Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 14, 2015

ဟီလာရီ ကလင်တန် သမ္မတရွေးကောက်ပွဲ ဝင်မည်

သမ္မတကတော်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်သူ ဟီလာရီ ကလင်တန်သည် လာမည့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့က တရားဝင် ကြေညာလိုက်ပါသည်။ ဒီမိုကရက်တစ်ပါတီမှ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ဟီလာရီ ရော့ဒ်ဟမ် ကလင်တန် ဖြစ်ပါသည်။ဒီမိုကရက်တစ်ပါတီမှ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ဟီလာရီ ရော့ဒ်ဟမ် ကလင်တန် ဖြစ်ပါသည်။ဟီလာရီ ရော့ဒ်ဟမ် ကလင်တန်သည် ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်၏။ ယခုရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီမှ လက်ရှိသမ္မတ၊ ဒုသမ္မတတို့ဖြင့် ယှဉ်ပြိုင်ရန် မရှိသောကြောင့် ပါတီ၏ အဓိက ကိုယ်စားလှယ်လောင်း ဖြစ်လာရန် အတော် သေချာနေပါသည်။ ဟီလာရီ ကလင်တန်၏ နိုင်ငံရေးအရှိန်အဝါ၊ သဘာနှင့် အတွေ့အကြုံတို့ကြောင့် ဒီမိုကရက်တစ်ပါတီမှ အခြား အလားအလာ ရှိသူများလည်း သူမနှင့် ယှဉ်ပြိုင်ရန် တော်တော် စဉ်းစားနေရပါသည်။ ဟီလာရီ ကလင်တန် သမ္မတအဖြစ် ရွေးချယ်ခံရပါက အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရာဇဝင်တွင်မည် ဖြစ်၍ ထိုအချက်မှာ အမျိုးသမီးများနှင့် လူငယ်မဲဆန္ဒရှင်များအပေါ် ဆွဲဆောင်အားကောင်းနေ၏။ မဲဆန္ဒရှင်များသည် ဘာရက်ခ် အိုဘားမားကို ပထမဆုံး လူမဲသမ္မတအဖြစ် ရွေးချယ်ခဲ့ကြပြီးနောက် ပထမဆုံး အမျိုးသမီးသမ္မတကို ရွေးချယ်နိုင်ဖွယ် အလားအလာရှိနေသည်။ အိုဘားမား ပထမအကြိမ် သက်တမ်းအဖြစ် စတင်ယှဉ်ပြိုင်ခဲ့သော ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဟီလာရီ ကလင်တန်လည်း ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုစဉ်ကလည်း အကြိတ်အနယ် အားပြိုင်ခဲ့ကြပြီး နောက်ဆုံးအဆင့်ရောက်မှသာ ဘာရက်ခ် အိုဘားမားကို ပါတီ၏ အဓိကယှဉ်ပြိုင်သူအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်၏။ ဟီလာရီ ကလင်တန် သမ္မတရွေးကောက်ပွဲ ဝင်မည့်အကြောင်း တရားဝင် ထုတ်ဖော်ကြေညာခြင်း မပြုမီ တစ်ရက်ကြိုတင်၍ လက်ရှိသမ္မတ အိုဘားမားက သူမသည် “ထူးချွန်ထက်မြက်သော သမ္မတတစ်ဦး”ဖြစ်နိုင်ကြောင်း ချီးကျူးခဲ့သည်။ “သူမဟာ ၂၀၀၈ ခုနှစ်တုန်းက ဖြုံစရာကောင်းတဲ့ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း တစ်ယောက်ပါ။ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ကျွန်တော့ကို အကြီးအကျယ် ထောက်ခံအားပေးခဲ့သူလည်း ဖြစ်ပါတယ်။ ပြောင်မြောက်လှတဲ့ နိုင်ငံခြားရေးဝန်ကြီးလည်း လုပ်ခဲ့ပါတယ်။ သူမဟာ ထူးချွန်ထက်မြက်တဲ့ သမ္မတတစ်ဦး ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟူ၍ ပနားမားနိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက ထုတ်ဖော် ပြောကြားခဲ့သည်။ ဘွားတော်သမ္မတကြီး သူမ၏ ကြေညာချက် ထွက်လာလျှင် လာချင်းပင် ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်များကလည်း သူမကို ထိုးနှက် တိုက်ခိုက်ကြတော့သည်။ အသက် ၆၇ နှစ် ရှိပြီ ဖြစ်သော ဟီလာရီ ကလင်တန်အား အမေရိကန်နိုင်ငံကို ခေတ်နောက်သို့ ပြန်ပို့မည့် ရှေးဟောင်းပစ္စည်းကြီးအဖြစ် ခေါ်ဝေါ်သုံးစွဲကြသည်။ သူမ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူနေစဉ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် သံအမတ်ကြီးနှင့် ဝန်ထမ်း သုံးဦး သေဆုံးခဲ့ရခြင်းကို ဝေဖန်ကြသည်။ သူမ၏ခင်ပွန်း ဘီလ် ကလင်တန်သည် ၁၉၉၃ မှ ၂၀၀၁ ခုနှစ်အထိ သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့သည်။ ၎င်းကို လူထုထောက်ခံအားပေးမှု မြင့်မားကာ ၂၀၀၇ ခုနှစ် ဂေါလပ်စစ်တမ်းအရ ဘီလ် ကလင်တန်သည် အမေရိကန် ပြည်ထောင်စု၏ အကြီးကျယ်ဆုံး သမ္မတစာရင်းတွင် စတုတ္ထ ရရှိသူ ဖြစ်သည်။ ဟီလာရီ ကလင်တန်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသူ ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်းကောင်း၊ အမေရိကန်နိုင်ငံတွင်လည်းကောင်း အကြိမ်ကြိမ် တွေ့ဆုံဖူးပါသည်။

 http://kabarthit.com/index.php?option=com_content&view=article&id=622:2015-04-14-01-19-15&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment