Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 4, 2015

ကျောင်းသားသပိတ်(ပင်မ)စစ်ကြောင်းတွင်တာဝန်ကျရဲ တပ်ဖွဲ့ဝင်အချို့၏စကားသံများ


လက်ပံတန်းမြို့တွင်ရောက်ရှိနေသည့် ဒိမိုကရေစီကျောင်းသားသပိတ်(ပင်မ)စစ်ကြောင်းအပေါ် တာဝန်ကျသည့်အပေါ် ရဲတပ်ဖွဲ့ဝင်အချို့၏ သဘောထားအမြင်များကို NewsWatch သတင်းဂျာနယ်မှအခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကျွန်တော်တို့ဘ၀မှာတာဝန်ထမ်းဆောင်ခဲ့သည့်ကာလမှာ အခုလိုကျောင်းသားတွေနဲ့အတူမနေ့က စကားပြောဖြစ်တဲ့ပုံတွေကိုအင်တာနက်မှာတွေ့ရတယ်..Likes ပေါင်း ငါးသောင်းကျော်ရတာ တခါမှမတွေ့ခဲ့ဘူးဘူး..အရမ်းဝမ်းသာတယ်။
ဒါပေမဲ့လည်းတာဝန်နဲ့ဆိုတော့လည်းအထက်အမိန့်ကိုအမြဲနာခံနေရတယ်။
မီဒီယာများအနေနဲ့ကလည်း သတင်းတွေကိုတက်နိုင်သလောက်ထိန်းသိမ်းပြီးရေးစေချင်ပါတယ်..အကူညီလိုအပ်တာရှိရင်လည်းပြောပါတက်နိုင်သလောက်ကူညီပေးပါမည်ဟုတောင်ငူရဲစခန်းမှ ကျောင်းသားသပိတ်စစ်ကြောင်းတွင် တာဝန်ကျနေသည့် အဆင့်မြင့်ရဲအရာတစ်ဦးကပြောသည်။
ကျွန်တော်တို့က EU သင်တန်းဆင်းတွေပါ အကြမ်းဖက်တဲ့နည်းလမ်းကိုနိုင်ငံခြားမှာ အသုံးပြုတာတွေကနည်းပါတယ်၊ နိုင်ငံခြားမှာလည်း ဆန္ဒပြတဲ့သူတွေနဲ့ ရဲတွေလည်း အပြန်အလှန်ချစ်ခင်ကြပါတယ် တချိုဆိုနွားနို့တောင်ပေးတိုက်ကြတာတွေရှိပါတယ်။ ချစ်ခင်ကြတယ်။ ဒီမှာလည်း အဲ့လိုမျိုးဖြစ်စေချင်တယ်ဟု EU သင်တန်းဆင်း ရဲအရာရှိတစ်ဦးကပြောကြားသည်။
ဘယ်လိုမြင်လည်းပြောရင်တော့ ဘာမှမပြောချင်ပါဘူးကျွန်တော်တို့က လက်အောက်ငယ်သားတွေဆိုတော့ အထက်အမိန့်ကိုပဲနာခံရမှာပဲ ကျောင်းသားတွေအပေါ်မှာလည်းအဆိုးမမြင်ပါဘူး။ သူတို့လည်းသူတို့ယုံကြည်ချက်အတွတ်လုပ်နေတာပဲ..ကျွန်တော်တို့ကလည်း တာဝန်ယူဆောင်ရွက်နေတာဆိုတော့ အထူးတလည်ပြောဖို့မရှိပါဘူးဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
ဒိမှာက မနေ့ကဆိုရင် ပြင်က လူတွေပါလာတယ်. ဥပမာဆိုရင် သုံးဆယ်၊ဥက္ကံ၊သာယာဝတီ ကနယ်ခံတွေလည်းပါလာတယ်။ တချို့ဆိုရင်မူးနေတယ် ။ စုန်းပြူးလေးတွေရှိတယ် ဒါကိုအန္တရယ်မဖြစ်အောင် အတက်နိုင်ဆုံးတာဝန်ဆောင်ရွက်နေရတယ်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
မတ်လ ၄ရက်နေ့ညက ကျောင်းသားသပိတ်စစ်ကြောင်းကကျောင်းသားတွေနဲ့ တာဝန်ကျရဲတပ်ဖွဲ့အချိုစကားပြောနေသည့်ပုံများ အင်တာနက်တွင်တက်လာပြီးနောက် မတ်လ ၅ရက်နေ့ည တွင်တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင်များကို အလှည့်ကျ မတ်တက်ရပ်ကာ တာဝန်ထမ်းဆောင်စေခဲ့သည်။
မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment