Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 6, 2015

ငလျင်အကြီးအကျယ်မလှုပ်မီ တိရစ္ဆာန်များက ကိုယ်ပိုင်အသိဖြင့် ၂၃ ရက်ကြိုတင် သိနေကြောင်း လေ့လာတွေ့ရှိရ


လီမာ ၊ ၆-၄-၂၀၁၅

တိရ စ္ဆာန်များ ပျာယီးပျာယာ ဖြစ်နေကြခြင်း၊ ဂနာမငြိမ် ဖြစ်နေကြခြင်း ကိုကြည့်၍ သိပ္ပံပညာရှင် များက စစ်ဆေးလေ့လာ ခဲ့ကြရာ ငလျင် လှုပ်တော့မည်ကို တိရ စ္ဆာန်များက ကိုယ်ပိုင် အသိဖြင့် ၂၃ ရက် ကြိုတင် သိနေကြကြောင်း လေ့လာတွေ့ရှိ ခဲ့ကြသည်။

သဘာဝ ဘေးအန္တရာယ် ကြီးများ အထူးသဖြင့် ငလျင်လှုပ်မှု ကြီးများသည် မိမိတို့နေထိုင် ကျက်စားရာ ဒေသတွင် ကျရောက် တော့မည်ကို လူသားများထက် တိရစ္ဆာန်များက ကြိုတင်၍ သိနေကြသည် ဟူသော အယူအဆကို ရှေးကာလများ ကတည်းက လက်ခံခဲ့ ကြသည်။

Anglia RaskiK တက္ကသိုလ် မှ ဒေါက်တာ ရာချက်ခ်ဂရန်က ဦးဆောင်၍ ၂ဝ၁၁ ခုနှစ် အတွင်းက ပြင်းအား ၇ ဒသမ သုည ထိဖြစ်ပွား ခဲ့သော ' Contamana ' ငလျင်ကြီး မလှုပ်မီ ၂၃ ရက်ခန့် ကတည်းက ဒေသတွင်းရှိ တိရစ္ဆာန်များသည် ဂနာမငြိမ် ဖြစ်နေကြောင်း တွေ့ရှိခဲ့ ရသည်။

ထို့ပြင် ပီရူးနိုင်ငံ Yanachaga အမျိုးအစား ဘေးမဲ့တောကြီး အတွင်း လှုပ်ရှားမှု မှန်သမျှကို လျှို့ဝှက် မှတ်တမ်းတင် ရိုက်ကူးနိုင် သော ကင်မရာများကို အသုံးပြု၍ သိပ္ပံပညာရှင် များက စူးစမ်းလေ့လာ ခဲ့ကြသည်။ သာမန် နေ့ရက်များတွင် တိရစ္ဆာန် ငါးကောင်မှ ၁၅ ကောင်အထိ ပုံမှန်သွားလာ ကျက်စားနေကြောင်း မှတ်တမ်း ဓာတ်ပုံများအရ တွေ့ရှိခဲ့ရသည်။ သို့သော် ငလျင် အကြီးအကျယ် မလှုပ်မီ ၂၃ ရက်မှစ၍ တိရစ္ဆာန် များ လှုပ်ရှား သွားလာမှု မရှိဘဲ ပကတိ ငြိမ်သက် သွားခဲ့ကြောင်း တွေ့ရှိခဲ့ ကြသည်။ ၄င်းဖြစ်ရပ်ကို သိပ္ပံပညာရှင်များ အံ့သြသွား ခဲ့သည်။ တစ်ခါတရံ တစ်ကောင် နှစ်ကောင် မျှသာ သွားလာ လှုပ်ရှား နေကြသည်။ မြေငလျင်ကြီး မလှုပ်မီ ရက်သတ္တပတ် နှစ်ပတ်ခန့် သိပ္ပံပညာရှင် များက ရေဒီယို လှိုင်းနှုန်း အများဆုံးဖြင့် အလုပ်လုပ် နိုင်သော ပစ္စည်းများကို အသုံးပြု ထောက်လှမ်းခဲ့ ကြသည်။

သို့ဖြစ်၍ အနာဂတ် ကာလတွင် တိရစ္ဆာန်များသည် မိမိတို့ ပတ်ဝန်းကျင်ကို နားလည် တတ်သိခြင်းကို နည်းပညာဖြင့်အသုံးချသွားရန် သိပ္ပံပညာရှင် များက ယုံကြည် လက်ခံထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment