Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 20, 2015

ထိုင္းတြင္ ခရီးသည္တင္ကားေမွာက္၊ ျမန္မာ ၂ ဦးေသ ၁၁ ဦး ကုသမႈခံယူ


ထိုင္းႏိုင္ငံ ေျမာက္ပိုင္းမွာ မေန႔မနက္က ျမန္မာ အလုပ္သမားေတြ စီးနင္းလာတဲ့ ခရီးသည္ တင္မွန္လံုကား မေတာ္တဆ ျဖစ္မႈၾကာင့္ ကားေပၚပါ ဇနီးေမာင္ႏွံ  ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ေတြကို ေဆး၀ါး ကုသေန ပါတယ္။

အဲဒီကားဟာ ဖဟြန္ယိုးထင္းလမ္းမႀကီးေပၚမွာ ကားဘီးေပါက္ၿပီး သစ္ပင္တပင္ကို အရွိန္နဲ႔ ၀င္တိုက္မိ တာလို႔ ကမ္ဖိုင္ဖစ္ခရိုင္ ခေလာင္းခလုန္ၿမိဳ႕နယ္ရဲစခန္းက ရဲအုပ္က ေျပာပါ ဆိုတာကို ထိုင္းရတ္သတင္းက ေရးပါတယ္။

သူတို႔အားလံုး ျမန္မာအလုပ္သမားေတြ ျဖစ္ၿပီး ဘန္ေကာက္ကေန မဲေဆာက္ကိုအျပန္  လမ္းမွာ ကားဘီး ေပါက္ၿပီး အရွိန္မထိန္းႏိုင္ေတာ့ဘဲ လမ္းေဘးက သစ္ပင္ကို ၀င္တိုက္မိခဲ့တာ လို႔ ဆိုပါတယ္။ အသက္ ၃၀ အရြယ္ ခင္ပြန္းသည္အမ်ဳိးသားက ေနရာတင္ ေသဆုံးၿပီး ဇနီးသည္က ေဆးရုံေရာက္မွ ေသဆုံးခဲ့တာျဖစ္ပါတယ္။

ခေလာင္းခလုန္ၿမိဳ႕နယ္ရဲစခန္းက ရဲအုပ္ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားေရးသားထားတဲ့ သတင္းမွာ ကားေရွ႕ပိုင္းဟာ သစ္ပင္ထဲ တိုး၀င္ေနၿပီး ေသဆံုးသူ အသက္ ၃၀ အရြယ္ အမ်ိဳးသားတဦးရဲ႕ အေလာင္းကို ခဲရာခဲဆစ္ ဆြဲထုတ္ခဲ့ရတယ္လို႔ဆိုပါတယ္။ ယာဥ္ေမာင္းသူ အပါအ၀င္ ခရီးသည္ ၁၂ ဦး ဒဏ္ရာ ရရွိေၾကာင္း၊ ၃ ဦး ဒဏ္ရာ ျပင္းထန္ၿပီး အားလံုးဘဲ  ၿမိဳ႕နယ္ ေဆးရံုႀကီးကို ပို႔ေဆာင္ထားတယ္လို႔ ဆိုပါတယ္။

ေသဆုံးသူ အမ်ဳိးသားရဲ႕ ဇနီးသည္ကေတာ့ ဒဏ္ရာျပင္းထန္သူ ၃ ဦးထဲမွာပါ၀င္ၿပီး ခေလာင္းခလုန္ၿမိဳ႕နယ္ဆးရုံေရာက္မွ ထပ္မံေသဆုံးခဲ့တာျဖစ္တယ္လို႔ ထိုင္းမန္ေနဂ်ာအြန္လိုင္းသတင္းက ေဖာ္ျပပါတယ္။

ရဲက အသက္ ၃၅ ႏွစ္ရွိ ယာဥ္ေမာင္းသမား ႏိုင္းက်မ္းနုန္း ႏြန္းနဖားကို ေပါ့ဆမႈ၊ သူတပါးကို ထိခိုက္ေသေက်ေစမႈေတြနဲ႔ အေရးယူမွာျဖစ္ပါတယ္။

By ဒီဗီြဘီ
http://burmese.dvb.no/archives/77729
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မနေ့မနက်က မြန်မာ အလုပ်သမားတွေ စီးနင်းလာတဲ့ ခရီးသည် တင်မှန်လုံကား မတော်တဆ ဖြစ်မှုကြာင့် ကားပေါ်ပါ ဇနီးမောင်နှံ  သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တွေကို ဆေးဝါး ကုသနေ ပါတယ်။

အဲဒီကားဟာ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ကားဘီးပေါက်ပြီး သစ်ပင်တပင်ကို အရှိန်နဲ့ ဝင်တိုက်မိ တာလို့ ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန်မြို့နယ်ရဲစခန်းက ရဲအုပ်က ပြောပါ ဆိုတာကို ထိုင်းရတ်သတင်းက ရေးပါတယ်။

သူတို့အားလုံး မြန်မာအလုပ်သမားတွေ ဖြစ်ပြီး ဘန်ကောက်ကနေ မဲဆောက်ကိုအပြန်  လမ်းမှာ ကားဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်မိခဲ့တာ လို့ ဆိုပါတယ်။ အသက် ၃ဝ အရွယ် ခင်ပွန်းသည်အမျိုးသားက နေရာတင် သေဆုံးပြီး ဇနီးသည်က ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်ပါတယ်။

ခလောင်းခလုန်မြို့နယ်ရဲစခန်းက ရဲအုပ်ရဲ့ ပြောကြားချက်ကို ကိုးကားရေးသားထားတဲ့ သတင်းမှာ ကားရှေ့ပိုင်းဟာ သစ်ပင်ထဲ တိုးဝင်နေပြီး သေဆုံးသူ အသက် ၃ဝ အရွယ် အမျိုးသားတဦးရဲ့ အလောင်းကို ခဲရာခဲဆစ် ဆွဲထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။ ယာဥ်မောင်းသူ အပါအဝင် ခရီးသည် ၁၂ ဦး ဒဏ်ရာ ရရှိကြောင်း၊ ၃ ဦး ဒဏ်ရာ ပြင်းထန်ပြီး အားလုံးဘဲ  မြို့နယ် ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသားရဲ့ ဇနီးသည်ကတော့ ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲမှာပါဝင်ပြီး ခလောင်းခလုန်မြို့နယ်ဆးရုံရောက်မှ ထပ်မံသေဆုံးခဲ့တာဖြစ်တယ်လို့ ထိုင်းမန်နေဂျာအွန်လိုင်းသတင်းက ဖော်ပြပါတယ်။

ရဲက အသက် ၃၅ နှစ်ရှိ ယာဥ်မောင်းသမား နိုင်းကျမ်းနုန်း နွန်းနဖားကို ပေါ့ဆမှု၊ သူတပါးကို ထိခိုက်သေကျေစေမှုတွေနဲ့ အရေးယူမှာဖြစ်ပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment