အမေရိကန် စစ်တပ်ရဲ့ 802nd လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့နဲ့ အတူလက်တွဲ လုပ်ကိုင်ခဲ့တဲ့ ဂျာမန် စစ်ခွေးမကလေး ဒေစီကို ကင်ဆာရောဂါကြောင့် တပ်ထဲကနေ အပြီးအပိုင် ထုတ်ပယ်ကာ
မျက်ရည်စက်နဲ့ အလေးပြုပြီး နောက်ဆုံး ဂုဏ်ပြုအခမ်းအနား ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ခွေးကလေးဒေစီဟာ တက္ကဆက်ပြည်နယ်၊ ဆမ်အန်တိုနီယိုလာ့ခ်လန်းမှာ အခြေစိုက်တဲ့ 802nd လုံခြုံရေး တပ်ဖွဲ့ရဲ့ သစ္စာရှိတပ်ဖွဲ့ဝင်တပ်သားတစ်ဦး ဖြစ်ပါတယ်။ ခွေးမလေး ဒေစီဟာ
ဒီအမေရိကန်စစ်တပ်ရဲ့ တပ်ကြပ်ကြီး ပေါလ်အော်မို့စ်ရဲ့ ပါတနာတစ်ဦးဖြစ်ပြီး တပ်ကြပ်ကြီး အော်မို့စ်ကလည်း သူ အားလပ်ချိန်မှာ ဒေစီနဲ့ပဲ အချိန်ဖြုန်းလေ့ရှိပါတယ်။ ဆရာဝန်တွေက ခွေးမလေးဒေစီဟာ
ကင်ဆာရောဂါရဲ့ နှိပ်စက်မှုကြောင့် အိပ်ပျော်သွားတော့မယ့် အနေအထားမှာ ရှိနေတယ်လို့ ပြောကြားခဲ့တဲ့အတွက် စစ်တပ်တပ်ဖွဲ့ဝင်တွေက သူ့ကို နူတ်ဆက်ဂုဏ်ပြုမှုနဲ့အတူ အခမ်းအနားတစ်ခု
ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ခွေးမလေးဒေစီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကစပြီး ဘယ်ဘက်ခြေထောက်မှာ အကြိတ်တစ်ခု ဖြစ်လာခဲ့ပြီး ဖြစ်နေတဲ့ နေရာကို ခွဲစိတ်ကုသဖို့ မလွယ်ကူတဲ့အတွက် ကင်ဆာဆဲလ်တွေ တဖြည်းဖြည်း ပျံ့နှံ့ပြီး
အခြေအနေဆိုးခဲ့ရတာ ဖြစ်ပါတယ်။ တပ်ကြပ်ကြီး အော်လ်မို့စ်က ဒေစီနဲ့ သူဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ တနေ့ကို ၁၂ နာရီကနေ ၁၄ နာရီလောက်အထိ အတူရှိနေခဲ့ကြပြီး သူမဟာ သူ့ရဲ့
မိတ်ဆွေကောင်း ဖြစ်ခဲ့တယ်လို့ ၀မ်းနည်းတဲ့ လေသံနဲ့ ပြောကြားခဲ့ပါတယ်။
ဒေစီဆိုတဲ့ ခွေးမလေးဟာ ၂၀၁၄ ဇန်န၀ါရီမှာ မူးယစ်ဆေးဝါး ထောက်လှမ်းရှာဖွေရေး၊ လေကြောင်းပညာပို့ချရေးနဲ့ လေ့ကျင့်ရေး အမေရိကန် တပ်ရင်းကို စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ မတ်လမှာတော့ သူ့ကို
တာဝန်ကနေ ရပ်စဲခဲ့တာပဲ ဖြစ်ပါတယ်။
Ref - Mirror
http://www.planet.com.mm/detail/27513/World
- တစ်လတစ်ခါသာ အားသွင်းရန်လိုတဲ့Phone
- သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်
- iPhone သုံးစွဲသူ အများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
- လွတ်ကျလည်းဖုန်းကွဲမှာ မပူရသည့် နည်းပညာသစ်
- facebook အကောင့်ဆက်ခံသူရွေးချယ်နိုင်တော့မယ်
- like ခလုတ်ထက်ပိုပြီး တစ်ခုခု ပေးစွမ်းရန်အလားအလာရှိတဲ့ Facebook
- ရွံ့ မုန်းစရာကောင်းလောက်အောင် အသက်ဝင်လှတဲ့ USB Drive
- အခုအချိန်ကစလို့ သင့်ဓာတ်ပုံတွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ Facebook
- ညစ်ညမ်းကားများအသွင်ယူထားသည့် Trojan Virus ဖြင့် facebook သုံးသူ တစ်သိန်းကျော်ကိုတိုက်ခိုက်
- အရွယ်မရောက်သေးသူများအသုံးပြုလျှင် အန္တရာယ်ရှိသည့် Application ငါးခု
- facebook နှင့် Instagram အားထပ်ဖျက်ဦးမည်ဟု နာမည်ကြီးဟက်ကာပြော
- Bill Gate သောက်နေသော လူ့ မစင်ကထုတ်လုပ်ထားသည့်ရေသန့် 
- ဘာမှမလုပ်တဲ့စက်
- Apple ကုမ္ပဏီထုတ်ကုန်ပစ္စည်းများ မန်မရီပမာဏအတိုင်းမပါဝင်မှုကြောင့်တရားစွဲခံရ
- ကားတာယာပေါက်၍ လမ်းဘေးရပ်ကာ စပယ်ယာဘီးလဲရသောဒုက္ခကင်းဝေးပြီ
- တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ နျူးကလီးယားစက်ရုံ ရဲ့ ကွန်ပြူတာတစ်လုံး Hack လုပ်ခံခဲ့ရ
- clash of clans အွန်လိုင်းဂိမ်းအကောင့် ကျပ်သိန်း၆၀ အထိပေးဝယ်သူရှိ
- လူ့ မစင်ဖြင့်မောင်းသည့်ကား UK တွင်စတင်ပြေးဆွဲ
- တကိုယ်ရေသုံး WiFi များပိတ်ပင်ရန်ကြိုးစားသည့် ဟိုတယ်များကို Google နှင့် Microsoft ဝေဖန်
- အမေရိကန်ကာကွယ်ရေးဌာနမှာ ဦးတည်ရာပြောင်းနိုင်သည့်ကျဉ်ဆန်များ စမ်းသပ်ပြုလုပ်
- အမေရိကန်က ဒေတာများအပ်နှံရန်ညွှန်ကြားခြင်း ကို microsoft ကဆန့် ကျင်
- အမေရိကန် စစ်တပ်က တီထွင်လိုက်တဲ့ စက်ရုပ်ငါးမန်း
- မန်မရီစတစ်အရွယ် Intel ကွန်ပြူတာများ ပြည်တွင်းတွင် စတင်ရောင်းချမည်
- google တွင် မြန်မာဘာသာပြန်နိုင်ပြီ
- နာဆာလေယာဉ်ဂိုဒေါင်ကို google သန်း (၁၁၀၀)ကျော်ဖြင့် ငှားရမ်းကာစက်ရုပ်များစမ်းသပ်မည်
- လျှာကိုလျှပ်စစ်ဖြင့်တို့ သောနည်းဖြင့်လမ်းမလျှောက်နိုင်သူကို ပင် လျှောက်နိုင်အောင် လုပ်နိုင်ဖွယ်ရှိ
- လမ်းမှာကလေးတွေမိဘနဲ့ ကွဲသွားရင် အချက်ပြဆက်သွယ်ပေးမယ့်လက်ပတ်
No comments:
Post a Comment