Lockheed Martin F-22 Raptor လို့ အမည်ရတဲ့ တိုက်လေယာဉ်ဟာ ကမ္ဘာ့ ဈေးအကြီးဆုံး တိုက်လေယာဉ် စာရင်းထဲမှာ ထိပ်တန်း ပါဝင်ပြီး အမေရိကန်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ သူဟာ ရန်သူ ဝေဟင်ကို သိမ်းပိုက်ဖို့ အတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Air superiority fighter ဖြစ်ပါတယ်။
F-22 မှာ ထူးခြားချက် များစွာ ရှိပါတယ်။ သူဟာ ရေဒါဖျောက် ပျံသန်းနိုင်ခြင်းပြီး ခေတ်မှီတဲ့ နည်းပညာ စစ်ပွဲ (အီလက်ထရောနစ် စစ်မြေပြင်) မှာ အသုံးပြုဖို့ ဖန်တီးထားတဲ့ တိုက်လေယာဉ် ဖြစ်ပါတယ်။ ဝေဟင်မှ ဝေဟင် တိုက်ပွဲ၊ ဝေဟင်မှ မြေပြင် တိုက်ပွဲများကို တိုက်ခိုက်နိုင်ပါတယ်။ Air Superiortiy fighter ဆိုတာ ရန်သူနယ်မြေ နိုင်ငံကို သိမ်းပိုက်ဖို့အတွက် ဝေဟင်ကို အရင်သိမ်းတဲ့ တိုက်လေယာဉ်များ ဖြစ်ပြီး သူဟာ လေယာဉ်မှ လေယာဉ် ပစ်ခေတ်ဖို့ ပို အထူးပြုထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ အီတလီ၊ စပိန် တို့မှာလောက်သာ မြင်တွေ့ ရတဲ့ လေယာဉ် အမျိုးအစား ဖြစ်ပြီး အိန္ဒိယမှာလည်း အနည်းငယ် ပိုင်ပါတယ်။
ဒါပေမယ့် F-22 လို လေယာဉ်ကတော့ အမေရိကန်သာ ပိုင်ဆိုင်ပြီး သူတို့တောင် အစီးရေအားဖြင့် ၁၉၅ စီးပဲ ထုတ်လုပ်နိုင်ပါသေးတယ်။ ၁၉၉၇ စက်တင်ဘာက စတင်ပြန်သန်ပြီး စတင် အသုံးပြုတာကတော့ ၂၀၀၅ ခုနှစ် ဖြစ်ပါတယ်။ တစ်စီးရဲ့ တန်ဖိုးက ၂၀၀၉ ခုနှစ်ငွေကြေးတန်ဖိုးအရ တွက်ချက်ရင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ မက ကုန်ကျ ပါတယ်။ ကုန်ကျစရိတ် များတာကြောင့် အမေရိကန်မှာတောင် အစီးရေ ဆက်ထုတ်ဖို့ မသေချာတော့တဲ့ အမျိုးစား ဖြစ်ပါတယ်။ တစ်ဦးတည်း လိုက်ပါ မောင်းနှင် နိုင်တဲ့ ဖိုက်တာ ဖြစ်ပါတယ်။
သူ့ကို တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုတို့မှာ အသုံးပြုပြီး ပရိုဂရမ် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်းချီ ရှိပါတယ်။ သူ့ကို အကြောင်းအမျိုးမျိုးကြောင့်
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment