
အိုင်ဗရီကို့စ် နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးပာာ ဘုရင် ဖြစ်ချင်လို့ ကလေးတွေရဲ့ ဦးခေါင်းကို လိုက်လံ ဖြတ်ခဲ့ပြီး ယခုအခါ ဖမ်းဆီးခြင်း ခံလိုက်ရပြီ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ပြီးခဲ့တဲ့ လတွေမှာ ကလေး အယောက် (၂၀) ကျော်ရဲ့ ဦးခေါင်းတွေကို ဖြတ်ပစ် ခဲ့တယ်လို့ ရဲတပ်ဖွဲ့ က သံသယရှိ ထားတယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြထား ပါတယ်။ ဇန်န၀ါရီ (၂၅) ရက်မှာ အဘစ်ဂျန်မြို့ရှိ ဆင်ခြေဖုံး နေရာ တစ်ခုမှာ အသက် (၁၀) နှစ်အရွယ်နဲ့ အသက် (၁၄) နှစ်အရွယ် ကလေးနှစ်ဦးကို ခေါင်းဖြတ်ဖို့ ကြိုးစားရာ ကနေ တစ်ဆင့် ပြစ်မူ ကျူးလွန်သူကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ စီဒရစ်နဲ့ ဆိုလီမာလီ အမည်ရတဲ့ ကလေးငယ် နှစ်ဦးကို ဒရစ်ဆာက ဓားရှည်နဲ့ ခုတ်ထစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ စီဒရစ် နဲ့ ဆိုလီမာလီ တို့ဟာ သူတို့ တိုက်ခိုက်ခံ ရမယ်လို့ မထင်ထားကြ ပါဘူး။ ဒါပေမဲ့ ဒရစ်ဆာပာာ ၀ှက်ထားတဲ့ ဓားကို ဆွဲထုတ်ပြီး စီဒရစ်နဲ့ ဆိုလီမာလီတို့ကို လိုက်လံ ခုတ်ရာ ကလေးနှစ်ဦး ထွက်ပြေးခဲ့ပြီး အနီးမှာရှိတဲ့ စစ်စခန်းကို အကြောင်းကြားရာ ကနေ ဖမ်းမိ လိုက်ခြင်း ဖြစ်ပါတယ်။
ဒရစ်ဆာဟာ ကလေးတွေကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ငြင်းပယ်ထား ပေမယ့် ရဲတပ်ဖွဲ့က စွဲချက်တင် လိုက်ပြီ ဖြစ်ပါ တယ်။ ကလေး နှစ်ဦးကလည်း သူတို့ကို ဒရစ်ဆာ ဓားနဲ့ လိုက်ခုတ်ကြောင်း အခိုင်အမာ ထွက်ဆိုထား ပါတယ်။ အိုင်ဗရီကို့စ်မှာ ပြီးခဲ့တဲ့ လတွေ အတွင်း ကလေးငယ်တွေ ပျောက်ဆုံးမှုဟာ ဒရစ်ဆာနဲ့ ပတ်သက်နေတယ်လို့ ရဲတပ်ဖွဲ့က ယူဆထား ပါတယ်။ ဒရစ်ဆာပာာ ကလေး (၃)ဦးကို သတ်ခဲ့တယ်လို့ ၀န်ခံထား ပါတယ်။ ဒရစ်ဆာကို ရဲတပ်ဖွဲ့ က မေးမြန်းမှုတွေ ပြုလုပ်ရာမှာ ဘုရင်ဖြစ်ချင်လို့ ကလေး တွေ ဦးခေါင်းကို လိုက်လံ ဖြတ်နေတာလို့ ထွက်ဆိုခဲ့ ပါတယ်။ ဒရစ်ဆာက မိမိကို နတ်ဘုရားတွေက ခိုင်းစေခြင်း ဖြစ်ကြောင်း၊ ကလေးငယ်တွေ ဦးခေါင်းကို လိုက်လံ ဖြတ်ပါက ဘုရင် ဖြစ်လာမည်ဟု ပြောခဲ့ကြောင်း ထွက်ဆို ခဲ့တာ ဖြစ်ပါတယ်။ ဒီထွက်ဆိုမှု ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြသနာရှိ နိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ ပါတယ်။ စီဒရစ်ရဲ့ မိခင်ဖြစ်သူ ကတော့ ဒရစ်ဆာမှာ မည်သည့် စိတ်ဝေဒနာမှ မရှိကြောင်း ပြောကြားခဲ့ ပါတယ်။ ဒရစ်ဆာဟာ အသက်(၃၈) နှစ်ရှိနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ လတွေ ကတည်းက လမ်းမ ပေါ်မှာပဲ နေထိုင် နေသူ ဖြစ်တယ်လို့ သိရ ပါတယ်။ ဒီအမှုကို ရဲတပ်ဖွဲ့ က စုံစမ်းမှုတွေ ပြုလုပ်နေပြီး ခေါင်းဖြတ်သတ်ခံ ရတဲ့ ကလေး အရေ အတွက်ကို သိရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
The Messenger
No comments:
Post a Comment