Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 26, 2015

သူခိုးကဘုရင်ဖြစ်သောအခါ


၁၉၈၀ ပြည်.နှစ်က ကမ္ဘာကျော်ဂျပန်ရုပ်ရှင်ဒါရိုက်တာကြီး အာကီရာကူရိုဆာဝါ ( Akira Kurosawa ) ရိုက်ကူးသော ကာကီမူရှာ ( Kakemusha ) ဆိုသည်.ရုပ်ရှင်ကားတစ်ကားသည် ကမ္ဘာကျော်ခဲ.ပါ၏ ။ ဇာတ်လမ်းအကျဉ်းမှာ ၁၆ ရာစုနောက်ခံဂျပန်နန်းတွင်းဇာတ်လမ်းတစ်ပုဒ်ဖြစ်သည် ။ ဂျပန်နိုင်ငံတွင် မြေရှင်ပဒေသရာဇ်များသူတလူငါတမင်းနှင်.ထကြွသောင်းကျန်းသဖြင်.ပြည်တွင်းစစ်ဖြစ်နေသောအချိန်တွင် နိုင်ငံအုပ်ချုပ်သော ဘုရင်ကြီး Shingen Yakeda နတ်ရွာစံသွားပါသည် ။ ထိုအချိန်တွင် သူခိုးတစ်ယောက်သည် သူ၏ရာဇ၀တ်မှုအတွက် ကြိုးပေးသတ်ခံရလုဆဲဆဲဖြစ်သည် ။ ဖြစ်ချင်တော. ထိုသူခိုးမှာ မျက်နှာရော ခန္စာကိုယ်အချိုးအစားပါ ကွယ်လွန်သူဘုရင်ကြီးနှင်.ချွတ်စွပ်တူနေပါသည် ။ သူခိုးအမည်မှာ ကာကီမူရှာဖြစ်ပါသည် ။ ထို.ကြောင်.မူးကြီးမတ်ကြီးများသည် သူခိုးကိုမသတ်တော.ပဲ နန်းတော်ထဲသို.လျှို.၀ှက်ခေါ်ဆောင်လာကာ ဘုရင်ကြီးမသေသေးသယောင် အယောင်ဆောင်ဟန်ပြဘုရင်အဖြစ်နေစေ၍ တိုက်လက်စစစ်ပွဲကိုဆက်တိုက်ပါသည် ။ ဘုရင်ကိုလည်းဟန်ပြအဖြစ်သာထားပြီး တခါတရံမှသာလူတွေ.ခံပါသည် ။ ထိုလျှို.၀ှက်ချက်ကိုမူးကြီးမတ်ရာအချို.သာသိပါသည် ။ နန်းတွင်းမှလူများပင် သူခိုး ကာကီမူရှာကိုဘုရင်ကြီးအစစ်မှတ်နေပါသည် ။ သို.သော် ဘုရင်ကြီး၏ မြေးတော် ကလေးလေးက ကလေးသဘာဝအရ ဤသူသည်သူ.ဘကြီးတော်ဘုရင်ကြီးမဟုတ်ဘူးဆိုတာသိပါသည် ။ ဘုရင်ကြီး၏စီးတော်မြင်းကိုလည်းညာလို.မရပါ ။ သူ.သခင်မဟုတ်တာကိုသိသဖြင်. အစီးမခံပဲကျောပေါ်မှပေါက်ချပါသည် ။ သို.သော် မြင်းနှင်.ကလေးသာသိသဖြင်. ပြသနာမရှိပါ ။ ဤသို.နေလာရင်း ဘုရင်အတုသည် သူ.ကိုယ်သူဘုရင်အစစ်ထင်လာပါသည် ။ ဘုရင်အစစ်သဖွယ်ပြုမူလာပါသည် ။ နန်းတင်ခဲ.သောအမတ်ကြီးများကို ပမာမခန်.လုပ်လာပါသည် ။ တိုင်းပြည်အရေးအရာများကိုအလွဲလွဲအမှားမှား ဆုံးဖြတ်လုပ်ကိုင်လာပါသည် ။ သူခိုးဇာတိပြလာပါသည် ။ သူဘုရင်ဖြစ်တာလည်း သုံးနှစ်ကြာသွားပါသည် ။ ထိုအချိန်တွင် တိုက်လက်စစ်ပွဲတွေလည်းပြီးသွားပါသည် ။ ဘုရင်ကြီးရှိသေးသည်ဟုထင်သဖြင်. ရန်သူတို.ကိုရွပ်ရွပ်ချွန်ချွန်တိုက်ခိုက်ရာ ရန်သူများရှုံးသွားပြီး သူခိုးဘုရင်ကြီးတို.ဘက်က စစ်နိုင်လိုက်ပါသည် ။ထိုအခါအမတ်များသည်အချိန်မဆိုင်းပဲ ဤဘုရင်ကြီးမှာအတုဖြစ်ကြောင်း ၊ ဘုရင်အစစ်မှာ နတ်ရွာစံတော်မူသည်မှာကြာပြီဖြစ်ကြောင်း တိုင်းပြည်သို.ကြေငြာလိုက်ရာ တိုင်းသူပြည်သားများက ဘုရင်အတုကို ခဲများဖြင်.ပစ်ပေါက်နှင်ထုတ်ကြပါသည် ။ထိုအခါမှ လူတွေလေးစားသည်မှာ သူ.ကိုမဟုတ်ပါလား ။ ကွယ်လွန်သွားသောခေါင်းဆောင်ကြီးကိုပါလားဟုသိလာသော ကာကီမူရှာသည် နိုင်ငံအတွက် တခုခုလုပ်ပေးရန်ရည်ရွယ်ချက်ဖြင်. ရှေ.တန်းစစ်မျက်နှာတွင်တိုက်ပွဲဝင်မည်. တပ်သားများနှင်.လိုက်သွားကာ စစ်မြေပြင်တွင်ဝင်ရောက်တိုက်ခိုက်ရာမှ မထင်မရှားကျဆုံးသွားပါသည် ။ သူ၏ခန္ဒာကိုယ်သည် မြင်းပေါ်မှပြုတ်ကျကာ စမ်းချောင်းကလေးတခုထဲတွင်မျောပါရင်းမထင်မရှား ဘ၀နိဂုံးချုပ်ရပုံနှင်. ဇာတ်သိမ်းထားပါသည် ။ ဤဇာတ်လမ်း၌တွေးမိသည်မှာ ရာဇပလ္လင်ထက်သို.ရောက်လာကြသူတိုင်းသည် ထိုက်တန်စွာရောက်လာကြသူများမဟုတ် ။ သူခိုးကလည်းနိုင်ငံ.အခြေအနေအရဘုရင်ဖြစ်နိုင်သေးသည် ။ သို.သော် ထိုဘုရင်သည် သန္စေမမှန်သောဘုရင်ဖြစ်သဖြင်. တိုင်းသူပြည်သားများ၏မေတ္တာအစစ်ကိုမရနိုင်ဆိုသောဒသနပင်ဖြစ်သည်။ ကွယ်လွန်သွားရှာပြီဖြစ်သော ခေါင်းဆောင်ကြီးကား တိုင်းသူပြည်သားများကိုရင်ဝယ်သားကဲ.သို.သနားကြင်နာသောဘုရင်တပါးဖြစ်သောကြောင်.လူထုကချစ်ခင်ကြပေသည် ။ သူတို.ချစ်သောဘုရင်ကြီးမဟုတ်ပဲပလ္လင်ပေါ်တက်ထိုင်နေသောအခါ လူထုကအင်မတန်အော.နှလုံးနာကာရွံရှာမုန်းတီးကြလေသည် ။ ကူရိုဆာဝါသည် မြန်မာနိုင်ငံကိုကြည်.ပြီးတော.များ ဤဇာတ်လမ်းကိုရုပ်ရှင်ရိုက်ခဲ.သလားဟုထင်ယောင်မိပါသည် ။ ကျွန်တော်တို.မြန်မာနိုင်ငံသည် ပြည်သူချစ်သော ဘုရင်အစစ်နှင်.တူသော လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရှိပါသည် ။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် တစ်ယောက်ပြီးတစ်ယောက်နန်းပလ္လင်ပေါ်သို.တက်လာကြ၇ာ ဦးနုစသော ထိုက်တန်သည်.သူအနည်းငယ်ပါဝင်သော်လည်း ၁၉၆၂ မှစကာ မဆီမဆိုင်သူများက ရာဇပလ္လင်ပေါ်သို. ကာကီမူရှာဇာတ်ခင်းကာ တယောက်ပြီးတယောက်ဝင်ရောက်ကပြအသုံးတော်ခံခဲ.ပါသည် ။ကြွယ်ဝချမ်းသာသောမြန်မာနိုင်ငံသည် ကာကီမူရှာများကြောင်. တဖြည်းဖြည်းဖွတ်ကျောပြာစုကာဆင်းရဲမွဲတေခဲ.ရပါသည် ။ မြန်မာ.ရာဇ၀င်တွင်အင်းဝသူတိုးမင်းဖျားလက်ထက်က သူခိုးကြီးငတက်ပြားမှာနာမည်ကျော်သည် ။ထိုသူခိုးကြီးသည် အင်းဝမြို.တော်အတွင်းသောင်းကျန်းနေသော်လည်းမည်သို.မျှဖမ်း၍မမိသဖြင်. ဘုရင်မင်းတရားကြီးကိုယ်တိုင်သူခိုးအယောင်ဆောင်၍ ဖမ်းသည်တွင်မှလက်ရဖမ်းမိသည် ။ ထိုအခါ သတိုးမင်းဖျားသည် ဓါး လှံ ပေါက်ဆိန် တံကျင်စသောလက်နက်အမျိုးမျိုးကိုပြကာ “ သူခိုးငတက်ပြား သင်သည်ယခုပြထားသောလက်နက်အမျိုးမျိုးထဲမှ ဘယ်လက်နက်ဖြင်.သေချင်သနည်း ၊ အလိုရှိရာကိုပြောလော. “ ဟုသေလမ်းကိုရွေးစေ၏ ။ ငတက်ပြားလည်း သေမထူးနေမထူးပြီဖြစ်၍ “ အရှင်မင်းတရားကြီး သေရမည်အမှန်ဖြစ်၍ သင်နှစ်သက်ရာလက်နက်နှင်.စီရင်ပါ ၊ လိုချင်တာအမှန်ကိုပြောရလျှင် သင်.မိဖုရားကြီးစောဥမ္မာကို လိုချင်ပါသည် “ ဟုရဲဝံ.စွာလျှောက်ထားလိုက်လေသည် ။ ခိုးသည်ကိုမကြိုက်သော်လည်း သေမှာကိုမကြောက်မရွံ.ပမာမခန်.ပြန်ပြောဝံ.သော သူရဲကောင်းသတ္တိစိတ်ဓာတ်ကိုသဘောကျသောကြောင်. မသတ်တော.ပဲ ရွှေတိုက်စိုးရာထူးပေးပြီး ဘဏ္ဍာတော်များကိုမပျောက်မရှအောင်စောင်.ရှောက်စေသည်ဟူ၏ ။ဤအဖြစ်အပျက်ကြောင်. သူခိုးကိုရွှေတိုက်စိုးခန်.သည်ဟူသောစကားပုံပေါ်ပေါက်လာခြင်းဖြစ်သည် ။ ငတက်ပြားသည် သူခိုးဖြစ်သော်လည်း သူ၏တာဝန်ကိုကြေသည် ။ ရွှေတိုက်မှ ဘုရင်.ဘဏ္ဍာတော်များကိုမပျောက်မရှရအောင်ကာကွယ်ပေးနိုင်သည် ။ သူ၏သူခိုးဇာတိကိုလည်းစွန်.နိုင်သူဖြစ်သည် ။ငတက်ပြားလိုသူခိုးမျိုးကတော.ရှားပါသည် ။ ယနေ.ခေတ်အခါသမယတွင် တိုင်းပြည်သည် သခွပ်ပင်ကမီးတကျဉ်ကျဉ်ဖြစ်နေ၏ ။ အစိုးရမှာပြသနာပေါင်းစုံဖြင်.အရူးမီးဝိုင်းဖြစ်နေသည် ။ ရုပ်သေးရုပ်ကြိုးရှုပ်သလို ကိုယ်စခဲ.သောဇာတ်ရှုပ်များကိုကိုယ်မရှင်းနိုင်သလိုဖြစ်နေပေ၏ ။ ပထမဆုံးအဖြစ် လွှတ်တော်ကတရားဝင်ဆုံးဖြတ်ထားသော ခြောက်ပွင်.ဆိုင်တွေ.ဆုံဆွေးနွေးရေးကိုယခုထက်တိုင်အကောင်အထည်မဖော်နိုင်ပဲဖြစ်နေသည် ။ လာချင်လျှင်အနီးကလေး ၊မလာချင်လျှင်ခရီးဝေးဆိုသကဲ.သို. ဆန္ဒရှိလျှင် တမနက်အတွင်းစီစဉ်၍ တွေ.ဆုံညှိနိုင်းပွဲဖြစ်လောက်အောင် လူခြောက်ယောက်သည် နေပြည်တော်တမြို.ထဲမှာရှိနေကြပါလျက် ဆန္ဒနှင်.စေတနာမရှိသောအခါ ဟိုလူပါမှ သည်လူပါမှဟုအချိန်အမျိုးမျိုးဆွဲနေလျက် အချိန်များအလဟသပြုန်းတီးရလေသည် ။ ဒုတိယအရှုပ်တော်ပုံမှာ ၀ှိုက်ကတ်ခေါ်ယာယီသက်သေခံလက်မှတ်ဖြင်. နိုင်ငံသားမဟုတ်သူများကို မဲပေးခွင်.ပြုခဲ.သောကိစ္စဖြစ်သည် ။ သာမန်စဉ်းစာဥာဏ်ဖြင်.စဉ်းစာလျှင်ပင် နိုင်ငံတနိုင်ငံတွင် မဲပေးခြင်းစသော နိုင်ငံတော်၏အမြင်.ဆုံးသောအရေးအရာကိစ္စများတွင် နိုင်ငံသားမဟုတ်သူများဝင်၍မဲပေးခွင်.မပြုသင်.ကြောင်း ပြည်တွင်းပြည်ပ ဘယ်နိုင်ငံကိုပဲကြည်.ကြည်.အလွယ်တကူသိနိုင်သည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေထဲမှာလည်းရှင်းရှင်းလင်းလင်းရေးထားပြီးဖြစ်သည် ။ ထိုသို.ရှင်းနေသည်ကိုလွှတ်တော်က မဲပေးခွင်.မပြုဟုဆုံးဖြတ်သည် ။ သမ္မတကြီးက မဲပေးခွင်.ပြုလိုက်ပါဟုသ၀ဏ်လွှာပြန်ပို.သည် ။ နဂိုက ၀ှိုက်ကတ်ကိုင်ဆောင်သူတွေမဲပေးခွင်.မပြုဆိုသောလွှတ်တော်သည် ရက်ပိုင်းအတွင်းစိတ်ပြောင်းသွားကာ မဲပေးခွင်ပြုသည်ဖြစ်ပြန်သည် ။ နောက်တော.တတိုင်းတပြည်လုံးကအုံးအုံးကျက်ကျက် ကန်.ကွက်ဆန္ဒပြကာ မျိုးချစ်လွှတ်တော်အမတ်အချို.ကဖွဲ.စည်းပုံအခြေခံဥပဒေခုံရုံးတင်ကာ ခုံရုံးက ဤသို.မဲပေးခွင်.ပြုခြင်းမှာ အခြေခံဥပဒေနှင်.မညီဟုဆုံးဖြတ်လိုက်သောအခါမှ သမ္မတကြီးသည် ၀ှိုက်ကတ်များသက်တမ်းကို မတ်လကုန်လျှင်ဖျက်သိမ်းတယ်ဟုပြောလာပြန်သည် ။ အရာရာသည် တောင်ရောက်မြောက်ရောက်ထင်သလိုလုပ်နေခြင်းဖြစ်သည် ။ ကျီးကန်းသည် မည်းပါသည်ဆိုခြင်းကိုဖြူပါသည်ဟု သ၀ဏ်လွှာပို. ၀ိုင်းဝန်းဆုံးဖြတ်ကြပြီး မှ ခုံရုံးကကျီးကန်းသည်အမည်းကြီးဟုပြောသဖြင်. အမည်းဟုပြင်ဆင်သတ်မှတ်လိုက်ကြောင်း ၊ ကျီးကန်းသည်အဖြူပါဟုကြေငြာချက်သည် မတ်လ ၃၁ ရက်နေ.တွင်သက်တမ်းကုန်မည်ဖြစ်ကြောင်းကြေငြာသလိုဖြစ်နေပါသည် ။ နဂိုထဲက အဖြူအမဲရှင်းနေသောကိစ္စကို မရှုပ်ရှုပ်အောင်လုပ်ကြခြင်းမှာ သဘောရိုးမှဟုတ်ပါလေစ ဟုတွေးမိပါသည် ။ဥာဏ်ကြီးရှင်တို.ဦးနှောက်မှာရွှေချထားချင်စရာပင်ကောင်းသေး၏ ။ ဤကိစ္စမတိုင်မီက မရှုပ်မရှင်းကိစ္စတခုကိုလွှတ်တော်ကဖန်တီးခဲ.သေး၏ ။ ပြည်သူ.လွှတ်တော်ရွေးကောက်ပွဲကို မူလကျင်းပနေသော စနစ်မှ အချိုးကျကိုယ်စားပြုစနစ်သို.ပြောင်းမည်ဟု လွှတ်တော်တွင်အဆိုတင်သူကတင် ၊ထောက်ခံသူကထောက်ခံဖြင်. လက်ဝါးချင်းရိုက်ကာဆောင်ရွက်ခဲ.ကြ၏ ။ နောက်ဆုံးတွင် ထုံးစံအတိုင်းအခြေခံဥပဒေခုံရုံးသို.ရောက်၏ ။ အခြေခံဥပဒေခုံရုံးက P.R ခေါ်အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်သည်အခြေခံဥပဒေနှင်.မညီဟုဆုံးဖြတ်လိုက်မှကိစ္စပြတ်တော.၏ ။ ကျွန်တော်တို.နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များသည် ခုံရုံးကမပြောမချင်း အဖြူအမည်း မခွဲတတ်ကြောင်းပြဆိုနေသလိုရှိပေ၏ ။ ယခုလည်း လာပြန်ပေသည် အမျိုးသားလွှတ်တော်အတွက်ကျင်းပမည်.ရွေးကောက်ပွဲစနစ်သည် ယခင် FPTP စနစ်ပဲလား၊ ကြံ.ခိုင်ရေးနှင်. NDF ပါတီဝင်အမတ်များလိုလားတောင်.တနေသော P.R စနစ်ဖြင်.ပဲသွားမှာလား ဆိုတာမသဲကွဲသေးပေ ။ ထုံးစံအတိုင်း ကိုယ်.ဥာဏ်နှင်.မဆုံးဖြတ်တတ်သောကြောင်. ဖွဲ.စည်းပုံအခြေခံဥပဒေခုံရုံးရောက်မှကိစ္စပြတ်ကြဦးမည် ။ နောက်ထပ်မပြတ်မသားကိစ္စတခုမှာ ယနေ.အချိန်အထိ အလုပ်သမားတို.၏အနိမ်.ဆုံးလုပ်ခလစာ ကိုအပြီးသတ် သတ်မှတ်နိုင်ခြင်းမရှိသေးမှုဖြစ်သည် ။ ထို.ကြောင်.လုပ်ခလစာနှင်.ခံစားခွင်.အလွန်နည်းသော အလုပ်သမားများ၏ဆန္ဒပြပွဲများ ၊လစာတိုးပေးရေးတောင်းဆိုမှုများအတော်မသတ်အောင်ဖြစ်ပေါ်နေခြင်းဖြစ်သည် ။ အစိုးရနှင်.လွှတ်တော်သည် အချို.နေရာများတွင် မြန်မြန်ဆန်ဆန်လုပ်ရမည်. အလုပ်များကို ပြီးစီးအောင်မလုပ်ပဲအချိန်ဆွဲနေသလိုရှိသဖြင်. ပြသနာများရှည်ကြာကာတိုင်းပြည်နစ်နာရသည် ။အမျိုးသားပညာရေးဥပဒေကြောင်.ကျောင်းသားများသပိတ်မှောက်စစ်ကြောင်းများချီတက်ကြခြင်းမှာ နဂိုတည်းက မရှုပ်မရှင်းနှင်. ကျောင်းသားများစကားကိုအလေးမထားခဲ.ကြသောကြောင်.ဖြစ်သည် ။ယခုလည်းကျောင်းသားတို.တောင်းဆိုချက် (၁၁)ချက်ကို ရိုးရိုးသားသားညှိနှိုင်းလိုက်လျောရမည်.အစား မ.ဘ.သ ဖြင်.ကျောင်းသားကိုလှည်.တိုက်နေတာလည်းအစိုးရ၏မရိုးသားသည်.လုပ်ရပ်ဖြစ်သည် ။ မ.ဘ.သ သည်အစိုးရ ဆင်သောအကွက်ထဲသို. မ၀င်သင်.ပေ ။ အစိုးရ၏လက်ကိုင်တုတ်အဖြစ်မခံသင်.ပေ ။ကျောင်းသားများသည်တမျိုးသားလုံးပညာရည်တိုးတက်ရေးကိုဆောင်ရွက်နေခြင်းဖြစ်သဖြင်. သွေးမကွဲသင်.ပေ ။ လက်ပန်းတောင်စီမံကိန်းသည်လည်း ဒေါ်အောင်ဆန်းစုကြည်တို.တင်ပြသော လိုက်နာရမည်.စည်းမျဉ်းစည်းကမ်းများကိုအကောင်အထည်ဖော်ရေးကော်မတီကလစ်လျှူလျှုကာထင်ရာစိုင်းသောကြောင်.နောက်ဆက်တွဲပြသနာမျာဖြစ်ပေါ် လာခြင်းဖြစ်သည် ။ အရုမီးဝိုင်းဖြစ်ရမှုတွင် ယခုလတ်တလောဖြစ်ရသောတိုင်းရင်းသားလက်နက်ကိုင်များနှင်.တိုက်ပွဲဖြစ်ရခြင်းလည်ပါဝင်သည် ။ မြန်မာနိုင်ငံ၏ ဆင်း၇ဲနွမ်းပါးမှုနှုန်းမှာ ၃၇ ဒဿမ ၅ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများအကြားဆင်းရဲမှုနှုန်းအမြင်.မားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ကမ္ဘာ.ဘဏ်အစီရင်ခံစာတွင်ထည်.သွင်းဖော်ပြခံရပါသည်။၎င်းအပြင်မြန်မာနိုင်ငံသည် မွေးကင်းစကလေးနှင်.ကလေးငယ်သေဆုံးမှုဒုတိယအမြင်.ဆုံးနိုင်ငံဖြစ်သည်ဟုဆိုပါသည် ။ ( Daily Elelven 22.2.2015 ) . မြန်မာနိုင်ငံဆင်းရဲရသည်.အကြောင်းများထဲတွင် လုပ်သားများ၏ထုတ်လုပ်မှုနိမ်.ကျခြင်း ၊ ကျေးလက်ဒေသအနှံ.အပြားတွင်လယ်ယာကဏ္ဍမှထုတ်လုပ်နိုင်မှုနိမ်.ကျနေခြင်း၊မြေယာမပိုင်ဆိုင်မှု ၊ အခြေခံအဆောက်အအုံ အားနည်းခြင်း၊ ပဋိပက္ခ ၊ လူမျိုးရေးပြသနာများ ၊ အစိုးရ၏မူဝါဒပိုင်းဆိုင်ရာအားနည်းချက် အချို.ကြောင်.ဖြစ်ကြောင်းအစီရင်ခံစာကဖော်ပြနေပေသည် ။ ကျွန်တော်.အမြင်ပြောရလျှင်မူဝါဒပိုင်းအားနည်းမှုမှာ အကျင်.ပျက်ခြစားမှုကိုလစ်လျူလျှုနေခြင်း နှင်. ကိုယ်ကျိုးအတွက်လုပ်လွန်းခြင်းဖြစ်ပါသည် ။ အကောင်းအဆိုး မခွဲတတ်ခြင်းသည်လည်း စီမံခန်.ခွဲမှုအလွဲထဲတွင်ပါဝင်ပါသည် ။ ကျွန်တော်ထားဝယ်ခရိုင် ကံပေါက်ဒေသသို.စာပေဟောပြောပွဲသွားရောက်ခဲ.စဉ်က ဒေသခံများကပြောကြသည်မှာ သူတို.ရွာ သူတို.ဒေသအနီးမှ သဘာဝဓါတ်ငွေ.ပိုက်လိုင်းကြီးသွယ်တန်းပြီးသဘာဝဓါတ်ငွေ.များထိုင်းနိုင်ငံသို.တင်ပို.နေသည်မှာ ဆယ်.ကိုးနှစ်ရှိခဲ.ပြီဖြစ်ကြောင်း ၊ သို.သော်သူတို.ဒေသတွင် ယနေ.အချိန်အထိလျှပ်စစ်မီးမရကြောင်း ၊ ပြင်ပပုဂ္ဂလိက မီးပေးသူထံမှလျှပ်စစ်တယူနစ်လျှင်၃၅၀ ကျပ်ပေးပြီးဝယ်သုံးရကြောင်း ၊ ဈေးကြီးပေးပြီးသုံးရသော်လည်း ညဆယ်နာခွဲကျော်လျှင် မီးမရတော.ကြောင်း ၊ သူတို.ဒေသတွင် G.S.M ၊ အော်ရီဒူး ၊ တယ်လီနော မည်သည်.တယ်လီဖုန်းလိုင်းမှမမိကြောင်း ၊ အင်တာနက်ဆိုတာချိုနဲ.လားဟုမေးရမှာဖြစ်သဖြင်. သူတို.ဒေသမှသတင်းများ ကိုသတင်းဌာနများ ၊ဂျာနယ်များသို.ပို.ရန်ပင်မလွယ်ကြောင်း ၊ အင်တာနက်သတင်းများကိုလည်းသူတို.ဘာမှမသိကြောင်း ၊ လောကကြီးနှင်.အဆက်ပြတ်နေပါကြောင်း ပြောကြပါသည် ။ အံ.သြကုန်နိုင်ဖွယ်ပင် ။ ထိုဒေသတွင် Total / PTTEP စသော ကမ္ဘာကျော်ရေနံကုမ္မဏီကြီးများစာချုပ်ချုပ်ဆိုလုပ်ကိုင်နေသော်လည်း ဒေသခံတို.ခုထိလျှပ်စစ်မီးမရသေးခြင်းမှာ ညံ.ဖျင်းလှသောစီမံခန်.ခွဲမှုဖြစ်သည် ။ စီမံကိန်းတခုရောက်လာလျင် စီမံကိန်းခွင်.ပြုချက်လက်မှတ်ထိုးပေးသော ပုဂ္ဂိုလ်ကြီးများသည် ငါ.အိပ်ထဲဘယ်လောက်ထည်.မည်ဆိုသည်ထက် တိုင်းပြည်အတွက် ၊ ဒေသအကျိုးအတွက် စဉ်းစားပေးခဲ.ကြပါက မြန်မာနိုင်ငံပြည်သူများ၏လူနေမှုအဆင်.သည်ဤမျှအောက်ကျမည်မထင်ပေ ။ ယခုအခါ တွင်လည်း မြန်မာ.ရေပိုင်နက်အတွင်းသဘာဝဓါတ်ငွေ.တူးဖော်နေသည်. ထိုင်းနိုင်ငံ PTTEP ကုမ္မဏီသည် မြန်မာအလုပ်သမားနှင်.ထိုင်းအလုပ်သမားများကိုခွဲခြားဆက်ဆံခြင်း ၊ မြန်မာ.ပင်လယ်ပြင်အတွင်းသို. ဓါတ်ငွေ.တူးဖော်ရာမှထွက်လာသောစွန်.ပစ်ပစ္စည်းများကိုတိုက်ရိုက်စွန်.ပစ်ခြင်းကြောင်းပင်လယ်ပြင်ညစ်ညမ်းခြင်းတို.ကြောင်. မြန်မာဝန်ထမ်းများဆန္ဒပြကန်.ကွက်နေကြပါ၏ ။ ခွင်.ပြုမိန်.ပေးခဲ.သော ပုဂ္ဂိုလ်ကြီးများသည် ထုံးစံအတိုင်းမသိချင်ယောင်ဆောင်ကာ ကိုယ်.မြန်မာအလုပ်သမားတွေကိုပဲ အရေးယူမလားဆိုတာစောင်.ကြည်.ရပေမည် ။ရွှေပြည်သာတွင်လဲငြိမ်းချမ်းစွာဆန္ဒပြနေသောအလုပ်သမားများကိုရဲတပ်ဖွဲ.မှအင်အားသုံးကာဖြေ၇ှင်းခဲ.၏ ။ လုပ်နည်းလုပ်ဟန်မှာယခင်ကအတိုင်းပင် ။ အာဏာပိုင်အဆက်ဆက်လုပ်ခဲ.တာကတော. ကိုယ်.အတွက်ရသလောက်ယူမည် ။ တိုင်းပြည်နှင်.လူမျိုးဘာဖြစ်ဖြစ်ဝါဒဖြစ်သည် ။ ဤသို.ဖြင်.တောတွေကုန်သည် ။တောင်တွေကုန်သည် ။ သဘာဝသယံဇာတတွေကုန်သည် ။တောရိုင်းတိရိစ္ဆာန်တွေကုန်သည် ။ ရေသယံဇာတတွေ ငါးတွေ ပုဇွန်တွေကုန်သည် ။ မြစ်ချောင်းတွေ ပင်လယ်တွေညစ်ညမ်းကုန်သည် ။ လေထုထဲသို.ကျောက်မီးသွေးအမှုန်တွေနှင်. ကာဗွန်ဓါတ်ငွေ.တွေပျံ.ကုန်မည် ။ ပြီးတော. ကဲ.ယူထားသော ဒေါ်လာများကို စင်္ကာပူ ၊ ဟောင်ကောင် ၊ဖူးခက်ကမ်းခြေများမှာ သွားရောက်အပန်းဖြေမည် ။ ဒူဘိုင်းမှာအိမ်ဝယ်မည် ။ ဆွဇ်ဇာလန်မှာဘဏ်စာရင်းဖွင်.မည် ။ တိုင်းသူပြည်သားတွေပဲ အမှိုက်တွေထဲမှာကျန်ခဲ.ကြမည် ။ကင်ဆာရောဂါတွေရကြမည် ။ မြန်မာနိုင်ငံတွင်ကျေးရွာ ခြောက်သောင်းခွဲခန်.၇ှိသည် ။ ထိုကျေးရွာ အများစုမှာလျှပ်စစ်မီးမရသေး ။ ကျန်းမာရေးဆေးပေးခန်းဟူသည် မရှိ ။ မြန်မာကလေးအများစုသည်အာဟာရမပြည်.၀မှုနှင်.ရင်ဆိုင်နေရသည် ။ကလေးတွေမှာကစားစရာ အားကစားကွင်မရှိကြ ။ မူလတန်းကျောင်းပင်မရှိသောရွာများရှိနေသေးသည် ။ တိုင်းပြည်ဘဏ္ဍာများသည်ဘယ်ကိုရောက်ကုန်သနည်း ။ တောမှာလည်းမရှိ ။မြို.မှာလည်းမရှိပါ ။ ထိုအချိန်တွင် ဗိုလ်ရှုခံအဆောက်အဦဆောက်လုပ်ရေးအတွက်အကုန်ခံလိုက်သောငွေမှာကြောက်ဖွယ်လိလိ ။ဆီးသီးဗန်းသည်မှောက်ရုံသာမဟုတ်တော. ဆီးသီးတင်လာသောကားကြီးများတစီးပြီးတစီး နောက်ဖုံးဖွင်.ပြီး သူတို.ဂိုထောင်ထဲသို.သွန်ချသည်.သဖွယ်ဖြစ်နေပေသည် ။ ကြောက်ရမည်.သူလဲမရှိတော. ။ မီဒီယာ၏ပါးစပ်အား ဥပဒေ များ၊အမိန်.များ ၊ ပုဒ်ထီးပုဒ်မများဖြင်.ပိတ်ခဲ.ပြီ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကား စက္ကူကျားတစ်ကောင်ဖြစ်ခဲ.ပြီ ။ ဂျပန်နိုင်ငံ၏ကာကီမူရှာ ရုပ်ရှင်ထဲတွင်တော. စစ်မက်ဖြစ်နေသောကာလဖြစ်သဖြင်. သူခိုးကိုဘုရင်ယောင်ဆောင်ခိုင်းသောဖြစ်ရပ်ပေါ်ပေါက်ခဲ.ဖူးပါသည် ။ သို.သော်ထိုသူခိုးမှာ ကြာသော်ဘုရင်စိတ်ဝင်ကာ သူ.ကိုယ်သူတကယ်.ဘုရင်ဟုထင်မှတ်လာသဖြင်. စစ်ကြီးပြီးသည်နှင်.ရာထူးမှအလျှင်အမြန်ဖယ်ရှားခဲ.ရဖူးပါသည် ။ ထိုဖြစ်ရပ်မှာရုပ်ရှင်ထဲမှာဖြစ်သဖြင်. အပြင်မှာတကယ်ရှိချင်မှရှိပေလိမ်.မည် ။စိတ်ကူးယဉ်ဇာတ်လမ်းဆင်ကာရိုက်ထားခြင်းဖြစ်ပေလိမ်.မည် ။ သို.မဟုတ် လူတယောက်၏စိတ်ကိုအာဏာကပြောင်းလဲသွားစေနိုင်ပုံကိုဖော်ကျူးထားခြင်းလည်းဖြစ်နိုင်ပါသည် ။ သို.သော် ကာကီမူရှာသည် သူခိုးဘ၀မှ ဘုရင်ဖြစ်လာနိုင်ခြင်းသည် သူတို.ဆီတွင် ပြည်တွင်းစစ်ဖြစ်နေ၍ စစ်နိုင်စေရန် အမတ်ကြီးအချို.က၊ အောင်.အည်းတင်မြှောက်ခဲ.ခြင်းဖြစ်ပါသည် ။ အဓိကမှာ စစ်ပွဲဖြစ်သည် ။ စစ်ဆိုတာသာမရှိခဲ.လျှင် သူခိုးတယောက်သည် ဘယ်လိုမှဘုရင်ဖြစ်လာမည်မဟုတ်ပေ ။ သူခိုးကဘုရင်ဖြစ်လာတော.တိုင်းပြည်နာသည်ဆိုခြင်းမှာ ရုပ်ရှင်ထဲမှာတော.အမှန်ဖြစ်လေသည် ။ 

သရ၀ဏ်(ပြည်)
 စောင်.ကြည်.ဂျာနယ် ၃.၃.၂၀၁၅
 Ko Nyi

No comments:

Post a Comment