Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 17, 2015

သီလရှင်ဝတ်မယ်ဆိုတာ ကိုယ့်အတွက် အကြီးမားဆုံး အလှူပါလို့ ဖွင့်ဟလိုက်တဲ့ ဘေဘီမောင်

Photo model ကတစ်ဆင့် အနုပညာလောကထဲ ၀င်ရောက်လာခဲ့ချိန်မှာ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း post တွေနဲ့ပရိသတ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဘေဘီမောင်ဟာ ခုဆိုရင် ဒုတိယ မင်းသမီးနေရာ၊ ခေါင်းဆောင် မင်းသမီးတစ်ယောက်နေရာကနေပါ ဇာတ်ကားတွေ စတင်ရိုက်ကူးနေပါပြီ။ ဒါ့ကြောင့် သူမနဲ့ တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်လိုက်တဲ့အခါမှာတော့ သူမက “ညီမ ခေါင်းဆောင်မင်းသမီးအနေနဲ့စရိုက်နေပါပြီ။ ၅ ကားလောက် ရှိပြီ။ အပြိုင်ကတော့ ညီမကြိုက်တဲ့ ကာရိုက်တာ၊ စိတ်ဝင်စားတဲ့ ကာရိုက်တာတွေဆို ရိုက်ဖြစ်တယ်။ ခေါင်းဆောင်က ၅ ကားရှိပြီ။ အပြိုင်ကားလေးတွေနဲ့ပေါင်းရင် ကား ၂၀ လောက်ရှိပြီ။ အခုကို မိုးအောင်ရင်နဲ့ အာရွှီးတဲ့ကိုကို ဆိုတဲ့ ကားလေး ရိုက်နေတယ်။ နောက် ဒီကားပြီးရင်လဲ မင်းသားကြီးတွေနဲ့ကားတွေ ဆက်ရိုက်ဖို့ရှိတယ်။ နောက်ပြီးတော့ ဘေဘီမောင် ဒီလထဲမှာပဲ ဦးနိုင်နဲ့ရိုက်ထားပြီးသား ကားလေးတွေ ထွက်ဖို့ရှိပါတယ်”တဲ့။ ဒါ့အပြင် သူမဟာ မယ်သီလရှင်ဝတ်ဖို့စဉ်းစားထားတယ်လို့လဲ သိရတာကြောင့် သူမကို မေးကြည့်လိုက်ချိန်မှာတော့ “ဘုရား၊ တရားနဲ့ပတ်သတ်ပြီး ဗုဒ္ဒဘာသာ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် ဘုရားတရားနဲ့ပတ်သတ်ပြီး တစ်ခါမှ မလုပ်ဖူးသေးလို့ပါ။ ဘုရား ၊ တရားကိုလဲ ကိုင်းရှိုင်းရမယ်။ လောကဓံကိုလဲ ကိုယ်က အများကြီးခံခဲ့ရတယ်။ အဲ့ဒီမှာ စဉ်းစားမိတာက ငါရှေးဘ၀တုန်းက ကောင်းမှုကုသိုလ် မလုပ်ခဲ့လို့ဒီဘ၀မှာ မယ်သီလရှင် ၀တ်ပြီး တရားဘာဝနာလေး ကျင့်ပွားမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပါ။ သီလရှင်ဝတ်မယ်ဆိုတာ ဘေဘီမောင်အတွက် အကြီးမားဆုံး အလှူပေါ့နော်။ ကျန်တဲ့ ပရဟိတကတော့ တကယ့်ဝေးလံတဲ့ နေရာဒေသထဲမှာ ငွေအားနဲ့ရောလူအားနဲ့ရော၊ ဖြစ်နိုင်ရင် ဦးကျော်သူဆီမှာပါ အခေါင်းသယ်တာမျိုးလဲ လုပ်ချင်ပါသေးတယ်”လို့ သူမက ဆိုသွားပါတယ်။
Trend Myanmar

No comments:

Post a Comment