Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 16, 2015

နွေဦးရာသီပွဲတော် အမီ အိမ်ထောင်ဖက်ကို ရယူလိုမှုကြောင့် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့သူအား တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး


တရုတ်နိုင်ငံတွင် နွေဦးရာသီ ပွဲတော်အမီ အိမ်ထောင်ဖက် ကိုရှာဖွေ နိုင်ရေးအတွက် ထင်ရာစိုင်းပြီး အမျိုးသမီး တစ်ဦးကို ပြန်ပေးဆွဲ ခဲ့သည့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ၄င်းနိုင်ငံမှ ထုတ်ဝေသည့် သတင်းစာတို့၌ ဖော်ပြ ထားသည်။

အသက် ၃၂ နှစ်ရှိ လျှို အမည်ရှိ အဆိုပါ အမျိုးသားသည် အိမ်ထောင်ဖက် ကို ရှာဖွေ မတွေ့ရှိ နိုင်ခြင်းကြောင့် မိသားစု၏ ဖိအားပေးခြင်း မှ ရှောင်ရှား နိုင်ရန် အတွက် အသက် ၂၄ နှစ် အရွယ် တန် အမည်ရှိ အမျိုးသမီး တစ်ဦးကို လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ပြန်ပေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ၊ ယင်းနောက် တန် ပျောက်ဆုံး နေခြင်းကို သူမ၏ ချစ်သူ အမျိုးသားက ဒေသတွင်း ရဲတပ်ဖွဲ့သို့ သွားရောက် တိုင်ကြား ခဲ့ရာမှ ရဲတပ်ဖွဲ့က စုံစမ်း ဖော်ထတ်ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် တိုင်ကြားမှု ဖြစ်ပွားပြီး နှစ်နာရီ အတွင်း တရားခံ လျှို ကို ဖော်ထုတ်၍ ဖမ်းဆီးနိုင်ခဲ့ပြီး အခင်း ဖြစ်ပွားပုံမှ စက်ရုံ ၀န်ထမ်းတစ်ဦး ဖြစ်သည့် မိန်ကလေး တန် သည် အလုပ်သွား နေစဉ် လမ်းခရီး၌ လျှို ၏ ရုတ်တရက် ဖမ်းဆီး ပြန်ပေးဆွဲခြင်း ခံခဲ့ရခြင်း ဖြစ်ပြီး ယင်းနောက် ပြန်ပေးဆွဲ ထားချိန်၌ လျှို က ၄င်းကို လက်ထပ်ရန် စည်းရုံးခဲ့ကြောင်း တန် က ရဲတပ်ဖွဲ့ ကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် နှစ်သစ်ကူး ကျင်းပရန် နီးကပ် လာသည်နှင့်အမျှ မိမိ အနေဖြင့် အိမ်ထောင်ဖက် တစ်ဦးကို ရှာဖွေ မတွေ့နိုင် သေးကြောင်း ၊ မိမိ၏ ညီအစ်ကို မောင်နှမ များမှာ ၄င်းတို့၏ အိမ်ထောင်ဖက် ချစ်သူ အသီးသီးနှင့် ဖြစ်နေချိန်တွင် မိမိ တစ်ဦးတည်းသာ အထီးကျန်ဆန် နေရကြောင်း ၊ ထို့ကြောင့် မိသားစုဝင် များ၏ ပြောဆို နေမှုကို မခံရရေး အတွက် ယခုကဲ့သို့ လုပ်ဆောင် ခဲ့မိခြင်း ဖြစ်ကြောင်း လျှို က ရဲတပ်ဖွဲ့ထံ သို့ ၀န်ခံ ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar

No comments:

Post a Comment