မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် ကျောင်းဆရာမ နှစ်ဦးဖြစ်သော မရမ်နုဂျာ
(၁၉နှစ်) နှင့် မေခါင်ဆန် (၂၁နှစ်)တို့နှစ်ဦးမှာ ဇန်န၀ါရီလ ၂၀ရက်နေ့တွင်
၎င်းတို့နေထိုင်ရာ အိမ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြရပြီး DNA
စစ်ဆေးချက်အရ ကချင် ဆရာမနှစ်ဦးကို သတ်သူမှာ ကျေးရွာ အတွင်းမှ လူငယ်တစ်ဦး
ဖြစ်နေကြောင်း သိရသည်။
အဆိုပါ လူသတ်မှု အတွက် တပ်မတော်မှ သံသယရှိသူ
သုံးဆယ်ဦးနှင့် အဆိုပါ ကျေးရွာမှ သံသယရှိသူ ဆယ်ဦးတို့၏ ဆံပင်နမူနာများ
ရယူပြီး DNAကို စစ်ဆေးခဲ့ရာ ဆရာမများနေသော အိမ်အနီးတွင် နေထိုင်သူ
မာတီးဆိုသူ၏ DNAနှင့် သေဆုံးသူ ဆရာမများထံတွင် တွေ့ရသော လူသတ်သမား၏ DNAမှာ
တူညီနေသည်ကို တွေ့ရကြောင်း၊ လူသတ်မှုဖြစ်ပြီး နောက်နေ့ မနက်တွင် သူငယ်ချင်း
တစ်ဦးက ဆရာမများ အိမ်သို့သွားရန် မာတီးကို ၀င်ခေါ်ခဲ့ရာ မာတီးက
လိုက်လာပြီးမှ ဗိုက်နာသည်ဟုဆိုကာ ကျန်ခဲ့ကြောင်းနှင့် ဆရာမများ
အသတ်ခံရသည်ကိုတွေ့ပြီး မာတီးထံ သွားပြောရာ မာတီးက တုန်လှုပ်မှု မရှိဟု စစ်ဆေး
ရရှိထားကြောင်းလည်း သက်ဆိုင်ရာ တာတာဝန်ရှိသူများ ထံမှ သိရသည်။
ထို့အပြင် မာတီး၏ မိဘနှစ်ဦးက အခင်းဖြစ်သည့်နေ့တွင် မာတီးအိမ်တွင် မရှိဟု
ထွက်ဆို သော်လည်း ထိုအိမ်သို့ ရောက်ရှိနေသည့် ဧည့်သည်နှစ်ဦးက မာတီးသည်
အခင်းဖြစ်သည့်နေ့က အိမ်တွင်ရှိကြောင်း ထွက်ဆိုခဲ့သည်။ ယခုအခါ မာတီးသည်
တိမ်းရှောင်နေပြီး ရွာခံတို့က မာတီးသည် KIA တပ်ရင်း ၃၆ တွင်
သွားရောက်ခိုလှုံနေသည်ဟု ပြောဆိုနေကြောင်း သတင်းရရှိသည်။
အဆိုပါ
ဖြစ်စဉ်တွင် သေဆုံးခဲ့သူ ဆရာမနှစ်ဦး၏ နေအိမ်မှာ ဘုရားကျောင်းဝင်း အတွင်း
တည်ရှိပြီး ညနက်ချိန်တွင် အော်သံများကြောင့် အနီးရှိအိမ်မှ
ဒေါ်နော်ဂျာမိုင်က သွားရောက်တံခါး ခေါက်သော်လည်း ပြန်ထူးခြင်း မရှိပဲ မနက်
ဆရာမများ ကျောင်းသို့ ရောက်မလာသဖြင့် ကျောင်းသားများက အိမ်သို့သွားကြည့်မှ
သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍လည်း
အင်တာနက် စာမျက်နှာများနှင့် မီဒီယာများတွင် ရွာသို့ဖြတ်သွားသော တပ်မတော်
စစ်ကြောင်းက တပ်မတော်သားများက သတ်ဖြတ်သကဲ့သို့ ရေးသားဖော်ပြမှုများ
ရှိခဲ့ကြောင်း သိရသည်။
သို့သော် ကျေးရွာလူကြီးများနှင့်
ဘုရားကျောင်းသင်းအုပ် ဆရာတို့ကမူ တပ်မတော် စစ်ကြောင်းများ ရွာအတွင်း
ဖြတ်သွားပြီးနောက်မှ ဖြစ်သဖြင့် တပ်မတော်မှ မဖြစ်နိုင်ကြောင်း
ပြောဆိုခဲ့သည်။ ထိုရွာသည် ဇန်န၀ါရီလ ၁၄ ရက်က တပ်မတော် ယာဉ်တန်းကို
မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် နေရာ ဖြစ်ပြီး မူးယစ်ဂိုဏ်းသားများ၊
ကိုးကန့်သောင်းကျန်းသူများ အခြေချ နေထိုင်သည့် နေရာဖြစ်ကြောင်းလည်း သိရသည်။
တပ်မတော် စစ်ကြောင်းများ အနေဖြင့် မူဆယ်မြို့ကို စိုးမိုးထားသော ပွိုင့်
၄၅၆၁ တောင်ကြောပေါ်သို့ KIA အင်အား ၈၀ ၀င်ရောက်လာသဖြင့် ၀ိုင်းပတ်
ပိတ်ဆို့ရန် ချီတက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်မှ သိရသည်။
http://www.tomorrow.com.mm/?q=articles/1426
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 10, 2015
DNA စစ်ဆေးချက်အရ ကချင်ဆရာမနှစ်ဦးကို သတ်သူသည် ကျေးရွာအတွင်းမှ လူငယ်တစ်ဦး ဖြစ်နေဟုဆို
DNA စစ်ဆေးချက်အရ ကချင်ဆရာမနှစ်ဦးကို သတ်သူသည် ကျေးရွာအတွင်းမှ လူငယ်တစ်ဦး ဖြစ်နေဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 10, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment