Saturday, March 21, 2015
အမေရိကန် ပြည်ထောင်မှာ တာဝန်မဲ့တဲ့ ရဲအရာရှိတွေကို အရေးယူပေးဖို့
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဦးဆောင်ပြီး မတ် ၂၀ ရက်နေ့က
ဆန္ဒပြပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အမေရိကန်
နိုင်ငံဆိုင်ရာ တာဝန်ခံ နိုအာမားက အဲရစ် ဂန်နာနဲ့ တခြားလူမည်း ၂ ဦးရဲ့
အမှုနဲ့ ပတ်သက်ပြီး ရဲအဖွဲ့ရဲ့ ဆောင်ရွက်ခဲ့ပုံတွေကို တာဝန်ခံမှု၊
ပွင့်လင်းမြင်သာမှုရှိရှိ အရေးယူဖို့ လိုတယ်လို့ ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့
ဒီကိစ္စကို နိုင်ငံတကာ စံနှုန်းတွေအတိုင်း ဆောင်ရွက်ဖို့၊ တရားရေး ဌာနအနေနဲ့
ဒီလို ကိစ္စမျိုးကို ဘယ်လို အရေုးယူဆောင်ရွက်ထားသလဲဆိုတာ
ပွင့်ပွင်းလင်းလင်း ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
တစုံတယောက်ကို သေစေနိုင်တဲ့ ရဲဘက် ဥပဒေပါ ပြဋ္ဌာန်းချက်တချို့ကိုလည်း
ပြင်ဆင်ပေးဖို့၊ နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြစ်ဖို့ကိုလည်း
တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့
အိုဟိုင်းအိုးနယ်မြေ တာဝန်ခံ လောရာ ကော့ဖေးကလည်း ရဲက ကျူးလွန်တဲ့အမှုတွေမှာ
ခံလိုက်ရသူတွေနဲ့ သူတို့ မိသားစုတွေအတွက် တရားမျှတမှု ရစေချင်တယ်လို့
ပြောပါတယ်။
ဘရွတ်ကလင်း တံတားအနီးမှာ ဆန္ဒပြသူတွေဟာ အဲရစ် ဂန်နာ မသေခင်
နောက်ဆုံး ပြောသွားတဲ့ ကျနော် အသက်ရူလို့ မရတော့ဘူး ဆိုတဲ့ စကားကို
ကြွေကြော်သံလုပ်ပြီး အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။ နယူးယော့ခ် ရဲအရာရှိတဦးရဲ့
လည်ပင်းချုပ်ထားတာ ခံရပြီး အဲရစ် ဂန်နာ သေဆုံးခဲ့ရတာပါ၊
အလားတူ အသက် ၃၀
အရွယ် ရှာရီး ဖရန်စစ် ဆိုတဲ့ စိတ်ဝေဒနာသည် အမျိုးသမီးဟာလည်း ရဲက
ချုပ်ထားတာကြောင့် အသက်ရှူကြပ်သေဆုံးခဲ့သလို အသက် ၂၈ နှစ်အရွယ် အေခိုင်
ဂါလေးဟာလည်း ရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
DVB
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, March 21, 2015
တာဝန်မဲ့ ရဲအရာရှိများကို အရေးယူပေးရန် အမေရိကန်တွင် ဆန္ဒပြ
တာဝန်မဲ့ ရဲအရာရှိများကို အရေးယူပေးရန် အမေရိကန်တွင် ဆန္ဒပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 21, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment