Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

ကမ္ဘာ့အချမ်းသာဆုံး လူဦးရေ၏ တစ်ရာခိုင်နှုန်း သည် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ ကြွယ်ဝချမ်းသာမှု၏ ထက်ဝက်ကို ပိုင်ဆိုင်ရာနိုင်ဖွယ်ရှိ







ကမ္ဘာပေါ်ရှိ လူဦးရေ တစ်ရာခိုင်နှုန်း သည် လာမည့် ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာ့ကြွယ်ဝ ချမ်းသာမှု၏ 
ထက်ဝက်ကျော်ကို ပိုင်ဆိုင် လာနိုင်မည် ဖြစ်ကြောင်း ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ လူမှုရေး အသင်းကြီး တစ်ခုဖြစ်သည့် Oxfam က ထုတ်ပြန် ခဲ့သည်။

လူဦးရေ တစ်ရာခိုင်နှုန်း က ပိုင်ဆိုင်သော ကြွယ်ဝ ချမ်းသာမှု များသည် ၂ဝဝ၉ ခုနှစ်တွင် ၄၄ ရာခိုင်နှုန်းမှ ၂ဝ၁၄ ခုနှစ် တွင် ၄၈ ရာခိုင်နှုန်းအထိ မြင့်တက် လာကြောင်း Oxfam က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြား
ခဲ့ပြီး လက်ရှိနှုန်း အတိုင်း ဆက်လက် မြင့်တက်သွားမည် ဆိုပါက ကမ္ဘာ့ အချမ်းသာဆုံး လူဦးရေ၏ ချမ်းသာ ကြွယ်ဝမှုမှာ ၂ဝ၁၆ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းထိ မြင့်တက် လာနိုင်ကြောင်း ၄င်းအဖွဲ့ကြီး က ထပ်လောင်း ပြောကြား ထားသည်။

ထို့အပြင် မညီမျှမှုများ တစ်ဟုန်ထိုး ကြီးထွား လာခြင်းသည် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ လုပ်ဆောင် ချက်များကို နှောင့်နှေး စေလျက် ရှိကြောင်း လူမှု အသင်းကြီး၏ အမှုဆောင်  ညွှန်ကြားရေးမှူး ဝင်းနီဘရန်ရီမာ က ပြောကြား ခဲ့သည်။

အလားတူ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး လူ ၈ဝ ဦးသည် ကမ္ဘာ့ အဆင်းရဲဆုံး လူဦးရေ ၃ ဒသမ ၅ ဘီလီယံ က ပိုင်ဆိုင်ထားသော ကြွယ်ဝ ချမ်းသာမှုများကို ပိုင်ဆိုင် ထားကြောင်း ဖော်ပြချက်များ အရ သိရသည်။

World's richest one per cent will soon own same as poorest 99 per cent

#PyiChitThar

No comments:

Post a Comment