Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 10, 2015

အမှုအခင်းအဖြစ်များသည့် နေရာများတွင် အင်းလျားကန်ပေါင်နှင့် ပြည်သူ့ရင်ပြင် ပါဝင်


ရန်ကုန်တိုင်းအတွင်း မှုခင်းအဖြစ်များသည့် နေရာများ တွင် ပြည်သူ့ရင်ပြင်၊ အင်းလျား ကန်ဘောင်၊ မျှော်စင်ကျွန်းနှင့် သီရိမင်္ဂလာဈေးသစ်တို့ ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါနေရာများတွင် ခိုက် ရန်ဖြစ်ပွားခြင်း၊ လုယက်မှုဖြစ်ပွားခြင်း၊ ခါးပိုက်နှိုက်ခံရခြင်းစသည် တို့ဖြစ်ပွားတတ်ပြီး ရဲတပ်ဖွဲ့ကအဆိုပါနေရာများတွင်ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရ ကြောင်း သိရသည်။

‘‘လူစည်ကားတဲ့နေရာတွေ ဆိုတော့ လူပေါင်းစုံလာတယ်။ ပျော်ချင်လို့ လာတဲ့သူတွေရှိသ လို တချို့ကလည်း ရည်ရွယ်ချက်ရှိ ရှိနဲ့ ငွေလာရှာတဲ့ သူတွေလည်း ရှိတယ်။ ဒီလိုနေရာမျိုးတွေမှာ အကောင်းဆုံးကတော့ ဘယ်သူ တွေနဲ့ လာလာအချိန်နောက်ကျ တာတော့ မကောင်းပါဘူး’’ ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

၂၀၁၄ အတွင်း မှုခင်းအဖြစ် အများဆုံးမြို့နယ် ပေါင်း ၁၆ မြို့ နယ်ရှိပြီး လောင်းကစားမှု၊ လက် နက်ပုန်းမှု၊ ယစ်မျိုးမှု၊ ပြည့်တန် ဆာမှု၊ မူးယစ်ဆေးဝါးမှု၊ ကျင့် ၅၄ မှု၊ ရဲအက်မှု၊ ဆင်ဆာမှု၊ ခြေ ချုပ်မှုများ အများဆုံးကျူးလွန် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

‘‘အဖြစ်များတဲ့ နေရာတွေဆို တာက ဈေးကြီးတွေရှိတဲ့နေရာ တွေဆို ခါးပိုက်နှိုက်၊အလစ်သုတ် တာတွေများတယ်။ အရက်ဆိုင် တွေကျတော့ ရန်ဖြစ်တာများ တယ်။ ညဘက်ကလပ်လိုနေရာ တွေကျတော့ ရန်ဖြစ်တာများ တယ်။ အမှုကြီးတော့ နေရာခန့် မှန်းလို့မရဘူး၊ မရည်ရွယ်ဘဲအဖြစ်များတယ်’’ဟု တိုင်းဒေသကြီးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း မှုခင်း အဖြစ်များသည့် မြို့နယ်အများ စုမှာ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာ ရွတ်၊ အင်းစိန်၊ တာမွေ၊ မင်္ဂလာ ဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ ဒလ၊ တွံတေး၊ တိုက်ကြီး၊ ထန်း တပင်၊ မှော်ဘီ၊ လှည်းကူးစသည့် မြို့နယ်များတွင် ဖြစ်ပွားမှုများ ကြောင်း သိရသည်။

‘‘သုံးနှစ်အတွင်း သိသိသာ သာတက်လာတဲ့ အမှုတွေက တော့ လူသတ်မှု၊ ဓားပြမှုနဲ့ လု ယက်မှုတွေများလာတယ်။ ဒီ အတွက်လည်း မှုခင်းဖြစ်ပွားတတ် တဲ့ မြို့နယ်တွေမှာ ကြိုကာအမှု တွေအပြင် ညပိုင်းယာဉ်စစ်လုပ် ငန်းတွေလုပ်တယ်။ အခုဆိုအထက် လူကြီးတွေတောင် စက်ဘီးစီးပြီး လိုက်ပတ်စစ်တယ်’’ဟု မြို့နယ် အချို့မှ စခန်းမှူးများက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ပြေး လေးပြေးတရားခံများကို ရန်ကုန် အရှေ့ပိုင်းခရိုင်တွင် အများ ဆုံးဖမ်းဆီးရမိထားပြီး ယခုနှစ် အတွင်း ဖမ်းဆီးရန် တရားခံ ၅၀၀ ကျော် ကျန်ရှိပြီး ဖမ်းဆီးရမိသော တရားခံပြေးစာရင်းမှာ ၂၀၁၁ တွင် ၁,၅၁၁ ဦး၊ ၂၀၁၂ တွင် ၁,၅၁၉ ဦး၊ ၂၀၁၃ တွင် ၁,၅၂၀ ဦး နှင့် ၂၀၁၄ တွင် ၁,၈၈၄ ဦး အများဆုံး ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment