CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, March 8, 2015
ဝင်ငွေသန်းနဲ့ချီ ရနေတဲ့ အလုပ်
တရုတ်နိုင်ငံက လူငယ်တွေဟာ ၀င်ငွေ ကောင်းကောင်းရတဲ့ အလုပ်ကို ရှာဖွေရာမှာ စူပါမော်ဒယ် အလုပ်မျိုးကို စိတ်ဝင်စားခြင်း မရှိတော့ ပါဘူး။ အရင်က စူပါမော်ဒယ် အလုပ်ဟာ ၀င်ငွေ အလွယ်တကူရတဲ့ အလုပ်ဖြစ်ခဲ့ပေမယ့် လက်ရှိ အချိန် မှာတော့ ပိုပြီးကောင်းမွန်တဲ့ အလုပ်သစ်တစ်မျိုး ပေါ်ထွက် လာပြီ ဖြစ်ပါတယ်။ အဲဒီ အလုပ်သစ်က အွန်လိုင်းပေါ်မှာ ဂိမ်းကစားရတာ ဖြစ်ပါတယ်။ ငယ်ရွယ် ချောမောတဲ့ အမျိုးသမီးဟာ ကိုယ်ကျပ် အ၀တ်အစားကို ၀တ်ဆင်ပြီး ဂိမ်းကစားသူတွေ အချင်းချင်း ကြားခံ အဖြစ် ဆက်သွယ်ပေးရမှာ ဖြစ်တဲ့အပြင် အခြား စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂိမ်းတွေ ကိုလည်း တင်ဆက်ပြသပေးသွား ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအလုပ်ဟာ အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ဂိမ်း အစီအစဉ်တွေကို ထုတ်လွှင့်ပေးနေခြင်း ဖြစ်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာလည်း ဒီလိုအစီအစဉ်တွေ တင်ဆက်နေတာ ကြာပြီဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်ရာမှာ ပါဝင်သူတွေဟာ ငွေကြေး အများအပြား ရရှိတတ်ကြ ပါတယ်။
တရုတ်နိုင်ငံမှာ အွန်လိုင်း ကနေ အစီအစဉ် မျိုးစုံ တင်ဆက်ပေးရာမှာ နာမည် အကြီးဆုံး ဖြစ်တဲ့ ပာန်ယီယန်ပာာ ၀င်ငွေ အကောင်းဆုံး အဖြစ် ရပ်တည်နေပြီး ၂၀၁၄ နှစ်ကုန်ခါ နီးမှာ ဂိမ်းနဲ့ ပတ်သက်တဲ့ တင်ဆက်သူ အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ရာ ဒေါ်လာ ( ၂ ဒသမ ၇) သန်း ရရှိခဲ့ပါတယ်။ ဒီအလုပ်ဟာ တရုတ် လူငယ်တွေ အကြား စိတ်ဝင်စားစရာ ဖြစ်နေပြီး ၂၀၁၄ အတွင်းမှာ လုပ်ခလစာ (၁၀)ဆ ပိုမို ရရှိလာ ပါတယ်။ ဟန်ယီယန်ပာာ ဆွဲဆောင်စရာ ဖြစ်မယ့် အ၀တ်အစားတွေ ၀တ်ဆင်ပြီး တက်ကြွတဲ့ ဟန်အမူအရာ အပြည့်နဲ့ အင်တာနက်မှာ ပရိသတ်တွေကို ဂိမ်း အစီအစဉ်တွေ တင်ဆက်ပေးနေခြင်း ဖြစ်ကြောင့် လူကြိုက်များခဲ့ ပါတယ်။
အကျိုးဆက် ကတော့ ဟန်ယီယန်ဟာ လုပ်ခလစာတွေ အများအပြား ရလာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အွန်လိုင်းနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး ပရိသတ်တွေကို ဖျော်ဖြေပေးနေတဲ့ ဂိမ်းအစီအစဉ်တွေ ရေပန်းစား လာတာနဲ့ အမျှ အမျိုးသမီးငယ်တွေဟာ ဒီအလုပ်ကို လုပ်ကိုင်ဖို့ စိတ်ဝင်စားနေ ကြကြောင်း သိရပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=33203
ဝင်ငွေသန်းနဲ့ချီ ရနေတဲ့ အလုပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment