Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

အဖေ့အသက်ကို ကယ်ဖို့ ISIS တိုက်ခိုက်ရေးသမားကို ကျွန်မလက်ထပ်ခဲ့ရတယ်

Friday, February 6, 2015
‘‘ မိန်းကလေးတိုင်းရဲ့ အိပ်မက်က အဖြူရောင်သတို့သမီး ဝတ်စုံလေးကို မင်္ဂလာဦးညမှာ ဝတ်ထားချင်ကြတာပါပဲ’’ လို့ တုန်ယင်နေတဲ့ အသံနဲ့ပြောလိုက်တဲ့သူက Hanan ဖြစ်ပါတယ်။ ‘‘ ဒါပေမယ့် အဲဒီစိတ်ကူးတွေကို စွန့်လွှတ်လိုက်ရတယ်’’ လို့သူက ဆက်ပြောပါတယ်။
တကယ်တော့ Hanan ဆိုတာနာမည်အရင်းမဟုတ်တဲ့ အမည်လွှဲတစ်ခုဖြစ်ပါတယ်။ သူမဟာ ဆီးရီယားဇာတိဖြစ်ပြီးတော့ အကြမ်းဖက်သမားတွေ ဖမ်းဆီးသွားတဲ့ သူမရဲ့ဖခင်လွတ်မြောက်ဖို့ အတွက် အပေးအယူအနေနဲ့ ISIS တိုက်ခိုက်ရေးသမားတစ်ဦးကို လက်ထပ်ခဲ့ရတဲ့ မိန်းကလေးတဦးသာဖြစ်ပါတယ်။
တစ်ကိုယ်လုံးဆာရီခြုံထားပေမယ့် သူမရဲ့ပြူးကျယ်တဲ့အညိုရင့်ရောင် မျက်လုံးဝိုင်းဝိုင်းတွေမှာ မျက်ရည်တွေ အပြည့်ဖြစ်နေပါတယ်။ အနက်ရောင်ဆာရီက တစ်ကိုယ်လုံးကို လွှမ်းခြုံထားပေမယ့် နက်ရှိုင်းတွေ အကြောက်တရားတွေ အပြည့်နဲ့ဖြစ်နေရတာကိုတော့ ဆာရီကမဖုံးကွယ်ပေးထားနိုင် ခဲ့ပါဘူး။
ISIS အကြမ်းဖက်အဖွဲ့ဟာ ဆီးရီးယားအရှေ့ပိုင်းက သူတို့မြို့လေးထဲကို ဝင်ရောက်ဆီးနင်းခဲ့တဲ့အခါ သူတို့ကို တိုက်ခိုက်မယ်လို့သံသယရှိတဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးခဲ့ကြတယ်လို့ Hanan က ပြောပါတယ်။ အဲဒီမတိုင်ခင် အရင်တိုက်ပွဲတစ်ခုမှာ Hanan ရဲ့မောင်ဖြစ်သူကျဆုံးခဲ့ရပြီး မောင်ဖြစ်သူ တိုက်ပွဲဝင်ခဲ့တဲ့ AK-47 သေနတ်ကို ဖခင်ဖြစ်သူက ထိန်းသိမ်းထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်သမားတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဖခင်ဖြစ်သူဟာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့သူ့သားရဲ့ တိုက်ပွဲဝင်သေနတ်ကို အမှတ်တရ သိမ်းဆည်းထားခဲ့တာသာဖြစ်ပါတယ်။
‘‘ ISIS တွေရောက်လာတော့ ကျွန်မအဖေမှာ သေနတ်ရှိတယ်ဆိုပြီး တစ်ယောက်ယောက်က သွားပြောလိုက်ပါတယ်။ အဲဒါကြောင့် ဖမ်းသွားကြတယ်။ ကျွန်မမိသားစုမှာ ကျွန်မကလွဲပြီး ဒါကိုဖြေရှင်းနိုင်မယ့်သူ မရှိတော့ဘူးလေ။ ညီမလေးနှစ်ယောက်နဲ့ အမေတော့ ရှိပါသေးတယ်။
‘‘အဖေ့ကို ဖမ်းထားတဲ့ Sharia ရဲစခန်းကို ကျွန်မနဲ့ ကျွန်မအမေ လိုက်သွားတော့ အိမ်ထောင်ဦးစီး ဘယ်မှာလဲလို့ မေးကြတယ်။ သူ့ကို ဒီမှာဖမ်းထားပါတယ်လို့ ကျွန်မက ပြောလိုက်ပါတယ်။ ခဏကြာတော့ ကျွန်မအမေက လာပြောပါတယ်။ Sharia ရဲစခန်းက စခန်းမှူးကို ကျွန်မလက်ထပ်မှ အဖေ့ကို ပြန်လွှတ်ပေးနိုင်မယ်လို့ အမေ့ကို သူတို့ပြောလိုက်ကြပါတယ်။
သူ့နာမည်က Abu Mohammed al-Iraqi ပါ။ ကျွန်မဒါကို လက်ခံလိုက်ရပါတော့တယ်။ Abu Mohammed al-Iraqi ဆိုတာ ISIS တပ်ဖွဲ့တွင်း ပေးထားတဲ့နာမည်ဖြစ်ပြီး တကယ့်နာမည်အရင်းကိုတော့ Hanan အခုချိန်ထိ မသိရရှာသေးပါဘူး။
Ref - CNN
Planet Myanmar Network

No comments:

Post a Comment