Post by The Melting Pot 4 U.
မကွေးမြို့သို့ သွားရောက်နေသည့် သပိတ်မှောက်ကျောင်းသားများ ဒေါင်းသေချောင်းသို့ရောက်ရှိချိန် ညနေ ၆ နာရီတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးရောက်ရှိလာပြီး လမ်းလျှောက်မှုသည် ပုဒ်မ ၁၈ ဖြင့်ငြိစွန်းသည်ဟု ကျောင်းသားများကို လာရောက်သတိပေးခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်လံသတင်းယူနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။
သပိတ်မှောက်ကျောင်းသားများသည် ယနေ့ (တနင်္လာ)ညတွင် ကံပြားကျေးရွာ၌ တည်းခိုသွားမည်ဖြစ်ပြီး မနက်ဖြန်ဖေဖော်ဝါရီ ၃ ရက်တွင် မကွေးမြို့၌ လှည့်လည်ချီတက်သွားကြမည်ဖြစ်သည်။

No comments:
Post a Comment