Thursday, March 26, 2015
မန္တလေးမြို့တွင် မတ်၂၇ ရက်က ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းတွင် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများ ပြန်လွှတ်ပေးရေး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က တားဆီးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် ပါဝင်ခဲ့သော ဘီဘီစီသတင်းထောက်ကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆန္ဒပြကျောင်းသားများကို ၆၄ လမ်းနှင့် ၆၅ လမ်းကြား
သိပ္ပံလမ်းမပေါ်တွင် ရဲတပ်ဖွဲ့က တားဆီးရာ စီးနင်းလာသော ဆိုင်ကယ်တစ်စီးမှာ
လဲကျသွားသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ရဲတပ်ဖွဲ့ဝင်တစ်ဦးအား လက်သီးဖြင့်ထိုးသူမှာ ဘီဘီစီသတင်းဌာနမှ သတင်းထောက်
ကိုနေမျိုးလင်း (ခ) ကိုနေလင်းဖြစ်ကြောင်းနှင့် အဆိုပါရဲတပ်ဖွဲ့ဝင်မှာ
မျက်ခုံးကွဲဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းတွင် (ပ) ၁၁၄/၂ဝ၁၅ ပြစ်မှု ပုဒ်မ ၃၃၂ အရ အမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ ဗီဒီယိုမှတ်တမ်းတွေအရ လက်သီးနဲ့ ထိုးတဲ့သူကို အရေးယူသွားမှာပါ။ သူက ကျောင်းသားမဟုတ်ပါဘူး။ ဆန္ဒပြတဲ့ ကျောင်းသားတွေတော့ လက်ရှိအချိန်ထိ အရေးယူထားတာတော့ မရှိသေးပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
မတ် ၂၇ ရက်က မန္တလေးမြို့ ၂၆ လမ်း၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၆၂ လမ်းနှင့် သိပ္ပံလမ်း စသည့် အဓိကလမ်းမကြီးများပေါ်တွင် ကျောင်းသားများက ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြသည်။
BBC

No comments:
Post a Comment