ဘေကျင်း ဧပြီ ၂၆
မသန်စွမ်းသူငယ်ချင်းတစ်ဦးကို ကျောပိုး ကာ သုံးနှစ်ကြာ ကျောင်းတက်ခဲ့သူ တစ်ဦးကို တရုတ်မီဒီယာများက တစ်နှစ်တာအတော် ဆုံးကျောင်းသားအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြ ကြောင်း ဒေးလီးမေးလ်သတင်းဌာနက ယနေ့ ဖော်ပြထားသည်။
အသက်(၁၈)နှစ်အရွယ်အထိ ဇီဇူဆိုသူကျောင်းသားတစ်ဦးသည် (၁၉)နှစ် အရွယ် ဇန်ချီဆိုသူ မသန်စွမ်းကျောင်းသားတစ် ဦးနှင့် သူငယ်ချင်းဖြစ်ခဲ့ပြီး ဇန်ချီသည် ကြွက် သားဆိုင်ရာအားနည်းသည့် နာတာရှည်ရောဂါ ခံစားနေရကာ လမ်းလျှောက်ရန်ခက်ခဲနေသူ တစ်ဦးဖြစ်သည်။
ဇီဇူသည် နေ့စဉ် Xuzhou မြို့ရှိ အထက်တန်းကျောင်းသို့ သုံးနှစ်တိတိ ဇန်ချီကို ကျောပိုးသယ်ဆောင်ကာ ကျောင်း တက်ခဲ့သည်။ ထို့အပြင် ဇန်ချီ၏အဝတ်အစား များကို လျှော်ဖွပ်ပေးကာ ဇန်ချီအတွက် အစား အသောက်များကို ပြင်ဆင်ပေးကြောင်း သိရ သည်။
၎င်းတို့နှစ်ဦးစလုံးသည် စာသင်ခန်းအတွင်း အတော်ဆုံးကျောင်းသားများဖြစ်ကြပြီး နှစ်ဦး စလုံး တက္ကသိုလ်တက်ရန်မျှော်လင့်နေကြောင်း သိရသည်။
၎င်းတို့နှစ်ဦး၏ဓာတ်ပုံများကို ဒေးလီး မေးလ်သတင်းဌာနက နှလုံးသားအာဟာရ ဓာတ်ပုံများဖြင့်ဖော်ပြခဲ့သည်။ ဇီဇူ၏အပြုအမူ သည် အခြားကျောင်းသားများအပေါ် များစွာ သက်ရောက်မှုရှိကြောင်း ဒုတိယကျောင်းအုပ် ကပြောသည်။
T 1 P (Ref: Daily Mail)
The Union Daily
http://uniondaily.net

No comments:
Post a Comment