ဝီလျံ ဂျုန်းဟု အမည်ရသည့် ၁၅ လသား အရွယ် ကလေးငယ် လေးသည် ရေကူးရာတွင် အလွန် တော်သည်ဟု ဆိုလျှင် ယုံနိုင်ဖွယ် ရှိမည် မဟုတ်ပေ။
သို့ရာတွင် သူသည် နှလုံး တွင် မွေးရာပါ
အပေါက်ကလေး ပါရှိနေ၍ ယင်း အပေါက်အား ခွဲ စိတ် ကုသရန် အတွက် အသက် ခုနစ်လသား
အရွယ်မှပင် စကာ ရေကူးလေ့ ကျင့်ခန်း ကို ပြုလုပ်ခဲ့ရ သည်ဟု ဆိုသည်။
ဝီလျံသည် ဆောက်သမ်တမ် အထွေထွေ
ဆေးရုံကြီးတွင် ခွဲစိတ် ကုသမှု ခံယူခဲ့ပြီးနောက် ယင်းသို့ ရေကူးခဲ့ ရခြင်း
ဖြစ်သည်။ ဝီလျံ၏ မိခင်နှင့် ဖခင် တို့ကလည်း သား ဖြစ်သူ ၏ ကျန်းမာရေး အတွက်
ရေကူး လေ့ကျင့်ပေးခဲ့ကြသည်။
”ဒီလို ရေကူးတာဟာ သူ့ရဲ့ ကြွက်သား
အခြေအနေကို တိုး တက် ကောင်းမွန်စေပြီး နှလုံး ခွဲ စိတ် ကုသရာမှာ
ရင်ဆိုင်နိုင်တဲ့ အင် အားတွေ ရရှိ လာစေမှာ ဖြစ် ပါတယ်။ အရင်က သူ့ကြွက်သား
ဟာ အရမ်း အားနည်းနေပြီး အခု လို လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် မှာ
ကြွက်သားတွေ ဖွံ့ဖြိုး လာတာကို ကျွန်မတို့ သတိထားမိတယ်” ဟု ဝီလျံ ၏
မိခင်ဖြစ်သူ က ပြောကြား ခဲ့သည်။
ဝီလျံသည် ခွဲစိတ်မှု မပြုလုပ် မီ
လေ့ကျင့်ခန်း ရှစ်မျိုး ကို ပြုလုပ် ရမည် ဖြစ်ပြီး ယင်းလေ့ကျင့်ခန်း
အားလုံး မှာလည်း ရေနှင့် ပတ်သက် သည့် ကုထုံးများ သာဖြစ်ကာ သူ့ အား ဆရာမ
ဖြစ်သူက အနီးကပ် စီစဉ်ညွှန်ကြားပေးကြောင်း သိရ သည်။
KTZO
Ref:Dailymailhttp://www.popularmyanmar.com/mpaper/2015/03/%E1%82%8F%E1%80%BD%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94/

No comments:
Post a Comment