Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 26, 2015

သီလဝါ အထူးစီးပွားရေးဇုန် ရှယ်ယာဈေးနှုန်းများ ထက်ဝက်ခန့် ခုန်တက်

Myanmar Business Place
သီလဝါအထူးစီးပွားရေးဇုန် ရှယ်ယာများကို လက်ရှိ အရောင်း အဝယ် ပြုလုပ်ရာတွင် ရှယ်ယာတစ်စု လျှင် ကျပ် ၂ဝ,ဝဝဝ ခန့်နှင့် အရောင်း အဝယ်ပြုလုပ်နေကြောင်း မြန်မာ သီလဝါအများပိုင်ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဟန်က ပြောသည်။
အဆိုပါ သီလဝါအထူးစီးပွား ရေးဇုန်၏ ကနဦး အစုရှယ်ယာ ၂ ဒသမ ၁၄၅ သန်းကို အစုရှယ်ယာ တစ်ခုလျှင် ကျပ် ၁ဝ,ဝဝဝ နှုန်းဖြင့် ၂ဝ၁၄ ခုနှစ်၊ မတ်လ ၃ ရက်မှ ဧပြီလ ၉ ရက်အထိ ရောင်းချပေးခဲ့ပြီး ဝယ် ယူရန် အဆိုပြုသူ ၁၇,ဝဝဝ ကျော်မှ အစုရှယ်ယာပေါင်း လေးသန်းကျော် ကို ဝယ်ယူရန် အဆိုပြုလာသည့် အတွက် ရှယ်ယာပိုမိုဝယ်ယူလိုသည့် Over subscription ပမာဏမှာ အစုပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

”အခုအရောင်းအဝယ်လုပ်ချင် တဲ့သူတွေကို ကျွန်တော်တို့ ကုမ္ပဏီ က ဖွင့်ထားတဲ့ OTC Market ကနေ လုပ်ပေးနေပါတယ်။ အခု အချင်းချင်း အရောင်းအဝယ် လုပ်နေတာတော့ တစ်စုကို ကျပ် ၂ဝ,ဝဝဝ အထိ ဈေးပေါက်တယ်”ဟု ဦးသိန်းဟန်က ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ အစုရှယ်ယာ သက်သေခံလက်မှတ် များကို အရောင်းအဝယ် ပြန်လည် ပြုလုပ်နိုင်ရန်အတွက် Over the Counter Market-OTC ဈေးကွက် စင်တာကို ၂ဝ၁၄ ခုနှစ်၊ အောက်တို ဘာလဆန်း၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ လက်ရှိ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်း ထားသည့် ကုမ္ပဏီများတွင် အမေ ရိကန်နိုင်ငံမှ စားသောက်ကုန် လုပ် ငန်းများအတွက် ပုလင်းခွံ၊မုန့်သံဘူး ခွံများ ပြုလုပ်သည့် Ball ကုမ္ပဏီ၊ ကားအပိုပစ္စည်း ထုတ်လုပ်မည့် SUZUKI ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ သံမဏိစက်ရုံလုပ်ငန်း ကုမ္ပဏီ Millcom ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း ၃၈ ခုမှ ရင်းနှီးမြှုပ်နှံ ရန် သဘောတူထားကြောင်း သိရ သည်။

”အခု အပိုင်း (၁) က လမ်းပိုင်း တည်ဆောက်မှုတွေက ၆ဝ ရာခိုင် နှုန်းလောက်ပြီးပြီ။ အပိုင်း (၂) က တော့ ၃ဝ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ အခုရင်းနှီးမြှုပ်နှံဖို့ သဘောတူထားတဲ့ကုမ္ပဏီ ၃၈ ခုမှာ ခြောက်ခုက စက်ရုံတွေ စဆောက်နေ ပြီ။ ဒီနှစ် အောက်တိုဘာလလောက် ဆို စက်ရုံလည်ပတ်မှုတွေ စတင်နိုင် ပြီ”ဟု ဦးသိန်းဟန်က ပြောသည်။

အထူးစီးပွားရေးဇုန် မြေငှား ရမ်းခကို တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၇ဝ နှုန်း သတ်မှတ်ထားပြီး စက်မှုဇုန်မြေငှားရမ်းမည့် ကုမ္ပဏီ များအနေဖြင့် ခြောက်လအတွင်း စီးပွားဖြစ်လုပ်ငန်းများကို စတင် မလည်ပတ်နိုင်ပါက ပြန်လည် မြေ သိမ်းယူသွားမည်ဟု သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် တွင် ခွဲခြားပြီး သတ်မှတ်ထားသည့် Free Zone Industry လုပ်ငန်းများ အတွက် အခွန်ကင်းလွတ်ခွင့် ခုနစ် နှစ်ရရှိမည်ဖြစ်ပြီး Promotion Zone လုပ်ငန်းများအတွက် အခွန်ကင်း လွတ်ခွင့် ငါးနှစ်ရရှိမည် ဖြစ်ကြောင်း သိရသည်။

”အထူးစီးပွားရေးဇုန် ရှယ်ယာ က တခြားအများပိုင် ကုမ္ပဏီတွေလို တစ်နှစ်ပြည့်ရင် အမြတ်ဘယ်လောက် ခွဲဝေပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။ အမြတ်ရလည်း လုပ်ငန်းထဲကိုပဲ ရင်းနှီး မြှုပ်နှံမှု တိုးလုပ်မှာ။ Commons ရှယ်ယာ အမျိုးအစားဖြစ်တဲ့အတွက် ရှယ်ယာအမြတ်ရရင်ရသလို ခံစား ရမယ်”ဟု သီလဝါအထူးစီးပွားရေး ဇုန်၏ ရှယ်ယာများကို ဝယ်ယူထား သည့် ဦးကြည်အောင်က ပြော သည်။

အထူးစီးပွားရေးဇုန်တွင် စက်မှု လုပ်ငန်းများ စတင်ပါက လျှပ်စစ်မီး အပြည့်အဝရရှိစေရန်အတွက် မဂ္ဂါဝပ် ၅ဝ ရှိသည့် သီးသန့် ဓာတ်အားလိုင်း တစ်ခုကို တည်ဆောက်နေကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံ ကိန်းတွင် ဂျပန်နိုင်ငံ JICA မှ ၁ဝ ရာခိုင်နှုန်းနှင့် မစ်ဆူဘီရှီ၊ ဆူမီတိုမို နှင့် မာရူဘီနီစသည့် ဂျပန်ကုမ္ပဏီ သုံးခုမှ ၃၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ထားပြီး မြန်မာအစိုးရက စီမံကိန်း၏ ရှယ်ယာ ၁ဝ ရာခိုင်နှုန်းနှင့် အများပိုင် ကုမ္ပဏီကြီးကိုးခုဖြင့် ဖွဲ့စည်းထား သည့် Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်းဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ဖြိုးလွင်အောင်

- See more at: http://www.thetradetimesmedia.com/?p=11986#sthash.YOS8Rnik.dpuf

News Credit: The Trade Times Media
Photo Credit: Internet

No comments:

Post a Comment