Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 7, 2015

အိုင်အက်စ်ကိုတိုက်ရန် သေနတ် ပြောင်းကိုင်လိုက်သည့် ဆရာမ


ဆီးရီးယားနိုင်ငံ ကိုဘိန်းအနီးက အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)တွေကို တိုက်ခိုက်နေတဲ့ ရှေ့တန်း စစ်မျက်နှာမှာ ကာဒစ်ရှ် မူလတန်းကျောင်ဆရာမတဦး ပါဝင် တိုက်ခိုက်နေပါတယ်။
လွန်ခဲ့တဲ့ ၅ လက ဒင်းနစ် စစ်ပန်ဟာ ကျောင်းကနေထွက်ပြီး ကာဒစ်ရှ် လူထု ကာကွယ်ရေး အဖွဲ့ (YPG) မှာ စနိုက်ပါသမားအဖြစ် ပါဝင်ခဲ့ပါတယ်။
“တကယ်လို့ ဒီလိုမဟုတ်ဘူးဆိုရင် နေရာအားလုံး အိုင်အက်စ်တွေနဲ့ ပြည့်ပြီးတော့ သူတို့က အားလုံးကို ဖျက်ဆီးလိုက်မယ်” လို့ စစ်ပန်က စီဘီအက်စ် သတင်းဌာနကို ပြောပါတယ်။
တိုက်ခိုက်တာတွေကို ရပ်ပြီး ကျောင်းမှာ စာပြန်သင်ဖို့ကတော့ မဖြစ်နိုင်သေးသလို မိမိကိုယ်ကိုယ် အပါအ၀င် သူငယ်ချင်း လူထုနဲ့ တိုင်းပြည်ကို ကာကွယ်ရဦးမယ်လို့ သူက ပြောပါတယ်။
အိုင်အက်စ်အဖွဲ့ကို အသာစီး တိုက်ခိုက်နေပေမယ့် YPG က လက်နက် မတောင့်တင်းတဲ့ အတွက် တခြားလူတွေနဲ့ အတူ စနိုက်ပါကို မျှဝေ အသုံးပြုနေရတယ်လို့ စစ်ပန်က ပြောပါတယ်။
မှောင်ခိုဈေးကွက်က ၀ယ်ထားတဲ့ လက်နက်တွေနဲ့ လယ်သမားတွေ အိမ်ရှင်မတွေ ဈေးသည်တွေစတဲ့ မိမိ စိတ်ဆန္ဒနဲ့ တိုက်ခိုက်နေသူတွေနဲ့ အတူ လက်တွဲပြီး  ဆရာမ စစ်ပန်က တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေက ဆက်ဖြစ်နေသလို သူတို့ တပ်ဖွဲ့က ရွာပေါင်း ၅၀ လောက်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
http://burmese.dvb.no/archives/80526/teacher-1

No comments:

Post a Comment