Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 28, 2015

ဖမ်းဆီးခံ ကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးရေး လှည်းတန်းမီးပွိုင့်အနီးတွင် Performance ပြုလုပ် ဆန္ဒပြ


ကိုထက်အောင်လင်းကို ပုဒ်မ ၁၈ ဖြင့် အမှုဖြင့် အမှုဖွင့်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွား
.
ဖမ်းဆီးထားသော ကျောင်းသား၊သူများနှင့် ၀န်းရံပြည်သူများအား အမြန်ဆုံးလွှတ်ပေးရေး Performance ပြုလုပ်ဆန္ဒပြမှုကို လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် မတ်လ ၂၈ရက်၊ နံနက် ၁၀နာရီတွင် လူငယ် ၅ငါးဦးမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများ အမြန်ဆုံးလွှတ်ပေးရေး ဆန္ဒပြမှုတွင် ပြုလုပ်ခဲ့သည့် Performance များမှာ ရန်ကုန်တွင် ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား စွမ်းအားရှင်များမှ အကြမ်းဖက်ဖြိုခွင်း ရိုက်နှက်မှု ပုံသဏ္ဍာန်၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှု ပုံသဏ္ဍာန် ပြုလုပ်၍ ဖမ်းဆီးခံ ကျောင်းသားတစ်ဦးချင်းစီ၏ နာမည်များကို ခေါ်ဆို၍ လွတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့ကြပြီး ကဗျာရွတ်ဆိုမှုများကို ပြုလုပ်ခဲ့သည်။
ယင်းဆန္ဒပြပွဲကို ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ခွင့်ပြုမိန့်ရှိ မရှိ လာရောက်မေးမြန်းခဲ့ပြီး ဆန္ဒပြပွဲအပြီးတွင် ဦးဆောင်ပြုလုပ်သူ ကိုထက်အောင်လင်းကို ပုဒ်မ ၁၈ ဖြင့် အမှုဖြင့် အမှုဖွင့်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
.
Credit : EMG







No comments:

Post a Comment