Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 30, 2015

မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ ဇန်န၀ါရီ ၃၀

၃၀.၁.၂၀၁၅ ရက်နေ့ ၀၃၀၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်သိဒ္ဓိ လမ်းမကြီးနှင့် အောင်သိဒ္ဓိကျောင်းလမ်းထောင့်ရှိ ဈေးဆိုင်ခန်း များတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါနေရာရှိ မရမ်းကုန်းမြို့နယ်နေ ဦးကျော်ထွေး(၅၀)နှစ်၏ ထမင်းဆိုင်မှ လျှပ်စစ်ဒါးမိန်းခလုတ်မှာ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ရာမှ ၎င်းထမင်းဆိုင် အပါအ၀င် ကုန်စုံဆိုင်၊ မော်တာပြုပြင်ရေးဆိုင်နှင့် ၎င်းဆိုင်ခန်းများ၏ အပေါ်ထပ်ရှိ အခန်းများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိပြည်သူများ၊ မီးသတ်ယာဉ်များနှင့် တာဝန်ရှိသူများ ရောက်ရှိမီးငြှိမ်းသတ်ခဲ့သဖြင့် ၀၃၅၂ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွား ခဲ့သည့် အတွက် ဦးကျော်ထွေးအား မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၅၆/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment