Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 29, 2015

PSY ၏ တရုတ်ဘာသာဖြင့် သီဆိုထားသော Father တေးသီချင်း QQ တေးဂီတ ဇယားတွင် ထိပ်ဆုံးမှရပ်တည်

မတ်လ ၂၉ ရက်၊ ၂၀၁၅

(ဆိုးလ်)။ ။ တောင်ကိုရီးယား အဆိုတော် PSY ၏ တရုတ်ဘာသာဖြင့် သီဆိုထားသော Father တေးသီချင်းသည် တရုတ်တေးဂီတ ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

Fatther တေးသီချင်းကို အသုံးပြု သန်း၈၀၀ ရှိသော တရုတ်နိုင်ငံ၏ အကြီးဆုံး တေးသီချင်းဆိုဒက် တစ်ခုဖြစ်သည့် QQ မှတစ်ဆင့် မတ်၂၆ ရက်က ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကာ ထုတ်လွှင့်ပြီး နှစ်ရက်အကြာတွင် QQ ၏ လူကြိုက်အများဆုံး တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

QQ လူကြိုက်အများဆုံး တေးဂီတဇယားသည် မကြာသေးမီက ထွက်ရှိသည့် တေးသီချင်းများအနက် လူကြိုက်အများဆုံး တေးသီချင်းကို အခြေခံကာ ရွေးချယ်သတ်မှတ်ခြင်းဖြစ်ကြောင်း မတ်၂၈ ရက် နံနက် ၁၁ နာရီအထိ PSY ၏ တေးသီချင်းကို ၀င်ရောက်ကြည့်ရှုသူ စုစုပေါင်း ၁၈၇၂ ၅၆၆ ရှိခဲ့သည်။

တေးသီချင်း ထုတ်လွှင့်ပြီး ပထမဆုံး ၂၄ နာရီအတွင်း ကြည့်ရှုနားဆင်သူ အရေအတွက်သည် ၉၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်းနှင့် ဒုတိယနေ့တွင် ပျမ်းမျှ ၆၁ ရာခိုင်နှုန်းရှိခဲ့သည်။ Father မူရင်းတေးသီချင်းကို PSY ၏ Remake & Mix 18 Beon အစိတ်အပိုင်း တစ်ရပ်အဖြစ် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

PSYသည် တရုတ်ဘာသာဖြင့် သီဆိုထားသော Father တေးသီချင်းကို မတ်၂၅ ရက်က ကျင်းပပြုလုပ်သော 2015 QQ Music Awards ဆုပေးပွဲတွင် ပထမဆုံးအကြိမ် သီဆိုဖျော်ဖြေခဲ့ကြောင်းနင့် PSY သည် အဆိုပါဆုပေးပွဲတွင် ကမ္ဘာတစ်ဝန်း လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်ဆု Most Globally Influential Star Award ကို ရရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment