Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 27, 2015

မေ​ျ​ပာခ်​င​္ေ​တာ့​ဘူးဗ်ာ


မတ်လ ၂၄ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ တီထွင်သူတွေကို သမ္မတ အိမ်တော်ကို ဖိတ်ခေါ်ပြီး စွမ်းရည်တွေလာပြခိုင်းတယ်။ အိုဘားမားက သူ့နိုင်ငံက ကျောင်းဆရာတွေကို တောင်းဆိုတာ တစ်ခုပဲ။ STEM ကိုပဲ လုပ်ပေးပါ။ ကျုပ်တို့နိုင်ငံကကျောင်းသားတွေကို STEM ကိုပဲ သင်ပေးပါ ဆိုပြီး တဖွဖွမှာတယ်။ STEM ဆိုတာက Science, Technology, Engineering, Maths ကို အတိုကောက် ခေါ်တာ။ ဒီလေးမျိုးကိုပဲ လုပ်ကြပါပေါ့။ နိုင်ငံတိုးတက်ဖို့အတွက် ခေါင်းဆောင်ကတာဝန်ပေးတာ။ အနာဂတ် အတွက် မျိုးစေ့ချနေတာ။

ဒီနှစ်အတွက် STEM ကို သင်ကြားဖို့ ဒေါ်လာသန်း ၉၀ လောက်ကို အမျိုးသမီးစွမ်း ဆောင်ရှင်တွေကို ထောက်ပံ့ ပေးမယ်လို့ ပြောထားတယ်။ အမျိုးသမီးတွေ STEM မှာ နောက်ကျပြီး လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ တန်းတူ မတိုးနိုင်တာကို သမ္မတက သိပ်သဘောမကျဘူး။ ဒါကြောင့် အမျိုးသမီးတွေကို ရှေ့တန်းရောက်အောင်တွန်းပြီး ဒီနှစ်လည်း အိမ်ဖြူတော်ကိုခေါ်ပြီး လုပ်ဆောင်ထားမှုတွေကို ကြည့်တဲ့အထဲမှာ အမျိုးသမီးအရွယ်စုံရဲ့ တီထွင် ထားမှုတွေကို အားပေးသွားတာတွေ့ရတယ်။

သမ္မတက ဒီနှစ်အတွင်း တက္ကသိုလ်၊ ကောလိပ် ကျောင်းပေါင်း ၁၀၀ ကနေ၊ အင်ဂျင်နီယာကျောင်းသားပေါင်း ၂၀၀၀၀ လောက်မွေးထုတ်ပေးဖို့ တောင်းဆိုထားပြီး၊ လုပ်ငန်းကြီးတွေက စီအီးအိုတွေကလည်း STEM ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသားပေါင်း ၁ ဒသမ ၅ သန်းလောက်ကို လေ့ကျင့်ပျိုးထောင်ပေးဖို့ တာဝန်ယူ ထားတယ်။

အိမ်ဖြူတော်ကို ဒီနှစ်လာပြီးစွမ်းရည်ပြတဲ့အထဲမှာ အကောင်းဆုံးပြကွက်တစ်ကွက်ကတော့ သူငယ်တန်းနဲ့ ပထမတန်း ကလေးနှစ်ယောက်က သမ္မတကို စာဖတ်တဲ့စက်လေးအကြောင်း ရှင်းပြနေတယ်။ သမ္မတကလည်း ကလေးနှစ်ယောက် ရှင်းပြနေတာကို စူးစိုက်ပြီး နားထောင်နေတယ်။ အဲဒီ စာဖတ်စက်က စာအုပ်တစ်အုပ်ကို မသန်စွမ်းသူတစ်ယောက်ဟာ သူ့အလိုလို တစ်ရွက်ပြီးတစ်ရွက်လှန်သွားနိုင်အောင် တီထွင်ထားတာ။ မသန်စွမ်း သူတွေအတွက် သူငယ်တန်းနဲ့ ပထမတန်း ကလေးနှစ်ယောက်က တီထွင်တာ။

ကလေးတွေကို အထင်ကြီးလေးစားစွာ ကြည့်နေတဲ့ သမ္မတက

"သမီးတို့ ဒီစက်ကို ဘာဖြစ်လို့ တီထွင်ရတာလဲ" လို့မေးလိုက်တယ်။ အဲဒါကို ၆ နှစ်သမီးလေးက

"သမီးတို့က ဦးနှောက်မုန်တိုင်းဆင် (brainstorming) ပေးဖို့ပါ" လို့ သမ္မတကို ပြန်ဖြေ လိုက်တယ်။ ကဲ … ၆ နှစ်သမီးက သမ္မတကို brainstorming ဆိုပြီးပြောသွားတာ။ ကျွန်တော်တို့နိုင်ငံမှာတော့ ပါရဂူဘွဲ့ရတောင် ပြောထွက်မယ့်စကားမဟုတ်ဘူး။ ပြီးတော့ ကလေးက

"ဒီစက်က စမ်းသပ်အဆင့်ပဲရှိပါသေးတယ်" တဲ့။

သမ္မတကို ၆ နှစ်သမီးက မေးခွန်းတစ်ခုပြန်မေးသွားတယ်။

" Brainstorming ကို ကိုယ်တိုင်လုပ်လေ့ရှိသလား" တဲ့ဗျာ။

သမ္မတ ဘာပြောလို့ပြောရမှန်းမသိအောင်ဖြစ်သွားပြီး "Yes" လို့တစ်လုံးတည်းပဲ ပြန်ပြောနိုင်တော့တယ်။

ကျွန်တော် မပြောချင်တော့ဘူး။ ဆက်လည်း မရေးချင်တော့ဘူး။ ဆက်တောင်မဖတ်ချင်တော့ဘူး။

အနာဂတ်အတွက် သားကောင်းသမီးကောင်းတွေကို STEM နဲ့မွေးထုတ်ပေးဖို့ အမေရိကန် သမ္မတက အိမ်ဖြူတော်ထဲကိုခေါ်သွင်းပြီး အားပေးနေတယ်။ မြန်မာနိုင်ငံ သမ္မတကတော့ ထောင်ထဲကိုကျောင်းသားတွေ မောင်းထည့်ပြီး ပုဒ်မအမျိုးမျိုးနဲ့ မရ,ရအောင် အရေးယူပြီး ထောင်မကျကျအောင် ချဖို့လုပ်နေတယ်။

ကျွန်တော် မပြောချင်တော့ပါဘူးဗျာ။

Tin Nyunt
Maukkha

No comments:

Post a Comment