Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 12, 2015

ကျောက်မဲ ရထားတိမ်းမှောက် နိုင်ငံခြားသား၂ ဦးဒဏ်ရာရ


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အနီးမှာ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၁ နာရီခွဲလောက်က ရထားတစီး မတော်တဆ တိမ်းမှောက်ပြီး နိုင်ငံခြားသူ အမျိုးသမီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးသောင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“လားရှိုးကနေ မန္တလေးကို ထွက်ခွာလာတဲ့ အစုန်ရထားပါခင်ဗျ။   ကျောက်မဲမြို့ အ၀င်နားမှာ ဒီအက်ဖ် – ၂၀၄၉  စက်ခေါင်းရဲ့အနောက်က တွဲလေးတတွဲတည်း မှောက်ပါတယ်။   နိုင်ငံခြားသူ ၂ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာက ကြီးကြီးမားမား မရှိပါဘူး။ သူတို့ကို ကျောက်မဲ လူမှုကူညီရေး အသင်းက ဆေးရုံပို့ပေးတာ။ အခု သူတို့ အရုဏ်ဦးတည်းခိုခန်းကို ပြန်ရောက်နေပါပြီ” လို့ ပြောပါတယ်။

ဒဏ်ရာရသူ ၂ ဦးမှာ အသက် ၃၂ နှစ်ရှိ ပြင်သစ်အမျိုးသမီးနဲ့ အသက် ၃၇ နှစ်ရွယ် ထိုင်ဝမ် အမျိုးသမီးတဦးတို့ ဖြစ်ကြပြီး တဦးက ၀မ်းဗိုက်နဲ့ တဦးက ဒူးခေါင်းမှာ အနည်းအကျဉ်း ဒဏ်ရာရခဲ့တာလို့  ကျောက်မဲရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ရထားမတော်တဆတိမ်းမှောက်ရခြင်းအကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/81286

No comments:

Post a Comment