CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 26, 2015
တောင်းပန်သည် ဆိုသည့် စကားမှလွဲကာ ဘာမှပြောချင်တော့ဟု အလှမယ် သျှားထွဋ်အိန္ဒြာ
ရန်ကုန် (မဇ္ဈိမ)။ ။ မယ်စကြဝဠာ ပြိုင်ပွဲ ၂၀၁၄-၁၅ ခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် သျှားထွဋ်အိန္ဒြာက ဆုများဖြင့် လွဲချော်ခဲ့သည့်အတွက် "တောင်းပန်ပါတယ်ဆိုတဲ့ စကားကလွဲလို့ဘာမှ မပြောလိုတော့ပါဘူး" ဟု ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင်
ရေးသားထားပြီး ယင်းစာအောက်တွင် ၎င်း၏ ပရိသတ်များမှ မှတ်ချက်ပြုစာများနှင့် အားပေးစာများကို ရေးသားထားသည်။
သျှားထွဋ်က ဆုများစွာဖြင့် လွဲချော်ခဲ့သော်လည်း ပရိသတ်များ၏ အားပေူမှုများစွာ ရရှိခဲ့ပြီး Miss Friendship ပေးပါက ရရှိမည်ဟု ပြိုင်ပွဲဝင် အလှမယ်များ၏ မှတ်ချက်ပြုခြင်းကို ရရှိခဲ့သူဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဒေါ်ရယ်ခရိုင်၊ မီယာမီမြို့တွင် ဇန်နဝါရီ ၂၅ရက် (မြန်မာ စံတော်ချိန် ဇန်ဝါရီ၂၆ ရက်နံနက် ၆နာရီခွဲက ကျင်းပခဲ့သည့် မယ်စကြာဝဠာ၂၀၁၄-၁၅ ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် မယ်စကြာဝဠာဆုကို ကိုလံဘီယာ အလှမယ်
ပေါလီနာဗီဂါက ရရှိခဲ့ပြီး အမေရိကန်မှ အလှမယ်က ဒုတိယဆု၊ ယူကရိန်း အလှမယ်က တတိယနှင့် နယ်သာလန်နိုင်ငံ အလှမယ်က စတုတ္ထ ရရှိခဲ့သည်။ အထူးဆုဖြစ်သည့် Congeniality ဆုကို နိုင်ဂျီးရီးယားနိုင်ငံအလှမယ်က ရရှိခဲ့ပြီး အကောင်းဆုံး ဓာတ်ပုံအလှဆုကို ပွာတိုရီကိုနိုင်ငံမှ ရရှိခဲ့ကာ အကောင်းဆုံးနိုင်ငံကိုစားပြု ရိုးရာဝတ်စုံဆုကို အင်ဒိုနီးရှား နိုင်ငံအလှမယ်က ရရှိခဲ့ခြင်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် တစ်လကျော်ကြာသွားရောက် ယှဉ်ပြိုင်ခဲ့သည့်
အလှမယ် သျှားထွဋ်အိန္ဒြာသည် ဇန်နဝါရီ ၁၈ ရက်တွင် နိုင်ငံ
ကိုယ်စားပြုဒေသထွက် လက်ဆောင်ပစ္စည်း လေလံရောင်းချသည့်
အစီအစဉ်တွင် ပုဂံခေတ်က နန်းတွင်း လှပျိုဖြူများ၏ ဆင်ယင် ထုံးဖွဲ့မှုကို သရုပ်ဖော်ထားသည့် မြန်မာ့လက်မှု အနုပညာ ပစ္စည်း နံရံချိတ် ရွှေချည်ထိုး ပန်းချီကားကို ဒေါ်လာ ၃၄၃ ဖြင့် ရောင်းချနိုင်ခဲ့ကာ ယင်းငွေဖြင့် ပရဟိတလုပ်ငန်းတွင် လှူဒါန်းခဲ့သည်။
မယ်စကြာဝဠာပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည် အလှမယ် သျှားထွဋ်အိန္ဒြာသည် ဇန်နဝါရီ ၂၉ ရက် တွင် အမေရိကန်နိုင်ငံမှ
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
Miss Universe ပွဲကို ၁၉၅၉ ခုနှစ်တွင် မြန်မာအလှမယ် ဒေါ်သန်းသန်းအေး၊ ၁၉၆၀ ခုနှစ်တွင် ဒေါ်မြင့်မြင့်မေနှင့် ၁၉၆၁ ခုနှစ်တွင် ဒေါ်မြင့်မြင့်ခင်တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/37846-2015-01-26-14-40-57
တောင်းပန်သည် ဆိုသည့် စကားမှလွဲကာ ဘာမှပြောချင်တော့ဟု အလှမယ် သျှားထွဋ်အိန္ဒြာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment