Byငြိမ်းချမ်း
မန္တလေးမြို့မှ ချီတက်လာသော ပင်မကျောင်းသားသပိတ်စစ်ကြောင်း လမ်းကြောင်းပေါ်ရှိ မကွေးနှင့် ပဲခူးတိုင်းနယ်ခြား ယုန်ဖြူတောင်တွင် ဖေဖော်ဝါရီ ၉ ရက်က လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် / ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ခရီးရှည်လမ်းလျှောက်ချီတက်နေသော သပိတ်မှောက် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးမှ ညွှန်ကြားချက်ထုတ်ထားကြောင်း သတင်းရရှိသည်။
‘‘အကြမ်းဖက်ပြီးတော့ မလုပ်ဖို့၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ဒါတွေပါပဲ။ အကြမ်းမဖက်ဖို့ရာ ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်တားဆီးမယ်ဆိုတာ ပြောဖို့ နည်းနည်းခက်တယ်။ တိုင်းပြည် နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မထိခိုက်သရွေ့တော့ မဖြစ်သေးပါဘူး။ ပြောဆိုစည်းရုံး နားလည်အောင်ပဲလုပ်မှာပါ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေပြည်တော်မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ဇော်မင်းဦးက 7Day Daily အား ပြောကြားသည်။
ဖေဖော်ဝါရီ ၉ ရက်က ယုန်ဖြူတောင်တွင် သပိတ်မှောက် ကျောင်းသားများကို တားဆီးရန် လုံခြုံရေးဆောင်ရွက်ရာတွင် ရဲတပ်သားများသည် ဒိုင်းများ၊ တုတ်များကိုင်ဆောင်ထားသည်ကို မတွေ့ရဘဲ သံဆူးကြိုးများချထားသည့် နေရာနှင့် ခပ်လှမ်းလှမ်းတွင်သာ လုံခြုံရေးယူထားခြင်းကို တွေ့ရသည်။
‘‘သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းဖက်ပြီး မဖြို ခွင်းဖို့ ရဲချုပ်ရုံးက စာထုတ်ထားတယ်။ လုံခြုံရေးယူတာတောင်မှ သာမန်ရဲဝတ်စုံနဲ့ပဲ ယူခိုင်းထားတယ်။ ဒိုင်းတွေတောင် မကိုင်ခိုင်းဘူး’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေပြည်တော်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရန် ကန့်ကွက်သပိတ်မှောက်နေသော ပင်မသပိတ်မှောက်ကျောင်းသားများ၊ ပခုက္ကူသပိတ်မှောက်ကျောင်းသားများ၊ ဧရာဝတီ သပိတ်မှောက်ကျောင်းသားများ၊ ထားဝယ်သပိတ်မှောက်ကျောင်းသားများ၊ မုံရွာ၊ မွန်၊ ရခိုင်သပိတ်မှောက် ကျောင်းသားများသည် ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်လာနေပြီ ဖြစ်သည်။ ထိုသပိတ်မှောက်ကျောင်းသားများသည် ရန်ကုန်မြို့တွင် စုပေါင်း၍ သပိတ်တိုက်ပွဲကြီး ဆင်နွှဲသွားမည်ဟု ပြောဆိုထားသည်။
http://www.7daydaily.com/story/31450#.VNmMFvnF-Sp
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 9, 2015
သပိတ်မှောက်ကျောင်းသားများကို အကြမ်းဖက်မဖြိုခွင်းရန် ရဲချုပ်ရုံးညွှန်ကြား
သပိတ်မှောက်ကျောင်းသားများကို အကြမ်းဖက်မဖြိုခွင်းရန် ရဲချုပ်ရုံးညွှန်ကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment