Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 11, 2015

တေးနုယဉ်ကို မင်းအုပ်စိုး သတ်တဲ့အခါမှာ တုတ်၊ ဓားလက်နက်မသုံးခဲ့ဘူး


သရပါမဂ္ဂဇင်းရဲ့ အယ်ဒီတာ တေးနုယဉ် (မနုနုယဉ်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ ရုပ်ရှင်မင်းသား မင်းအုပ်စိုး ()ကိုအောင်နိုင်ထွန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မတ်လ ၁၁ရက်နေ့မှာ ရုံးထုတ်ခဲ့ပြီး သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။ မင်းအုပ်စိုးရဲ့ ရုံးချိန်းမှာ လူသတ်မှုကိစ္စ ဘယ်လိုဝန်ခံခဲ့သလဲ။
သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးဟာ သေဆုံးသူ မတေးနုယဉ်ကို သတ်ခဲ့တယ်လို့ ဗဟန်းရဲစခန်းမှာ ဝန်ခံခဲ့တယ်ဆိုတာ မဟုတ်ဘဲ သေဆုံးကြောင်းကိုသာ သတင်းပို့ခဲ့တာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်သိန်းက ပြောပါတယ်။ မင်းအုပ်စိုးသတ်တာ မှန်ပေမယ့် တုတ်၊ ဓား စတဲ့လက်နက်တွေ မသုံးခဲ့ဘူးလို့ ရှေ့နေက ပြောပါတယ်။
သေဆုံးသူ အယ်ဒီတာ တေးနုယဉ်ဟာ မူလရောဂါတွေရှိနေနိုင်ပြီး ဆရာဝန်ဆေးစစ်ချက် မထွက်သေး လို့ အတိအကျမသိသေးတဲ့အကြောင်း၊ လက်ရှိမှာတော့ သက်သေတွေစစ်ဆေးနေ ဆဲဖြစ်လို့ အမှုအခြေအနေ ပြောပြဖို့ ခက်နေသေးတယ်လို့ ဆိုပါတယ်။
သေဆုံးသူ တေးနုယဉ် (မနုနုယဉ်ဟာ မင်းအုပ်စိုး ထုတ်ဝေတဲ့ သရပါမဂ္ဂဇင်းရဲ့ အယ်ဒီတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ရက်နေ့ မနက် ၂နာရီမှာ ဗဟန်းရဲစခန်းကို သူကိုယ်တိုင်သတ်ခဲ့ကြောင်း မင်းအုပ်စိုးက ဖြောင့်ချက်ပေးခဲ့ပါတယ်။
လူသတ်မှု ပုဒ်မ ၃ဝ၂နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ မင်းအုပ်စိုးဟာ လာမယ့် မတ်လ ၁၈ရက်နေ့မှာ နောက်တစ်ကြိမ် ရုံးချိန်းရှိပြီး ခုနှစ်ကြိမ်မြောက်ရုံးချိန်းမှာ ၃ကြိမ်မြောက်စစ်ဆေး ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment