တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် အရုပ်ဆိုးဆိုး သတို့သမီးကို လက်မထပ်လိုသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံအလယ်ပိုင်း ဟူဘေးရှိ ရှီယန်းမြို့မှ ရေကန်တစ်ကန်ထဲ ခုန်ချပြီး သေကြောင်းကြံရန် ကြိုးပမ်းသည့် အမျိုးသားကို ရဲများက ကယ်တင်နိုင်ခဲ့သည်။ အဆိုပါ အမျိုးသားသည် ယခုအခါ ဆေးရုံတွင် ကုသမှု ခံယူနေပြီး မကြာမီ အပြည့်အဝ ပြန်လည် ကျန်းမာလာမည်ဟု မျှော်လင့်ရသည်။
၎င်းကို ကယ်တင်ခဲ့သည့် ရဲအရာရှိ ဟူကွန်ရှန်းက “ရေကန်ထဲမှာ အမျိုးသားတစ်ယောက် မှောက်လျက်ကြီး ပေါ်နေတာ ကျွန်ေတာ် သတိထားမိတယ်။ သူ့အခြေအနေကို ရုတ်တရက် မသိသေးဘူး။ အနီးကပ် သွားကြည့်တော့မှာ တော်တော်လေး ဆိုးနေတာ သိရတယ်”ဟု ဆိုသည်။ ဟူသည် ဂျာကင်အင်္ကျီကိုပဲ မချွတ်အားတော့ဘဲ ရေကန်ထဲ ချက်ချင်း ဒိုင်ဗင်ထိုးချပြီး ၎င်းကို ကယ်ဆယ်ရန် ကြိုးစားခဲ့သည်။
“သူ့ကိုကျွန်တော် နံရံဘက် ဆွဲတင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့ကို ရေထဲက ဆယ်ထုတ်ဖို့ တစ်ယောက်တည်း အားနဲ့တော့ မလုပ်နိုင်ဘူးလေ။ ဒါကြောင့် ကယ်ဆယ်ရေးတွေ ရောက်လာတဲ့ထိ မှေးပြီး စောင့်နေခဲ့ရတယ်”ဟုလည်း ဟူက ရှင်းပြခဲ့သည်။ မီးသတ်သမားများ ရောက်လာချိန်တွင် ၎င်းတို့သည် လုံခြုံရေး ကြိုးများကို အသုံးပြုကာ အမျိုးသားကို ရေထဲမှ ဆွဲထုတ် ချီမခဲ့ကြပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ရဲများက သေကြောင်းကြံသည့် အမျိုးသားကို စုံစမ်း မေးမြန်းရာ ၎င်းသည် မိဘများ စီစဉ်သည့် လက်ထပ်ပွဲ တစ်ခုအတွက် စိတ်ပျက်နေသူဖြစ်ပြီး အလွန်အရုပ်ဆိုးသည့် သတို့သမီးကို မပေါင်းဖက်လို၍ ကြံမိကြံရာ ကြံခဲ့ခြင်းဟု ထွက်ဆိုခဲ့သည်။ “အဲဒီလူက တော်တော်လေး ဝမ်းနည်းနေတာ။ ဒီလက်ထပ်ပွဲကို သူ့မိသားစုက စီစဉ်တာတဲ့။ မိသားစုကတော့ သူ့ကို အိမ်ထောင်ချပေးချင်တာပေါ့။ သူကတော့ အမျိုးသမီးရဲ့ ရုပ်ရည်ကို တော်တော် စိတ်ပျက်နေတယ်။ သူ့မိသားစုက အတင်းအကျပ် ဖိအားပေးတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ဆုံးဖြတ်လိုက်တာပဲ”ဟု ဟူက ပြောကြားသွားသည်။
_Ref: Daily Mail
7 Day Daily
- နှင်းဆီပွင့် ၉၉၉၉၉ပွင့်နဲ့ ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်း
- ဘာလင်လူနာ HIV ပိုးကိုပထမဆုံးကုသပျောက်ကင်းသွားသော ပထမဆုံးလူနာဖြစ်လာ
- စွန့် ပစ်ခံရထားရသည့်ရုရှားကလေးငယ်တစ်ဦးကို ကြောင်မကြီးတစ်ကောင်ကူညီစောင့်ရှောက်
- မိမိပြုသောကောင်းမှုမိမိဆီပြန်လာတယ်ဆိုတာသက်သေပြသွားတဲ့ထိုင်ဝမ်အမျိုးသားတစ်ဦး
- မှန်ပြားတီဗီကိုစကပ်အောက်ထဲထည့်ခိုးသွားတဲ့အမျိုးသမီး
- ဇွန် ၃၀ တစက္ကန့် ပိုရှည်ခြင်းကြောင့် ကွန်ပြူတာစနစ်များရှုပ်ထွေးသွားနိုင်
- ISIS ခေါင်းဆောင်က အောင်ပွဲမရသည့်တပ်ဖွဲ့ ဝင် ၅၆ယောက်ကိုကွပ်မျက်ခဲ့
- ကေပေါ့အဖွဲ့ သားများနှင့်ပွေ့ ဖက်ခဲ့သည့်မလေးရှားမှ မိန်းကလေးများ အဖမ်းခံရမည့် အန္တရယ်ကြုံတွေ့ 
- ဥရောပငြိမ်းချမ်းရေးဆုဇကာတင် မြန်မာပါဝင်
- ဘရုစ်လီကဲ့သို့ ကျွမ်းကျင်စွာနံချပ်ကူကစားနိုင်သည့်၎နှစ်အရွယ်ကလေးငယ်(ရုပ်သံ)
- IS အဖွဲ့ ကလိင်တူဆက်ဆံသူနှစ်ဦးကို တိုက်ပေါ်ကတွန်းချကွပ်မျက်
- ၂၀၁၅ ဇန်န၀ါရီလက ကမ္ဘာ့အနီးကဖြတ်သွားတဲ့ဥက္ကာခဲ
- ဘုရားသခင်က ကလေးတွေကိုဘာကြောင့်ပြည့်တန်ဆာဖြစ်ခွင့်ပေးရသလဲ
- စစ်စည်းကမ်းနဲ့ သင်ကြားပို့ ချနေတဲ့ကျောင်း
- ပြင်သစ်နိုင်ငံသားတစ်ဝက်နီးပါးတမန်တော်မိုဟာမက်ပုံကာတွန်းထုတ်ခြင်းကို ကန့် ကွက်
- တင်သားနှင့်ပေါင်သားတွင်အဆီများသည့်အမျိုးသမီးများ ဥာဏ်ရည်ထက်မြက်သည့်ကလေးများ ကိုမွေးဖွားနိုင်
- အမျိုးသမီးတွေအတွက် သီးသန့် ထုတ်လုပ်လိုက်တဲ့အတွင်းခံဘောင်းဘီဒီဇိုင်းသစ်
- မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံမ်အီးပါဝင်တဲ့ ဂိမ်း ဟက် လုပ်ခံရ
- ဒုတိယရင်သွေး ကိုယ်ဝန်ဖျက်ချရန် မိခင်ဖြစ်သူအားသမီးအကြီးဖြစ်သူအတင်းအဓ္ဓမတိုက်တွန်း
- တင်ပါးမှာ စာလုံးပေါင်းမှားနေတဲ့ တက်တူးတစ်ခုရှိနေတယ်
- ဆော်ဒီအာရေဗျတွင် မြန်မာနိုင်ငံသားအမျိုးသမီးတဦးခေါင်းဖြတ်ကွပ်မျက်ခံရ
No comments:
Post a Comment