Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

မင်္ဂလာတောင်ညွန့် လူသတ်မှု နှစ်ပတ်ကြာချိန်အထိ လက်သည်မပေါ်သေး

ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် အမျိုး သမီးကြီးတစ်ဦးကိုသတ်ပြီး လက် ဝတ်ရတနာများ လုယူသွားသည့် အမှုမှ လူသတ်မှုကျူးလွန်သူများ ကို သီတင်းနှစ်ပတ်ကြာသည် အထိ ဖမ်းမမိသေးဘဲ မသင်္ကာ သူတရားခံများကိုသာ ခေါ်ယူစစ် ဆေးနေကြောင်း သတင်းရရှိ သည်။

‘‘မသင်္ကာတဲ့တရားခံတွေကို ရမန်ယူပြီး စစ်ဆေးနေဆဲပါ။ ကျွန်တော်တို့က တရားခံဘယ်သူ ဖြစ်နိုင်တယ်လို့ပြောလို့မရသေး ပါဘူး။ စစ်ဆေးနေဆဲပါ’’ဟု အ ရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီးမြင့်ထွေးက ဇန်နဝါရီ ၁၇ ရက် ညနေတွင် ပြောသည်။

လူသတ်မှုဖြစ်စဉ်မှာ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ (၁၂၃)လမ်း ရှိ တိုက်ခန်းလေးလွှာတွင် ဇန်နဝါ ရီ ၃ ရက် ညနေက အမျိုးသမီး ကြီးတစ်ဦး လက်နှစ်ဖက်ကြိုးတုပ် ၍ ပါးစပ်ကိုအဝတ်ဖြင့်ဆို့ကာ ခေါင်းကိုထုရိုက်ထားသည့် ဒဏ် ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

‘‘အရှေ့ပိုင်းခရိုင် ဒုစရိုက်နှိမ် နင်းရေးက ရဲအရာရှိတွေကိုယ် တိုင် ဒီအမှုကိုဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ နှစ်ပတ်ရှိပြီ လူသတ်သမားကို ဖမ်းမမိသေးပါ ဘူး’’ဟု နယ်မြေသတင်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူအနီးတွင် သွေး စွန်းနေသော သနပ်ခါးကျောက် ပျဉ်တစ်ခုတွေ့ပြီး အထက်ပါဒဏ် ရာများကြောင့် သေဆုံးခြင်းမ ဟုတ်ဘဲ အသက်ရှူကျပ်၍သေ ဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။

သေဆုံးခဲ့သော အမျိုးသမီး ကြီးထံမှ ရွှေငါးကျပ်သားခန့်ရှိ ဆွဲကြိုး၊ ဆွဲပြား၊ လက်စွပ်နှင့် လက်ကောက်နှစ်ကွင်းကို လူ သတ်သမားက ယူဆောင်သွားသည်။ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းနှင့်အရှေ့ပိုင်းခရိုင်ရဲစခန်းမှ လူသတ်မှုကျူးလွန်သူများကို စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းရ ရှိသည်။
http://7daydaily.com/story/29668#.VLuSb3s9THQ

No comments:

Post a Comment