Rihanna ဟာ ထပ်မံဖြန့်ချိမယ့် Harper’s Bazzar မဂ္ဂဇင်းအသစ် အတွက်
ငါးမန်းတွေ နဲ့အတူရေကူး ခဲ့ပါတယ်။ နာမည်ကျော်အဆိုတော် Rihanna ဟာဓါတ်ပုံဆရာ
Norman Jean Roy နဲ့ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ ဓါတ်ပုံ အချို့ကို Instagram
လူမှုကွန်ရက် စာမျက်နှာ မှာဖော်ပြထား ခဲ့ပါတယ်။
ဓါတ်ပုံတွေထဲက
တစ်ပုံဟာဆိုရင် ၁၉၇၅ ခုနှစ်ကရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဇာတ်ကား “Jaws”
ထဲကလို ငါးမန်းဖြူကြီး တစ်ကောင်ရဲ့ ပါးစပ်ထဲမှာ ထိုင်ပြီး ရိုက်ထားတဲ့
ပုံဖြစ်ပါတယ်။ ငါးမန်းတွေရဲ့ အန္တရာယ်ကနေ အတတ်နိုင်ဆုံးရှောင်ရှားခဲ့ပါတယ်။
ဒါပေမယ့် သူနဲ့အတူတူ အတွေ့အကြုံတွေကိုလည်း မျှဝေခံစားနိုင် ခဲ့ပါတယ်။
ပြီးတော့ အခြေအနေပေါ်မူတည်ပြီးတော့ပဲ သူတို့ကို ကျွန်မ ကိုင်တွယ်လို့ရပါတယ်။
ဒါပေမယ့် ငါးမန်းတွေနဲ့ အတူတူတော့ ရေမကူးခဲ့ပါဘူး။ ငါးမန်းတွေသာလျှင်
ငါးမန်းတွေနဲ့ အတူရေကူးတာပါလို့ မဂ္ဂဇင်း အင်တာဗျူး မှာပြောကြားခဲ့ပါတယ်။
စွဲဆောင်မှု အပြည့်ရှိတဲ့ ရွှေအိုရောင် ရေကူးဝတ်စုံကိုဝတ်ဆင်ကာ သူရဲ့ ရင်သား
နှစ်မွှာကို လှစ်ဟပြသထားပြီး Isis တက်တူးကိုလည်းဖော်ပြထားခဲ့တဲ့ Rihanna
ဟာကမ်းခြေမှာလည်း မျက်နှာဖုံး ဓါတ်ပုံအတွက် ရိုက်ကူးခဲ့ပါသေးတယ်။
http://celebrity.thithtoolwin.com/2015/02/hot-harpers-bazzar-rihanna.html
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 6, 2015
Hot Harper’s Bazzarအတွက် Rihanna ဟာကြောက်ရွံ့ ထိတ်လန့်မှု မရှိဘဲငါးမန်းတွေနဲ့ အတူဓါတ်ပုံ ရိုက်ခံခဲ့ပါသတဲ့
Hot Harper’s Bazzarအတွက် Rihanna ဟာကြောက်ရွံ့ ထိတ်လန့်မှု မရှိဘဲငါးမန်းတွေနဲ့ အတူဓါတ်ပုံ ရိုက်ခံခဲ့ပါသတဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment