Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

ထိုင်းအစိုးရအဖွဲ့က ရေငုပ်သင်္ဘောများ ၀ယ်ယူရေးနှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ် သွားမည်



တရုတ်နိုင်ငံထုတ် Yuan အတန်းအစား ရေငုပ်သင်္ဘော

ဗန်ကောက် ၊ ၂၈-၄-၂၀၁၅

ရေငုပ်သင်္ဘောများ ဝယ်ယူရေး အစီအစဉ်အား စဉ်းစား ဆုံးဖြတ်ရေး အတွက် ထိုင်းရေတပ်ဖွဲ့ အနေဖြင့် အစိုးရအဖွဲ့ ထံသို့ အဆိုပြု တင်ပြထားကြောင်း ထိုင်းရေတပ် ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး ကရေဆွန်း ဂျန်ဆူဝါနစ် က ထုတ်ဖော် ပြောကြားသည်။

၎င်း အဆိုပြုချက်သည် လက်ရှိ အချိန်၌ အစိုးရအဖွဲ့ အတွင်းဝန်ရုံးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မကြာမီ အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

ထိုင်းရေတပ်ဖွဲ့သည် နိုင်ငံအတွက် ရေငုပ်သင်္ဘောများ ဝယ်ယူ တည်ဆောက်ရေး နှင့် ပတ်သက်၍ လေ့လာဆုံးဖြတ်ရန် ကော်မတီ တစ်ရပ် ထူထောင် ထားကြောင်း၊ ၄င်းအဖွဲ့သည် ရေငုပ်သင်္ဘောများ အတွက် တပ်ဆင်မည့် စနစ်များ၊ ပြုပြင် ထိန်းသိမ်းမှု၊ လေ့ကျင့်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာ သွားမည် ဖြစ်ကြောင်း ရေတပ် ဗိုလ်ချုပ်ကြီး ကရေဆွန်း က ပြောကြားသည်။

ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝန် က ၄င်း၏ တရုတ်နိုင်ငံ ခရီးစဉ်၌ ဘတ် ၃၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ဝ၅ ဘီလီယံ) တန်ဖိုးရှိ ရေငုပ်သင်္ဘော နှစ်စင်း ဝယ်ယူရန် တရုတ် ကာကွယ်ရေး ဝန်ကြီး နှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဧပြီလ အစောပိုင်းက တရုတ်နိုင်ငံသို့ မသွားရောက်မီ ထုတ်ပြန် ကြေညာခဲ့သည်။

ရေတပ် ဗိုလ်ချုပ်ကြီး ကရေဆွန်း က Yuan အတန်းအစား ရေငုပ်သင်္ဘောများကို ကြည့်ရှု လေ့လာရန် တရုတ်နိုင်ငံသို့ သွားရောက် ခဲ့ကြောင်းနှင့် ရေငုပ်သင်္ဘောများ ဝယ်ယူမှုသည် ၅ နှစ်မှ ၆ နှစ်အထိ ကြာမြင့်နိုင်ဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြားသည်။

ထို့ပြင် ၄င်းကော်မတီ အဖွဲ့သည် နိုင်ငံ အများအပြားမှ ရေငုပ်သင်္ဘော များကို လေ့လာ သွားမည် ဖြစ်ကြောင်း၊ သုံးလအတွင်း ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ကြောင်းနှင့် ရေငုပ်သဘောင်္ များကို လေ့လာရန် တောင်ကိုရီးယား ၊ တရုတ်၊ ရုရှား၊ ဂျာမနီနှင့် ဆွီဒင်နိုင်ငံ တို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment