![]() |
တိုင်းရင်းသားတွေ တင်တဲ့ အဆိုတွေကို အစိုးရက ထိရောက်အောင်လုပ်တာ မရှိလို့ ဒေါ်ဒွဲဘူဆို |
ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရကို တိုက်တွန်း ထားတဲ့ ဒီအရေးကြီး အဆိုကို တိုင်းရင်းသား ဒေသတွေက ကိုယ်စားလှယ်တွေက တင်သွင်းတာ မဟုတ်ဘဲ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ တစ်ယောက် ဖြစ်တဲ့ ကချင်ပြည် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ နဲ့ ပတ်သက်လို့ တိတိကျကျ ပြဌာန်းထားတာ မရှိတဲ့ အတွက် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသတွေမှာ ဆောင်ရွက်ရတာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
နည်းဥပဒေတွေ တိတိကျကျ မရှိတာကြောင့် အငြင်းပွားမှုတွေ ရှိနေလို့ အရေးကြီး အဆိုတင်ဖို့ လိုတယ်လို့ ယူဆတဲ့ အတွက် ထောက်ခံတာလို့ ဒေါ်ဒွဲဘူက ပြောပါတယ်။
လက်ရှိ အစိုးရ သက်တမ်း ၁၀ လလောက်ပဲ ကျန်တော့တဲ့ အခု အချိန်ကျမှ တပ်မတော်သား ကိုယ်စားလှယ် ဘက်က အခုလို တင်သွင်းတဲ့ အကြောင်းရင်းက တာကတော့ တိုင်းရင်းသား ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်လာတာနဲ့လည်း ပတ်သက်နိုင်တယ်လို့ မြင်ကြောင်း သူက ပြောပါတယ်။
အခု လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အတိုင်းအတာ တစ်ခု အထိ တိုးတက်လာတဲ့ အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ကလည်း ခြေတစ်လှမ်း တိုးလာတာလို့ ဒေါ်ဒွဲဘူက မြင်ကြောင်း ပြောပါတယ်။
ဒီအဆို အကောင် အထည်ပေါ်လာစေဖို့ကတော့ ဥပဒေတွေ၊ နည်းဥပဒေတွေ ပြင်ဆင်မှု ဘယ်လောက်ကြာမယ် ဆိုတဲ့ အပေါ် မူတည်တယ်လို့လည်း ဒေါ်ဒွဲဘူက ပြောပါတယ်။
ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ အားလုံးက ထောက်ခံခဲ့ကြပေမဲ့ အရေးကြီး အဆိုအဖြစ် သတ်မှတ်ဖို့ သင့်မသင့် မေးခွန်း ထုတ်သူတွေ ရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက အရေးကြီး အဆိုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
- အရွယ်မရောက်သေးသောလူငယ်များအသုံးပြုလျှင် အန္တရာယ်ရှိသည့် application လေးခု
- ဘာမှမလုပ်တဲ့စက်
- စွမ်းအားရှင်ပြန်လာပြီလား
- အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်း၏ပဉ္စမဇနီး ရတနာနတ်မယ်
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်း၏သားဖြိုးေ၀၀င်းနှင်အင်တာဗျူး
- ဗိုလ်ချုပ်မှူးကြီးစောမောင် (သို့ မဟုတ်)အနားပေးခံရသောစစ်သားကြီးတစ်ဦး
- ယတြာချိတ်၏နိမိတ်ပုံများ
- ဆန္ဒပြလူငယ်များကိုအကြမ်းဖက်ခြင်းသမ္မတဦးသိန်းစိန်ပေးထားသည့်ကတိအားလုံးနှင့်ဆန့် ကျင်နေ
- ကိုးကန့် တိမ်းရှောင်အဖွဲ့ ကိုကူညီသည်ဆိုကာရာထူးချခံရသည့်တရုတ်ဗိုလ်မှူးချုပ်
- ဖားချင်ပေမယ့်အဖားမတော်တဲ့ သမီးတော်ရဲ့ လက်ဝဲရံလက်ယာရံများ
- သမီးတော်တွေနာမည်သုံးရင်မပေးပဲမနေရဲပေါင်
- မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာဒုက္ခသည်မိသားစု တိုက်ခိုက်ခံရ
- ကိုယ်ဝန်ဆောင်တစ်ဦး၏ ၀မ်းဗိုက်ကို ဓားဖြင့်ခွဲ၍ သန္ဓေသားကို ယူဆောင်သွားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
No comments:
Post a Comment