တဲ့ ပြည်နယ်တွေမှာ လူမမယ်အရွယ်တွေကို ခိုးယူတဲ့နည်း၊ ဖမ်းဆီးတဲ့နည်း၊ မွေးကင်းစကလေးတွေကို ရောင်းစားချင်တဲ့ မိခင်တွေကို စုဆောင်းပြီးတော့ စီးပွားရှာနေတာပါ။

အခု ဖမ်းဆီးလိုက်တဲ့ သူတွေကို လူကုန်ကူးမှု၊ ဒါမှမဟုတ် ကလေးတွေကို ၀ယ်ယူတဲ့ အမှုနဲ့ ပတ်သက်နေပြီး အမှုကို ဆက်လက်စုံစမ်းနေပါတယ်။

တရုတ်ပြည်မှာ ကလေးကုန်ကူးတာဟာ ရာဇ၀တ်မှု ပုံစံသစ် ဖြစ်နေပြီး ဒါတွေကို ဖော်ထုတ်သွားမယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ကလေးဝယ်တဲ့လူတွေနဲ့ ကလေးရောင်းတဲ့ မိဘတွေကို ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်မယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment