![]() |
| လျော်ကြေး မယူဘဲ ခြံစည်းရိုး ခတ်လို့ အငြင်းပွား |
လျော်ကြေး မယူဘဲ ခြံစည်းရိုး ခတ်ထားတဲ့ နားမှာ မနက် စောစော က ဘူဒိုဇာနဲ့ မြေကော် ရာက စပြီး ရွာသား တွေနဲ့ အချင်းများ ခဲ့ကြ တာပါ။
နေ့ခင်းမှာလည်း တကြိမ် ပြန် ခိုက်ရန် ဖြစ်ပွား ခဲ့ပါတယ်။
ရွာသား တွေ ဘက်က ညှိနှိုင်းမှု မပြေလည် သေးတဲ့ မြေတွေပေါ် မြေညှိတာတွေ မလုပ်ဖို့ တားမြစ် ရာက စတင် တင်းမာ ခဲ့ကြတယ်လို့ သိရပါတယ်။
ရဲက လေးခွနဲ့ စပစ်ရာ က နှစ်ဘက် အပြန် အလှန် ပစ်ခတ် လို့ ရွာသား ၂ ဦး မျက်နှာ တွေမှာ ဒဏ်ရာရ သွားကြ တယ်လို့ ဆည်တည်း ရွာက ဆရာတော် ဦးနန္ဒာ စာရ က ပြောပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150210_letpadaung_clashes

No comments:
Post a Comment