CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, April 5, 2015
ရန်ကုန်တွင် ခွေးသားဟင်းလျာရောင်းချသည့် ဈေးကွက်ပေါ်ပေါက်
By ဟိန်းသာ
ရန်ကုန်မြို့လယ် ဗီ ယက်နမ်ဆောက်လုပ်ရေးစီမံ ကိန်း အနီးတစ်ဝိုက်ရှိ ထမင်းဆိုင် အချို့တွင် ခွေးသားဟင်းလျာ ရောင်းချသော ဈေးကွက်တစ်ခု ပေါ်ပေါက်နေကြောင်း စုံစမ်းသိရှိ ရသည်။
ကမ္ဘာအေးဘုရားလမ်းပေါ် ယခင်စက်မှု (၁) ၀န်ကြီးဌာနရုံးဟောင်း နေရာတွင် တည်ဆောက်နေသည့် ဟောင်အန်းဂရီလာအုပ်စု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဗီယက်နမ်နိုင်ငံသား ရာနှင့်ချီ၍ လာရောက် အလုပ်လုပ်ကိုင်နေ သည်။ အဆိုပါဗီယက်နမ်နိုင်ငံသားများထဲမှအချို့က ညပိုင်း တွင် ခွေးသားဟင်းလျာ အဓိက၀ယ်ယူစားသုံးရာမှ အစပြုကာ ထိုလုပ်ငန်းခွင်အနီးတစ်ဝိုက် ထမင်းဆိုင် စုစုပေါင်း နှစ်ဆယ်ခန့်ရှိသည့်အနက် ခုနစ်ဆိုင်ထက် မနည်းတွင် ခွေးသား ဟင်းလျာ ၀ယ်ယူ၍ရနိုင်ကြောင်း ယင်းဟင်းလျာရောင်းချသော ထမင်းဆိုင်ပိုင်ရှင် ကိုကရင်လေးက ပြောသည်။
ခွေးသားရောင်းချသော ဈေးကွက်ရှိလာခြင်းမှာလည်း ဗီယက်နမ်လုပ်သားများက ဈေး ကောင်းပေးဝယ်ယူမှုများကြောင့်ဖြစ်သည်ဟု ကိုကရင်လေးက ဆိုသည်။ ‘‘အစကတော့ ဗီယက်နမ်တွေက ခွေးသားအစိမ်းရှိရင် သူ တို့ကိုပေးဖို့ လာပြောကြတယ်။ နောက်တော့ ဆိုင်တွေမှာ ပါ ချက်ပြီး ရောင်းကုန်ကြတာပဲ’’ ဟု ၎င်းက ဆက်ပြောသည်။
ခွေးအရွယ်ကြီးတစ်ကောင် လျှင် ကျပ် သုံးသောင်းခွဲအထိ ဈေး ပေါက်ပြီး အစိတ်သားလျှင် ကျပ် ခုနစ်ထောင်ဖြင့် ရောင်းရသည်ဟု ဆိုသည်။ ထို့ကြောင့် သာမန် အသားများထက်ပင် ဈေးပို ကောင်းနေကြောင်း အသားရလျှင် ရောင်းချပေးသည့် ကော်ဖီဆိုင်တစ်ခုမှ စားပွဲထိုးက ပြောသည်။ ‘‘ကြုံဖူးသလောက်တော့ ဗီယက်နမ်တွေက အသားစိမ်းကို ပိုဝယ်ကြတယ်ဗျ။ ချက်ပြီးသား ကတော့ ထမင်းနဲ့ ရံဖန်ရံခါလောက်ပဲ စားတာတွေ့ဖူး တယ်’’ဟု အဆိုပါစားပွဲထိုးက ပြောသည်။တစ်ခါတစ်ရံ ဟင်းချက်၍ လည်းကောင်း၊ အသီးအရွက်နှင့် ပြုတ်၍လည်းကောင်း ရောင်းချ ပေးရသည်ဟု ခွေးသားဟင်းလျာ ရောင်းချသော လမ်းဘေးထမင်း ဆိုင်သုံးဆိုင်က ပြောသည်။ ခွေး သားချက်ပြုတ်သည့် အိုးခွက်များ၊ ပန်းကန်များကို ဗီယက်နမ် လုပ်သားများအတွက် သီးသန့်ထားပြီး မြန်မာဟင်းများကို သတ်သတ် ချက်ပြုတ်ကြောင်း လမ်းဘေး ထမင်းဆိုင်ပိုင်ရှင် မအမိုးက ပြောသည်။
ခွေးသား ရောင်းချရာတွင် အသားကို ကိုယ်တိုင်မွေးထား သည့် ခွေးများမှရရှိသကဲ့သို့ မင်္ဂ လာတောင်ညွန့်၊ ပုဇွန်တောင် မြို့နယ် ဆင်ခြေဖုံးရပ်ကွက်အ ချို့မှ လေလွင့်ခွေးများကို သတ်ဖြတ်ရလေ့ရှိကြောင်း ကိုကရင်လေးက ပြောသည်။ ‘‘အဆိပ်ကျွေးပြီး သတ်တာမျိုးတော့ မလုပ်ပါဘူး။ ကြိုက်လို့စားတဲ့လူတွေရှိတာကိုး။ အမြဲတမ်းတော့ မရပါဘူး။ တစ် ရက်ခြားတစ်ခါလောက်တော့ ပုံမှန်ရောင်းပေးနိုင်တယ်’’ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်တွင် ခွေးလေခွေး လွင့် ပေါများပြီး အလကားဖြစ်နေ သော ခွေးများအသားရောင်းချရာ မှ ၀င်ငွေရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်း တစ်ခုဟု ထင်မြင် ကြောင်းလည်း ၎င်းက ဆိုသည်။
ခွေးဆိုသည်မှာ စားသောက် ရသည့် တိရစ္ဆာန်မဟုတ်သည့်အ တွက် ခွေးများအား ချက်ပြုတ်စား သောက်ခြင်းကို လက်မခံနိုင် ကြောင်း ရန်ကုန်တိရစ္ဆာန်ဂေဟာ မှ ၀န်ထမ်းတစ်ဦးဖြစ်ပြီး Yangon Animals Shelter လူမှုစာမျက်နှာ မှ ADMIN က ပြောသည်။ ‘‘ကိုယ် တွေ ဒီသတင်းတွေလည်း ကြားနေရတယ်။ လုံးဝမဖြစ်သင့်တဲ့ လုပ် ရပ်ပေမယ့် ကိုယ့်လူမျိုးလည်း မ ဟုတ်ဘူး။ ကိုယ့်ဘက်ကလည်း ဘာမှလုပ်ပေးနိုင်တာ မဟုတ်ဘူး လေ။ အစ်ကိုသိတဲ့အတိုင်း ကျွန် တော်တို့နိုင်ငံမှာ လူတောင်အခွင့် အရေးအပြည့်အ၀မရတာ လမ်း ပေါ်က ခွေးတွေအတွက်တော့ ပြောစရာမရှိပါဘူး’’ဟု ၎င်းက ဆို သည်။
7 Day Daily
ရန်ကုန်တွင် ခွေးသားဟင်းလျာရောင်းချသည့် ဈေးကွက်ပေါ်ပေါက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment