နယူးယောက် မြန်မာအသိုင်းအဝန်း၏ ၂၀၁၅ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၂ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ သုံးပါးကျောင်းဟု ခေါ်တွင်သော ဝိသုဒ္ဓာရုံဓမ္မရံသီကျောင်း ဝေယျာဝစ္စအဖွဲ့မှ ကြီးမှူးစီစဉ်သည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အစီအစဉ်အမျိုးမျိုးဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရ၏။ နယူးယောက် မြန်မာသင်္ကြန်ပွဲတော်တွင် မြန်မာမိန်းမပျိုလေးများ သင်္ကြန်ယိမ်းဖြင့် ကပြ ဖျော်ဖြေနေပုံ ဖြစ်ပါသည်။နယူးယောက် မြန်မာသင်္ကြန်ပွဲတော်တွင် မြန်မာမိန်းမပျိုလေးများ သင်္ကြန်ယိမ်းဖြင့် ကပြ ဖျော်ဖြေနေပုံ ဖြစ်ပါသည်။နံနက် ၁၀ နာရီမှ နေ့လယ် ၁း၃၀ နာရီအထိ မြန်မာကြိုက် စားသောက်ဖွယ်များ ရောင်းချမည့် နိဗ္ဗာန်ဈေးပွဲတော်၊ နေ့လယ် ၁း၃၀ မှ ၂ နာရီအထိ ရိုးရာအစဉ်အလာ သက်ကြီးပူဇော်ပွဲနှင့် နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဝေဝေဆာဆာ တင်ဆက်မည် ဖြစ်ပါသည်။ အသက် ၇၀ အထက် မြန်မာလူကြီးသူမ၊ မိဘဘိုးဘွားများအား ဂါရဝပြု ပူဇော်ရန် အမည်စာရင်းကို ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထား၍ သုံးပါးကျောင်း ဆရာတော်ထံ စာရင်းပေးသွင်းကြပါရန် ဖိတ်ခေါ်ထားပါသည်။ ဖျော်ဖြေရေးအစီအစဉ်များ အနေဖြင့် နယူးယောက် မြန်မာလူငယ်များ၏ မြူးကြွသော သင်္ကြန်ယိမ်း၊ အဆိုအကများ မြိုင်ဆိုင်စွာ တင်ဆက်မည် ဖြစ်၏။ နယူးယောက်နှင့် အလှမ်းမဝေးသော မေရီလန်းပြည်နယ်မှ သင်္ကြန်မင်းသားကြီးအဖွဲ့ကလည်း ပြောင်မြောက်သော သင်္ကြန်သံချပ်များဖြင့် ခေတ်စနစ် အခြေအနေကို ထင်ဟပ် ဖော်ပြမည်ဟုလည်း သိရသည်။ အထူးအစီအစဉ်အဖြစ် မြန်မာသမီးပျိုလေးများ၏ သင်္ကြန်အကပြိုင်ပွဲကို တင်ဆက် ဆုချီးမြှင့်မည် ဖြစ်သည်။ နယူးယောက်မြို့တွင် မြန်မာ အနေအထိုင်များသော ကွင်းစ်အရပ်တွင် တည်ရှိသည့် ဝိသုဒ္ဓာရုံဓမ္မရံသီကျောင်း ဝေယျာဝစ္စအဖွဲ့မှ ကြီးမှူးကာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျင်းပလာခဲ့သည်မှာ ယခု မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်တွင် ၃ ကြိမ်တိုင်ခဲ့ပြီ ဖြစ်၏။ “ကျောင်းအတွက် အလှူ၊ ရန်ပုံငွေရအောင် ဆိုတာထက် နယူးယောက်မြို့မှာ ရှိတဲ့ မြန်မာအသိုင်းအဝန်းအတွက် ရိုးရာအစဉ်အလာ ပွဲတော် ကျင်းပနိုင်အောင် အဓိက ရည်ရွယ်ပြီး ပြုလုပ်တာပါ။ တစ်ကယ်တော့ ပွဲကျင်းပတဲ့ ကုန်ကျစရိတ်နဲ့ အစားအသောက် နိဗ္ဗာန်ဈေးက ရောင်းရငွေဟာ မတိမ်းမယိမ်းပါပဲ” ဟု ဆရာတော် ဦးပါမောက္ခက ကမ္ဘာသစ်မီဒီယာသို့ မိန့်ကြားပါသည်။ ထို့ကြောင့်လည်း စားသောက်ဖွယ်အလှူ၊ သက်ကြီးပူဇော်ပွဲအလှူ၊ ခန်းမငှားရမ်းခအလှူ၊ ကံစမ်းမဲအလှူများ ပါဝင်ကုသိုလ်ယူရန် တိုက်တွန်းနှိုးဆော်နေပါသည်။ သီးသန့် ကြော်ငြာ စပွန်ဆာဖြင့် ပါဝင်လိုသော လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားသည်။ တတိယအကြိမ် နယူးယောက် မြန်မာနှစ်သစ် သင်္ကြန်ပွဲတော် ကြော်ငြာရယူရန် ကလစ်ခ် လုပ်ပါ။
နေ့ရက် ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့
အချိန် နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ
နေရာ I.S. 5 - The Walter Crowley Intermediate School 50-40 Jacobus Street,
Queens, Ny 11373
Phone: 718-205-6788
ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ- ဆရာတော် 718-639-3834
ကိုမိုးချမ်း 646-643-8689
ကိုအေးခိုင် 347-280-4602
မေစန္ဒာစိုးညွန့် 646-400-8905
မအေးအေးမူ 917-254-6084
မသူဇာ 718-753-1654
မနီနီအေး 646-812-0407
မမျိုးမျိုး 718-578-1811
http://kabarthit.com/index.php?option=com_content&view=article&id=607:2015-03-26-00-54-19&catid=8:2013-10-13-17-09-02&Itemid=214
- တစ်လတစ်ခါသာ အားသွင်းရန်လိုတဲ့Phone
- သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်
- iPhone သုံးစွဲသူ အများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
- လွတ်ကျလည်းဖုန်းကွဲမှာ မပူရသည့် နည်းပညာသစ်
- facebook အကောင့်ဆက်ခံသူရွေးချယ်နိုင်တော့မယ်
- like ခလုတ်ထက်ပိုပြီး တစ်ခုခု ပေးစွမ်းရန်အလားအလာရှိတဲ့ Facebook
- ရွံ့ မုန်းစရာကောင်းလောက်အောင် အသက်ဝင်လှတဲ့ USB Drive
- အခုအချိန်ကစလို့ သင့်ဓာတ်ပုံတွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ Facebook
- ညစ်ညမ်းကားများအသွင်ယူထားသည့် Trojan Virus ဖြင့် facebook သုံးသူ တစ်သိန်းကျော်ကိုတိုက်ခိုက်
- အရွယ်မရောက်သေးသူများအသုံးပြုလျှင် အန္တရာယ်ရှိသည့် Application ငါးခု
- facebook နှင့် Instagram အားထပ်ဖျက်ဦးမည်ဟု နာမည်ကြီးဟက်ကာပြော
- Bill Gate သောက်နေသော လူ့ မစင်ကထုတ်လုပ်ထားသည့်ရေသန့် 
- ဘာမှမလုပ်တဲ့စက်
- Apple ကုမ္ပဏီထုတ်ကုန်ပစ္စည်းများ မန်မရီပမာဏအတိုင်းမပါဝင်မှုကြောင့်တရားစွဲခံရ
- ကားတာယာပေါက်၍ လမ်းဘေးရပ်ကာ စပယ်ယာဘီးလဲရသောဒုက္ခကင်းဝေးပြီ
- တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ နျူးကလီးယားစက်ရုံ ရဲ့ ကွန်ပြူတာတစ်လုံး Hack လုပ်ခံခဲ့ရ
- clash of clans အွန်လိုင်းဂိမ်းအကောင့် ကျပ်သိန်း၆၀ အထိပေးဝယ်သူရှိ
- လူ့ မစင်ဖြင့်မောင်းသည့်ကား UK တွင်စတင်ပြေးဆွဲ
- တကိုယ်ရေသုံး WiFi များပိတ်ပင်ရန်ကြိုးစားသည့် ဟိုတယ်များကို Google နှင့် Microsoft ဝေဖန်
- အမေရိကန်ကာကွယ်ရေးဌာနမှာ ဦးတည်ရာပြောင်းနိုင်သည့်ကျဉ်ဆန်များ စမ်းသပ်ပြုလုပ်
- အမေရိကန်က ဒေတာများအပ်နှံရန်ညွှန်ကြားခြင်း ကို microsoft ကဆန့် ကျင်
- အမေရိကန် စစ်တပ်က တီထွင်လိုက်တဲ့ စက်ရုပ်ငါးမန်း
- မန်မရီစတစ်အရွယ် Intel ကွန်ပြူတာများ ပြည်တွင်းတွင် စတင်ရောင်းချမည်
- google တွင် မြန်မာဘာသာပြန်နိုင်ပြီ
- နာဆာလေယာဉ်ဂိုဒေါင်ကို google သန်း (၁၁၀၀)ကျော်ဖြင့် ငှားရမ်းကာစက်ရုပ်များစမ်းသပ်မည်
- လျှာကိုလျှပ်စစ်ဖြင့်တို့ သောနည်းဖြင့်လမ်းမလျှောက်နိုင်သူကို ပင် လျှောက်နိုင်အောင် လုပ်နိုင်ဖွယ်ရှိ
- လမ်းမှာကလေးတွေမိဘနဲ့ ကွဲသွားရင် အချက်ပြဆက်သွယ်ပေးမယ့်လက်ပတ်
No comments:
Post a Comment