Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 27, 2015

Facebook နှင့် Instagram ကို တိုက်ခိုက်ရန် ဟက်ကာများ ကြေငြာ


Xbox, Play Station နှင့် Malaysia Airline တို့ကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့သည် လူမှုကွန်ယက် website များကိုပါ တိုက်ခိုက်ရန် ကြေငြာခဲ့ပါတယ်။ Facebook, Tinder နှင့် Instagram တို့ အပါအဝင် အခြားသော website များကို ခေတ္တခဏ ပိတ်ပစ်လိုက်ပြီး တစ်ကမ္ဘာလုံးရှိ အသုံးပြု သူများ log in ဝင်မရအောင် လုပ်ခဲ့ပါတယ်။
 US ၊ UK ၊ အာရှနှင့် သြစတြေးလျ တို့ရှိ Facebook အသုံးပြု သူများသည် ရုတ်တရတ် ပိတ်ကျသွားသော ကမ္ဘာအကြီးမားဆုံး လူမှုကွန်ယက်ကြီးကို အစမှာတော့ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ Facebook အပိုင်ဖြစ်သည့် Instagram အသုံးပြု သူများကို twitter စာမျက်နှာမှ တောင်းပန်စာ များပြောကြား ခဲ့ရပါတယ်။ AIM နှင့် Hipchat  တို့မှာလည်း ထိုနည်းတူ ဖြစ်ပွား ခဲ့ပါသေးတယ်။
 ပုံမှန်ပြန်လည် မလည်ပတ်နိုင်မီ တစ်နာရီလောက် အကြာအတွင်း Facebook မှ မည်သည့်ကြေငြာချက်မှ ချက်ချင်း မထုတ်ပြန်နိုင်ခဲ့ပါဘူး။ များမကြာမီကပင် Lizard Squad Hacking group မှ Christmas Day attack on Play Station and Xbox Live Service ဟု Twitter တွင် ကြေငြာပြီး ပြသနာ များ ရှာခဲ့ ပါသေးတယ်။ 
ထို့အဖွဲ့ဝင်တစ်ဦးက ထို Christmas နေ့တွင် ပြုလုပ်ခဲ့သော ကိစ္စရပ်များမှာ ရူးနေတဲ့လူတွေ အားလုံး အတွက် လုပ်ခဲ့တာပါလို့ Sky News ကို ပြောကြားခဲ့ ပါသေးတယ်။ ယခုအခါတွင်လည်း ထိုအဖွဲ့သည် Twitter ကို ကြို တင်ပြင်ဆင် ထားရန် သတိပေးခဲ့ပါတယ်။

Credit : http://news.sky.com

No comments:

Post a Comment